အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ Jimmy Carter တည်ထောင်ထားတဲ့ The Carter Center က မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်မှုတွေကို ကူညီနိုင်မယ့်နည်းလမ်းတွေရှာဖွေနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့ The Carter Center အဖွဲ့ရဲ့
အကြံပေးအရာရှိ Mrs. Sarah Levit- Shore နဲ့ ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုဌေးကြွယ်၊ ကိုပြုံးချို၊
ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော် တို့ ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်က တွေ
့ဆုံဆွေးနွေးတဲ့အခါမှာ Mrs. Sarah ရဲ့ ပြောဆိုချက်တွေကို ကိုဂျင်မီက RFA
ကို ပြန်ပြောပြပါတယ်။
