ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

5 November 2012

မကွေးတိုင်း စကုမြို့နယ်တွင် ဆွမ်းစားကျောင်းပြိုကျပြီး ၈၀ ခန့် ဒဏ်ရာရရှိ


မကွေးတိုင်း စကုမြို့နယ် မန်ကျည်းပင်ရွာ လေးထပ်ကျောင်းတိုက်မှာ နိုဝင်ဘာ ၁ ရက်နေ့ ကထိန်ပွဲ ပြုလုပ်နေချိန် ဆွမ်းစားကျောင်းဆောင် ပြိုကျပြီး လူ ၈၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။
မန်ကျည်းပင်ရွာနေ ဦးလှမိုးက “နေ့ခင်းတနာရီလောက်
တရားချီးမြှင့်တဲ့အခါမှာ အရင်နှစ်တွေထက် လူက အရမ်းများပြီး ပြည့်ကျပ်သွားတယ်။ တရားလည်းသိမ်းပြီး ရေစက်ချပြီးတဲ့အခါ အမျိုးသမီးတွေက ထပြန်တော့ ပျဉ်ပေါက်ပြီး ၀ုန်းဆိုပြီး ပြိုကျသွားတာ” လို့ ပြောပါတယ်။
အမျိုးသမီးအများစု အပါအ၀င် ၈၀ လောက် ဒဏ်ရာရသွားခဲ့ပြီး မင်းလှဆေးရုံနဲ့ မင်းဘူးဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ မင်းဘူးဆေးရုံမှာ တက်ရောက်ကုသတဲ့ လူနာတွေထဲက တချို့ ဒဏ်ရာပြင်းထန်တယ်လို့ ဦးလှမိုးက ပြောပါတယ်။
ဒဏ်ရာရရှိသူတွေကို မကွေးတိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက ၁ ယောက်ကို ၁ သောင်းနှုန်းနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးက ကျပ် ၅ ထောင်စီ ထောက်ပံ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ