ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

7 November 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဖွဲ့  ဥပဒေ

(24) Own Region Government Law ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရုံး

အိုဘားမားအနိုင်ရရှိမှု မြန်မာအပေါ် သက်ရောက်မှုရှိမည်ဟုဆို


အမေရိကန်ပြည်ထောင်စု သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ အိုဘားမား အနိုင်ရရှိသွားတာဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ အပြောင်းအလဲကို အထောက်အပံ့ ဖြစ်စေမယ်လို့ နိုင်ငံရေးသမားတွေ၊ သတင်းစာဆရာတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက ပြောပါတယ်။
ပြန်လည်ရွေးချယ်ခံရသည့် အမေရိကန် သမ္မတ အိုဘားမား (ဓာတ်ပုံ- ရိုက်တာ)
ဝါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်က “အပြောင်းအလဲလုပ်တယ်ဆိုပြီး

တရားစီရင်ရေးဥပဒေ ပြင်ဆင်ရန် ဦးသိန်းညွန့်ကို တာဝန်ပေး


ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေနဲ့ အဆင့်ဆင့်သော တရားသူကြီးတွေဟာ အချုပ်ခန်း၊ အကျဉ်းထောင်နဲ့ ရဲဘက်စခန်းတွေကို သွားရောက်စစ်ဆေးတာ ရှိမရှိ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။
တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က “တရားသူကြီးတွေအနေနဲ့ သွားရောက် စစ်ဆေးတာ မရှိခဲ့ဘူး၊ မစစ်ဆေးရတာကလည်း ဘတ်ဂျက်မရှိတာရယ်၊ အကျဉ်းထောင်၊ အချုပ်ခန်း၊ ရဲဘက်စခန်းတွေဟာ ပြည်ထဲရေးလက်အောက် ရောက်နေတာကြောင့်ဖြစ်တယ်” လို့ ပြည်သူလွှတ်တော်မှာ ဖြေကြားပါတယ်။
အဲဒီအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စု တရားစီရင်းရေးဥပဒေကို ပြင်ဆင်ရေးသားပေးဖို့ တာဝန်ပေးလိုက်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။
ဦးသိန်းညွန့်

လုပ်အားခေါင်းပုံဖြတ်ခံရသည့် မြန်မာအလုပ်သမား ၂၀ ကျော်ကို ကယ်ထုတ်


ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ပုစွန်စက်ရုံတခုမှာ နားရက်မရှိ၊ မနက် ၄ နာရီကနေ ည ၁၀ နာရီကျော်ထိ လုပ်အားခ ခေါင်းပုံဖြတ်ပြီး လှောင်ပိတ်ခိုင်းစေခံနေရတဲ့ မြန်မာအလုပ်သမား ၂၂ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့က   ဒီနေ့မနက် သွားရောက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ဝင် ဆရာတော်  ဦးဇောတိကက “စက်ရုံမှာ သိုလှောင်ပိတ်ပြီး ဘယ်မှလည်း မသွားရဘူး၊ တနင်္ဂနွေတောင် ဘယ်မှမသွားရဘူးတဲ့။ အလုပ်လည်းနားခွင့်မရှိ။ အစောကြီးဆင်းရတယ်။ မနက် ၃ နာရီခွဲကထ ည ၈ နာရီထိခိုင်းတယ်တဲ့။ ပုံမှန်လစာ ဘယ်လောက်ရတယ်ဆိုတာလဲ မပြောဘူး။ သူ့စေတနာနဲ့ပေးတာ ယူခဲ့ရတာ ၂ လရှိပြီတဲ့။

ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၂ ဦးကို တာဝန်က ရပ်နား


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းတာဝန်ပေးတဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် က ကော်မရှင်အဖွဲ့ဝင် ၂ ဦးကို အဖွဲ့ဝင်အဖြစ်ကနေ ရပ်နားကြောင်း အသိပေးအကြောင်းကြားတယ် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
ကော်မရှင် ၂၇ ဦးရှိတဲ့အနက် မွတ်ဆလင် ၂ ဦးဖြစ်တဲ့ ဦးညွန့်မောင်ရှိန်နဲ့ ဦးတင်မောင်သန်းတို့ကို တာဝန်ကနေ ရပ်စဲလိုက်တဲ့အကြောင်း ကော်မရှင်ရုံးအဖွဲ့မှူး ဗိုလ်မှူးထန်က ဒီလဆန်း ၁ ရက်နေ့က အကြောင်းကြားတာလို့ ဆိုပါတယ်။ တာဝန်ကရပ်စဲရခြင်းအကြောင်းကိုတော့ ရှင်းမပြဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် အကြမ်းဖက်မီးရှို့မှု ဖြစ်ပွားခဲ့စဉ်

facebook မှကြည့် ချင်ရင် like လုပ်ပါ