ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

23 October 2012

မြောက်ဦးနှင့်မင်းပြား ရခိုင်-ဘင်္ဂလီအရေးအခင်းကြောင့် ရခိုင်များ သေဆုံး(ယနေ့ နောက်ဆုံးသတင်းပေးချက်)


မင်းပြားနှင့် မြောက်ဦး ကျေးရွာများတွင် ရခိုင်-ဘင်္ဂလီ အဓိကရုဏ်းများ ဖြစ်ပွါး လျက်ရှိရာ ရခိုင်အမျိုးသားများမှာ သေနတ်ဖြင့် တိုက်ခိုက်မှုများကို ကြုံတွေ့နေရကြောင်း သိရှိရသည်။

သေနတ်ပစ်ခံရသူများထဲတွင် ဖြူမောင်ထွီး (၂၉) နှစ်၊ အဘ ဦးတောလူချေနှင့် မင်းပြားမြို့နယ်၊ ဆင်ဖြူတောင် ကျေးရွာနေ မောင်ခိုင်ဦး အသက် (၃၂) နှစ်၊ အဘ ဦးမောင်သိန်း တို့ဖြစ်သည်။

ဖြူမောင်ထွီးမှာ လုံခြုံရေးစစ်တပ်မှ ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ပြောဆိုနေကြပြီး မောင်ခိုင်ဦးမှာ ဦးခေါင်းတွင် ကျည်ဆံ ထိမှန်ခဲ့သောကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။

မင်းပြားမြို့နယ် နှင့် မြောက်ဦးမြို့နယ် အရေးအခင်းတွင် ဘင်္ဂလီကုလားများ ရန်ကို ခုခံယင်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သော အရေးပေါ်လူနာ (၃) ယောက်ကို မြောက်ဦး ပြည့်သူ့ဆေးရုံးမှ စစ်တွေမြို့ ပြည်သူ့ ဆေးရုံးသို့ သယ်ယူလာပါသည်။

ထိုလူနာများ၏ ဒဏ်ရာ အခြေအနေကို အရေးပေါ် ဆေးကုသနိုင်ရန်အတွက် ၀ံလက်ဖောင်ဒေးရှင်းမှ အရေးပေါ်အလှူငွေ (၁) သိန်း (၃)သောင်းကျပ်ကို စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံးသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။

ထိုလူနာ (၃)ယောက်မှာ (၁)ဦးစိန်သာအောင် ၊ အသက် (၆၀)နှစ်၊ အောက်ပိုင်းတွင် လှံဒဏ်ရာဖြင့် အပြင်းအထန်း ဒဏ်ရာရရှိထားပြီး အခြေအနေမှာ စိုးရိမ်းရပါသည်။ (၂) မောင်မောင်နိုင် (ဘ) ဦးမောင်စောနု ၊ မောင်သာကုန်ကျေးရွာ၊ အသက် (၃၀) နှစ် (၃) မောင်ထွီးစိန် ၊ အသက် (၃၀)နှစ်၊ ကျောင်းတောင်ကျေးရွာမှ ဖြစ်ကြပါသည်။ အရေးပေါ် အခြေအနေကြောင်း စစ်တွေမြို့ ပြည်သူ့ ဆေးရုံးတွင် တင် ထားရပါသည်။

Coral Arakan News

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ