၄၀၀ ကျော် ဖြင့်လည်းကောင်း ကျင်းပသွားမည်ဟု သိရသည်။
ပြခန်းပေါင်း ၁၄၀၀ ကျော်အထိ ပါဝင်ပြသရောင်းချမည်ဖြစ်ပြီး လက်ငင်း၊ အရစ်ကျ၊ ဘဏ်ချေးငွေစနစ်များဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် အိမ်စီးကားမျိုးစုံ၊ လုပ်ငန်းသုံးကားမျိုးစုံ၊ ဘတ်စ်ကား၊ ယန္တရားနှင့် လုပ်ငန်းသုံး ယာဉ်ကြီးများကို ရောင်းချမည်ဖြစ်ပြီး ဆက်စပ် ပစ္စည်းများဖြစ်သည့် ကားဘက်ထရီ၊ ကားတာယာ၊ စက်ဆီချောဆီအမျိုးမျိုး၊ အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများပါ ထည့်သွင်းရောင်းချမည်ဟု သိရသည်။
အမေရိကန်၊ ဥရောပ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ကားများအား အဓိကပြသ ရောင်းချမည်ဟု သိရသည်။
ပါဝင်ပြသလိုသူများအနေဖြင့် ပြပွဲဦးဆောင်ကျင်းပသည့် Smart Business Group ဖြင့် ဆက်သွယ်နိုင်ပြီး ပြခန်းငှားရမ်းခမှာ တစ်ခန်းလျှင် အနည်းဆုံး ကျပ် ၄ သိန်းခွဲမှ ကျပ် ၈ သိန်းခွဲအထိ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့သတင်း
No comments:
Post a Comment