၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၆ရက်တွင်
အင်းလေးဖောင်တော်ဦး ကျောင်းတော်မှ အင်းထိန်ကြေးပေါခုန်ကျောင်း၊ ၁၇ ရက် အင်းတိန်စံ ကျောင်းနှင့် ဟဲယာရွာမကျောင်း၊ ၁၈ ရက် ဟဲယာရွာမကျောင်း၊ ၁၉ ရက် ငါးဖယ်ချောင်းကျောင်း၊ ၂၀ ရက် ကြေးစားကျောင်း၊ ၂၁ ရက် ပွဲစား ကုန်းကျောင်းနှင့် လင်းကင်းကျောင်း၊ ၂၂ ရက်၊ ၂၃ ရက်၊ ၂၄ ရက်များတွင် ညောင်ရွှေကျောင်းတော်၊ ၂၅ ရက် နမ့်သဲကျောင်းနှင့် မိုင်းသောက်ကျောင်း၊ ၂၆ ရက် သလဲဦးကျောင်း၊၂၇ ရက် ကေလာကျောင်းနှင့် ဇရပ်ကြီးကျောင်း၊ ၂၈ ရက် ဘုရားပေါက်ကျောင်းနှင့် နမ့်ပန်ကျောင်း၊ ၂၉ ရက် မန်ကျည်း ဆိပ်ကျောင်းနှင့် ကျိုင်းခမ်းကျောင်း၊ ၃၀ ရက် မိုင်းပျိုးကျောင်း၊ ၃၁ ရက် နောင်တောကျောင်း၊ နိုဝင်ဘာလ ၁ ရက် အင်းပေါခုန်ကျောင်းနှင့် ရေ သာကျောင်းများသို့ အစဉ်လိုက် လှည့်လည် အပူဇော်ခံမည်ဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျောင်း တော်သို့ ပြန်လည်ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။
စုစုပေါင်း ၂၁ ဌာနသို့အပူဇော် ခံလှည့်လည် ကြွချီမည်ဖြစ်ရာ ချောင်းကျဉ်းသောဌာနများသို့ ကရ၀ိက်ဖောင်တော် အငယ်ဖြင့်လည်းကောင်း၊ ချောင်းကျယ်နှင့် အင်းလေးကန်ရေပြင်ကျယ်တစ်လျှောက်တွင် ကရ၀ိက်ဖောင်တော် အကြီးဖြင့်လည်းကောင်း၊ ဆွမ်းကပ်လှေ၊ စည်တော်လှေ၊ ရေ ယာဉ်ယိမ်းအဖွဲ့လှေ၊ ဓမ္မစကြာလှေ၊ မတ်တပ်ရပ်၍ ခြေထောက်ဖြင့်လှော်ခတ်သည့် ၄၆တက်ဆွဲလှေ၊ တစ်စင်းလျှင် လှေလှော်သားတစ်ရာကျော်ပါ သည့် ရာကျော်ဆွဲလှေ အစီးပေါင်း ၂၀ မှ ၄၀ အထိ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့သတင်း
No comments:
Post a Comment