ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 February 2013

လွှတ်တော်ကိုယ်စားလှယ်တွေ မီဒီယာဥပဒေ ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ


နိုင်ငံတကာ မီဒီယာ ဥပဒေနဲ့ သတင်းအချက်အလက်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို နေပြည်တော်မှာ ဒီကနေ့ လွှတ်တော် အမတ်အတော်များများနဲ့ မဇ္ဈိမ မီဒီယာတို့ ပူးပေါင်းပြီး ကျင်းပခဲ့ပါတယ်။
လွှတ်တော်မှာ မီဒီယာဥပဒေဆိုင်ရာ အချက်အလက်တွေ ဆွေးနွေးလာတဲ့အခါ ကျယ်ကျယ်ပြန့်ပြန့် နားလည်နိုင်အောင် ဒီဆွေးနွေးပွဲက အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ချက်ထားကြောင်း  မဇ္ဈိမ မီဒီယာ သတင်းဌာနက ဒေါ်သင်းသင်းအောင်က RFA ကို ပြောပါတယ်။

" ပုံနှိပ်မီဒီယာဥပဒေပဲဖြစ်ဖြစ်၊ ရုပ်သံ မီဒီယာနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို အစိုးရကနေ ရေးဆွဲပြင်ဆင်နေတာ တွေ့ရပါတယ်၊ ဒီလိုမျိုးရေးဆွဲနိုင်ဖို့အတွက် တခြားသော အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ နိုင်ငံတွေက အတွေ့အကြုံရှိတဲ့ ရဖို့အတွက် ရည်ရွယ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကဆွေးနွေးရမှာဆိုတော့ အများကြီး အထောက်အကူပြုပါတယ်"
အခု ကျင်းပနေတဲ့ ဆွေးနွေးပွဲက မီဒီယာဥပဒေ အကြောင်းတွေ ဆွေးနွေးတဲ့အခါ အထောက်အကူ ဖြစ်မယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း မီဒီယာဥပဒေနဲ့ ပတ်သက်တာတွေ သိထားသင့်တယ်လို့ ဒီကနေ့ ဆွေးနွေးပွဲတက်နေတဲ့ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောပါတယ်။
" လွှတ်တော်ကိုယ်စားလှယ်ထဲမှာက ကျွန်တော်သာလျှင် မီဒီယာလောကကလာတာကို၊ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအများစုက မီဒီယာနဲ့ နီးစပ်တဲ့သူတွေ မဟုတ်ဘူးဆိုတော့ ဒီသင်တန်းက လိုအပ်ချက်တစ်ခုပဲပေါ့၊ ခုလာသင်တာကလည်း နိုင်ငံတကာက ကျွမ်းကျင်တဲ့သူတွေဆိုတော့ အကောင်းဆုံးဖြစ်နိုင်မယ့် ဥပဒေကြမ်းတွေအတွက် များစွာအထောက်အကူပြုနိုင်မယ်လို့ ထင်ပါတယ်"
ဒီကနေ့ဆွေးနွေးပွဲကို ကနေဒါနိုင်ငံ အခြေစိုက် Centre for Law and Democracy မှ အမှုဆောင်ဒါရိုက်တာ Mr. Tony Mendel က ဦးဆောင်ဆွေးနွေးခဲ့တာပါ။
မီဒီယာ ဆွေးနွေးပွဲကို နိုင်ငံရေး ပါတီပေါင်းစုံက လွှတ်တော်ကိုယ်စားလှယ် ၄၀ ကျော် တက်ရောက်ခဲ့ပါတယ်။

rfa

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ