ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

18 November 2012

အိုးဘားမား အဘိုး မြန်မာ များကို သတ်ခဲ့ဖူး

လက်ရှိ အမေရိကန် သမ္မတ ဘားရတ် ဟူစိန် အိုဘားမား၏ အဖိုးဖြစ်သူ ဟူစိန် အွန်ညာဂို အိုဘားမား သည် ဒုတိယ ကမ္ဘာစစ်အတွင်းက ဗြိတိန်၏ အာဖရိကန် ရိုင်ဖယ် တပ်ခွဲ ၁၁ နှင့် အတူ မြန်မာနိုင်ငံတွင် နယ်ချဲ့လာပြီး မြန်မာအများအပြားကို သတ်ခဲ့ဖူးကြောင်း သတင်းရရှိသည်။

အိုဘားမား၏ အဖိုး ပါဝင်သော တပ်ခွဲသည် ချင်းတွင်းမြစ်နှင့် မြစ်ကြီးနား၊ မန္တလေး တိုက်ပွဲများ ချီတက် ဆင်နွဲ ခဲ့ကြောင်း သိရပြီး ကင်ညာ နိုင်ငံသား ဟူစိန် အွန်ယာဂို အိုဘားမား သည် ဗြိတိန်တပ်ခွဲမှ ဗိုလ်ကြီး တစ်ဦး၏ ထမင်းချက် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်း The New York Times သတင်းစာပါ ဆောင်းပါး တစ်ပုဒ်တွင် ရေးသား ထားသည်။

ယင်းအချိန် ဗြိတိသျှ စစ်တပ်တွင် ကင်ညာနိုင်ငံသား ခုနစ်သောင်းခွဲခန့် တာဝန် ထမ်းဆောင် ခဲ့ဖူးပြီး ထိုခေတ် အိုဘားမား၏ အဘိုးဖြစ်သူ အပါအဝင် ကင်ညာ နိုင်ငံသားတို့ ယင်းအတွေ့ အကြုံ မှတဆင့် ပြင်ပ ကမ္ဘာနှင့် ထိတွေ့ပြီး ဘဝ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းဆောင်းပါး တွင် ထပ်မံ ဖော်ပြထားသည်။

“အိုဘားမားရဲ့ ဇစ်မြစ်ဟာ မြန်မာက ဖြတ်သွားခဲ့ပါတယ်” ဟု စိန့်လူးဝစ်ရှိ ဝါရှင်တန် တက္ကသိုလ်မှ အာဖရိကန် သမိုင်း ပါမောက္ခ တီမွန်သီပါဆွန်စ် ကပြောဆိုသည်။

သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး ကမူ မြန်မာနှင့် သမ္မတ အိုဘားမား သည် အခြား အမေရိကန် ခေါင်းဆောင် များတွင် မရှိနိုင်သည့် ဆက်နွယ်မှု မျိုး တစ်နည်းနည်းဖြင့် ရှိကောင်းရှိ နေနိုင်ကြောင်း သုံးသပ် ပြောဆို ထားသည်။

ထိုအချိန်က နယ်ချဲ့အင်္ဂလိပ်တို့နှင့် ၎င်းတို့၏ နောက်လိုက်အားလုံးကို မြန်မာလူထုတစ်ရပ်လုံးက ရွံရှာမုန်းတီးလျှက်ရှိကြောင်းသိရသည်။





ဟူစိန် အွန်ညာဂို အိုဘားမားကို ၁၈၉၅ ခုနှစ်တွင် မွေးဖွားခဲ့ကြောင်း ခန့်မှန်းထားပြီး သမ္မတ ဘားရက် အိုဘားမားမှာ အင်ဒိုနီးရှား နိုင်ငံတွင် ငယ်ဘဝ ဖြတ်သန်း ခဲ့ဖူးသည်။
Myanmar Express

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ