ဝါရှင်တန် ဖေဖော်ဝါရီ ၁၅
မြောက်ကိုရီးယား
အစိုးရသည် ၎င်းတို့၏ တတိယ အကြိမ် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခြင်းကြောင့်
နိုင်ငံ တကာ၏ ဖိအား ပေးခြင်းကို ခံနေရစဉ် အတောအတွင်း တာဝေးပစ် ဒုံးကျည်
တစ်စင်းကို လွှတ်တင်ရန် ကြိုတင် ပြင်ဆင်လျက် ရှိသည်ဟု အမေရိကန်
ကျွမ်းကျင်သူ အဖွဲ့ တစ်ဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။