င် သတင်းထောက်များကို တရားရုံးအတွင်းသို့ ၀င်ရောက်ခြင်းမပြုရန် တာမွေမြို့နယ် တရားရုံးမှ တာဝန်ရှိသူအချို့က ပြောကြားခဲ့သော်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်မှ သတင်းထောက်များကို ၀င်ရောက်ခွင့်မပြုပါက ၎င်းအနေဖြင့်ပါ တရားရုံးအတွင်းသို့ ၀င်ရောက်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သဖြင့် သတင်းထောက်များပါ တရားရုံးအတွင်း ၀င်ရောက် သတင်းရယူ ခွင့်ရရှိခဲ့သည်။
ပြီးခဲ့တဲ့အပတ်က မန္တလေးမှာ တရားစီရင်ရေး မဏ္ဍိုင်ယိမ်းယိုင်နေတာတွေ ရှိတယ်ဆိုလို့ သွားရာ ဟိုရောက်တော့ တရားရေးမဏ္ဍိုင်က ယိမ်းယိုင်ရုံတင် မဟုတ်ဘူး။ လုံးဝပြိုကျနေတာ တွေ့ရကြောင်း ဦးသိန်းညွှန့်က ပြောဆိုခဲ့သည်။
အမှုဖြစ်တာ ၁၁ လ၊ ကိုးလတို့ ကြာသွားပြီ၊ စွဲချက်မတင်ရသေးတာတွေ၊ မိသားစုတစ်စုလုံး အဖမ်းခံထားရတယ်။ ကလေးတွေပါ ပါတယ်။ အဲဒါမျိုးကတော့ အဖမ်းခံထားရတဲ့ သူတွေရဲ့ တင်ပြချက်က အချက်အလက်မှန်လား အရင်လေ့လာရမယ်။ မှန်ရင် တစ်မိသားစုလုံး အဖမ်းခံရတာ တရားမျှတရဲ့လား မေးခွန်းထုတ်ရမယ်။ တရားစီရင်ရေးမှာ တရားမျှတဖို့ အဓိကကျပါတယ် ဟု ဦးသိန်းညွှန့်က ပြောဆိုခဲ့သည်။
ကော်မတီအနေဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် အရှေ့ပိုင်း ခရိုင်တရားရုံးကို သွားရောက်ခဲ့ကြပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်သို့ သွားရောက်ကြမည်ဖြစ်သည်။
မြန်မာ့သတင်း
No comments:
Post a Comment