ပြီးခဲ့တဲ့
ဖေဖော်ဝါရီလဆန်းက ရွှေလီမှာ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်ပိုင်း
အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲတွေ
ထပ်ဖြစ်နေတယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။
ကေအိုင်အေ တပ်မဟာ ၄ နယ်မြေမှာ အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားပုံကို ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းက “တိုက်ပွဲကပြင်းပြင်းထန်ထန် မဖြစ်ပေမယ့် အစိုးရစစ်ကြောင်းလှုပ်ရှားမှုတွေ အမြဲရှိတယ်။ မနေ့က တပ်မဟာ ၄ တပ်ရင်း ၉ တပ်ဖွဲ့ဝင်တွေကို တပ်ရင်း ၃ ရင်း စစ်ကြောင်း ၃ ကြောင်းကနေ လိုက်ပြီးတော့ နောက်ကနေ လိုက်ရှင်းလင်းတဲ့ပုံစံလုပ်တယ်။ ဒါက ၃-၄ ရက်လောက်ကြာပါပြီ။ မနေ့ကတော့ ညနေ ၄ နာရီနဲ့ ၆ နာရီကြားမှာ ဘယ်လိုမှရှောင်လွှဲလို့မရဘဲ တိုက်ပွဲတော့ဖြစ်သွားတယ်။ ကျနော်တို့ဘက်ကတော့ ဒီကနေညွှန်ကြားထားတဲ့အတိုင်း အစိုးရတပ်နဲ့ ထိပ်တိုက်မဖြစ်အောင် တိုက်ပွဲတွေမဖြစ်အောင် ညွှန်ကြားထားတယ်။ ဒါပေမယ့် အစိုးရစစ်တပ်ကနေ လိုက်ပြီးတော့ နောက်က တကောက်ကောက်လိုက်တဲ့အခါမှာ ဘယ်လိုမှရှောင်လို့မရဘဲ တိုက်ပွဲ ၁ ပွဲဖြစ်သွားတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့က ရွှေလီမှာ တွေ့ဆုံဆွေးနွေးခဲ့စဉ်(ဓာတ်ပုံ- Wint Wint Htet Hlaing)