ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

31 October 2012

ရခိုင်ပဋိပက္ခ ကြိုးကိုင်သူများကို အရေးယူမည်ဟု အစိုးရသတိပေး


ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေမှာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့တွေပါ ပါဝင်ပတ်သက်နေတယ်လို့ အစိုးရက ထုတ်ပြန်လိုက်ပြီး နောက်ကွယ်က ကြိုးကိုင်သူ၊ အဖွဲ့အစည်းတွေကို ဖော်ထုတ်အရေးယူမယ်လို့ အစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နိုင်ငံတော်သမ္မတရုံးရဲ့ အောက်တိုဘာ ၃၁ ရက်နေ့ ထုတ်ပြန်ချက်မှာ
ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူအဖွဲ့အစည်းနှစ်ခုအကြားက ပဋိပက္ခတွေဟာ သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်တွေကနေ လက်နက်ကိုင်အကြမ်းဖက်မှုအခြေအနေဆီကို ကူးပြောင်းတော့မယ့် လက္ခဏာ အသွင်ဆောင်လာသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပါ လက်နက်နဲ့ ခြိမ်းခြောက်ရန်မူလာနေပြီလို့ ရှင်းလင်းထားပြီး အစိုးရက ရက်ပိုင်းအတွင်း ဒုတိယအကြိမ် သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။
အကြမ်းဖက်ပဋိပက္ခဖြစ်စဉ်အတွင်း ဒေသန္တရလုပ်လက်နက်ငယ် ၁၈၀ သိမ်းဆည်းရမိပြီး လက်နက်ပြုလုပ်သူတချို့နဲ့ ပြုလုပ်ရာမှာ သုံးတဲ့ သက်သေခံပစ္စည်း အထောက်အထားတွေကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ လူစုလူဝေးနဲ့ ခြိမ်းခြောက်တာ၊ အကြမ်းဖက်တာ၊ တိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတဲ့ကိစ္စတွေမှာ တဖက်အဖွဲ့အစည်းက ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ်လက်နက်တွေနဲ့ အချိန်ကိုက်ပူးပေါင်းလှုပ်ရှားတာတွေ တွေ့ရသလို နိုင်ငံရေးအဖွဲ့အစည်းနဲ့ ငြိမ်းချမ်းရေးအယူထားတဲ့ အဖွဲ့ အစည်းတွေပါ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။
အခြားတဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ တကျော့ပြန်ဖြစ်ပွားလာတဲ့ ပဋိပက္ခဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၁ ရက်ကနေ အောက်တိုဘာ ၃၀ ရက်အထိ သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ မီးလောင်ပျက်စီးတဲ့ လူနေအိမ် ၅၃၅၁ နဲ့ လူဦးရေ ၃၂၂၃၁ ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်က ဆိုပါတယ်။
မကြာသေးခင်ရက်ပိုင်းကလည်း နိုင်ငံတော်သမ္မတရုံးက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနဲ့ စပ်လျဉ်းပြီး သတင်းထုတ်ပြန်ရာမှာ နောက်ကွယ်က ကြိုးကိုင်နေတဲ့ လူပုဂ္ဂိုလ်တွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ