ပုဂံ
ရောက် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေ အခုလအတွင်း ၃ ကြိမ်တိုင်
လုယက်ခံရပြီး ခရီးသည်တွေရဲ့ လုံခြုံရေးအတွက် သက်ဆိုင်ရာက
ထိထိရောက်ရောက် လုပ်ဆောင်မပေးဘူးလို့ စုံစမ်းသိရှိရပါတယ်။
ဖေဖော်ဝါရီ ၆ ၊ ၁၄ နဲ့ ၁၆ ရက်တို့မှာ လုယက်မှုတွေ ဖြစ်ပွားခဲ့ပြီး ၁၆ ရက်က ဖြစ်ပွားခဲ့တဲ့ လုယက်မှု တရားခံတွေကိုတော့ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး လုခံလိုက်ရတဲ့ ပစ္စည်းတွေကိုလည်း ကာယကံရှင် အင်္ဂလန်နိုင်ငံသူကို ပြန်ပေးလိုက်ပြီလို့ ပုဂံညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောပါတယ်။
လုံခြုံ ရေးအတွက် ဆောင်ရွက်ထားမှုအခြေအနေနဲ့ပတ်သက်ပြီး သူက “တော်တော်တော့ခက်တယ်။ ပြောဖို့က ခွကျတယ်။ ဒါကလုံခြုံရေးကိစ္စဆိုတော့လေ။”