ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸
ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
12 September 2012
"" မီဒီယာများတွင် “ရိုဟင်ဂျာ” သုံးနှုန်းခြင်းအား ရပ်တန့်ရန် ရခိုင်သတင်းစာ ဆရာအသင်းမှ တောင်းဆို "
ပြည်ပမီဒီယာနှင့် ပြည်တွင်းမီဒီယာ
များတွင် “ရိုဟင်ဂျာ” ဟု သုံးစွဲနေခြင်း
အားရပ်တန့်ပြီး ဘင်္ဂလီဟုသုံးကြရန် MJN 
အနေဖြင့် စာထုတ်ပြန်ပေးပါရန် ရခိုင်
ပြည်နယ်သတင်းဂျာနယ်အယ်ဒီတာ ဗဂျီးကျော်မှ MJA ဥက္ကဌ မောင်ဝံသထံ
 တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
6
                                        စက်တင်ဘာ (၉) ရက်နေ့ မနက် (၁၀) နာရီတွင် 
                                   ရခိုင်ပြည်နယ်ပြန်ဆက်ရေးရုံး၌ သတင်းစာဆရာအသင်း 
ဥက္ကဌ ကျွန်းသားငမန်း၏ ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲအပြီး၊ မြန်မာနိုင်ငံ 
သတင်းစာဆရာအသင်း(MJA) ဥက္ကဌ ဆရာမောင်ဝံသနှင့် ရခိုင်ပြည်နယ် သတင်းစာ
ဆရာအသင်းတို့ စစ်တွေမြို့ ရွှေသဇင်ဟိုတယ်တွင် တွေ့ဆုံခဲ့စဉ် တောင်းဆို
ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(MJA) ဥက္ကဌ ဆရာမောင်ဝံသက ရခိုင်ပြည်နယ်တွင်းပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ဖြင့် စစ်တွေမြို့တွင် ခေတ္တရောက်ရှိလာစဉ် တွေ့ဆုံပွဲတွင် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
" နိုင်ငံတော်သမ္မတ ကိုယ်တိုင်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ပြော
ထားတယ်။ တိုင်းရင်းသား ၁၃၅ မျိုးမှာလဲ ရိုဟင်ဂျာမပါဘူး။ နိုင်ငံအစိုးရ အဆက်ဆက်ကလဲ 
ဘင်္ဂလီလို့ပဲသုံးလာခဲ့တာ။ 
ရခိုင်တိုင်းရင်းသား တွေကလဲ ရိုဟင်ဂျာကိုသုံးတာ လုံးဝမကြိုက်ဘူး။ 
ဒါကြောင့် ခေတ်အဆက်ဆက်တောက်လျှောက် သုံးလာခဲ့တဲ့ ဘင်္ဂလီဆိုတဲ့စကားလုံးကိုပဲ 
သုံးကြဖို့ MJA ကနေ ပြည်တွင်းမီဒီယာတွေကို မေတ္တာရပ်ခံပေးဖို့ ရခိုင်ပြည်နယ် သတင်းစာဆရာအသင်းကိုယ်စား တောင်းဆိုတာပါ။ " ဟု ဗဂျီးကျော်က ဆိုသည်။
ဆရာမောင်ဝံသက ပြည်တွင်းမီဒီယာတချို့၌ ဘင်္ဂလီများအား “ရိုဟင်ဂျာ” ဟု ဖော်ပြနေခြင်းနှင့်
 ပတ်သက်၍ စာပေစီစစ်ရေးမရှိတော့သည့် နောက်ပိုင်းမိမိတို့အနေဖြင့် သတင်းဂျာနယ်များကို ဘယ်လိုရေးပါ၊ 
ဘယ်လို မရေးပါနှင့်ဟု ညွှန်ကြားခွင့်မရှိသော်လည်း မေတ္တာရပ်ခံစာပေးပို့မည်ဆိုက ဖြစ်နိုင်ပါကြောင်း ပြန်လည်ရှင်း
လင်းခဲ့ ကြောင်းသိရသည်။
5
ဆရာမောင်ဝံသက မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)သည် ၁၉၆၂ ခုနှစ်
စစ်အစိုးရခေတ်အဆက်ဆက်မှာ နည်းမျိုးစုံနှင့် ကြိုးပမ်းခဲ့ကြသောသတင်းစာ
ဆရာကြီးများကိုလည်း ကျေးဇူးတင်ကြောင်း၊ 
အာဏာရှင်စနစ်နှင့်စာလျှင် ဒီမိုကရေစီခေတ်မှာ ပိုပြီးတော့လွတ်လပ်မှု ရှိ
လာကြောင်း၊ တခြားသတင်းစာဆရာသမဂ္ဂများကိုလည်း အချင်းချင်း လေးစားရ
မှာဖြစ်ကြောင်း၊ 
အထူးသဖြင့်မြန်မာသတင်းစာဆရာများ ကွန်ယက်(MJN)ဆိုလျင် မိမိနှင့်အထူးပင် 
တရင်းတနှီးရှိကြောင်း၊ မကြာမီ စာနယ်ဇင်းကောင်စီကိုစနစ်တကျဖွဲ့စည်းသွားမှာဖြစ်ကြောင်း
 ပြောဆိုခဲ့သည်ဟု သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ် သတင်းစာဆရာအသင်းမှ အသင်းဝင် သတင်းထောက် 
(၁၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
4 
Arakan Times
facebook မှကြည့် ချင်ရင် like လုပ်ပါ