မြန်မာပြည်မှာ
ပုံနှိပ်နဲ့ အသံလွှင့်မီဒီယာလုပ်ငန်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်ကို
သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ သဘောထားမှတ်ချက်နဲ့ ခွင့်ပြုမယ်လို့
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဇန်န၀ါရီ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အမိန့်ကြေညာချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ စီးပွားရေးလုပ်ငန်းအမျိုးအစားတွေ ဖော်ပြထားပါတယ်။