ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ဘုရားကြီးတောင်ခြေရင်းရှိ ကညင်တော (ရခိုင်)ဒုက္ခသည်စခန်းတွင် အိမ်သာ လုံလောက်မူ မရှိသဖြင့် အခက်ကြုံတွေ့နေကြရသည်ဟု ဒုက္ခသည်များက ပြောသည်။
ကညင်တော ဒုက္ခသည်စခန်းမှာ ယခင်က အိမ်ထောင်စု ၃၆ စုဆောင်ရှိခဲ့သော်လည်း နောက်ထပ် အိမ်ထောင်စု ၁၇ စု ထပ် တိုးလာရာမှ အိမ်သာ မလုံလောက်မူ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ဒုက္ခသည် တစ်ဦးက ဆိုသည်။