ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

26 February 2013

NLD ဗဟို ညီလာခံ အတွက် ရခိုင်မှ ကိုယ်စားလှယ်များ ရွှေးပြီ


၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စတင် ကျင်းပမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုညီလာခံ အတွက် ရခိုင်ပြည်နယ်မှ ကိုယ်စားလှယ်များကို မြို့နယ် အလိုက် ရွှေးချယ်လိုက်ပြီဟု ရခိုင်ပြည်နယ် အလုပ်အမူဆောင် အဖွဲ့ ဥက္ကဌ- ၁၉၉၀ ခုနှစ် ဂွမြို့နယ်  ရွှေးကောက်ပွဲနိုင် NLD ကိုယ်စားလှယ် ဦးညီပုက ပြောသည်။
NLD ရခိုင်ပြည်နယ် ရုံးဖွင့်ပွဲ အခမ်းအနား။ (ဓါတ်ပုံ- နိရဉ္စရာ)
NLD ရခိုင်ပြည်နယ် ရုံးဖွင့်ပွဲ အခမ်းအနား။ (ဓါတ်ပုံ- နိရဉ္စရာ)
“ ကျွန်တော်တို့က ရခိုင်ပြည်နယ်ထဲက  မြို့နယ် ၁၅ မြို့နယ်ထဲက
ကိုယ်စားလှယ်တွေကို ရွှေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောမှ အပ ကျန်မြို့နယ်တွေမှာ ရွှေးချယ်ထားပြီး ပါပြီ။ ကိုယ်စားလှယ် ၃ ဦးရတဲ့ မြို့နယ် ရှိသလို၊ တစ် ဦးရတဲ့ မြို့နယ်တွေလည်း ရှိပါတယ်”ံ ဟု ဦးညီပုက ပြောသည်။
ကိုယ်စားလှယ်များ ရွှေးချယ်ရာတွင် အဖွဲ့ချုပ်က ချမှတ်ထားသော ညီလာခံ စည်းကမ်းချက်များနှင့် အညီ ရွှေးချယ်ခဲ့ခြင်း ဖြစ်ပြီး မြို့နယ်အလုပ်အမူဆောင် ၁၉ ဦးဖြင့် ဖွဲ့သော မြို့နယ် တစ်ခု အတွက် ကိုယ်စားလှယ် ၃ဦး၊ အလုပ်အမူဆောင် ကော်မီတီ ၁၀ ဦးဖြင့် ဖွဲ့စည်းထားသော မြို့နယ် တစ်ခုဆိုလျှင် ကိုယ်စားလှယ် တစ်ဦး ကျစီ ရွှေးချယ်သည်ဟု ဆိုသည်။
NLD ဗဟို ညီလာခံကို မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ရန်ကုန်မြို့တွင် ကျင်းပမည်ဟု သိရသည်။ မတ်လ ၇ ရက်နေ့တွင် အကြို ညိုနိုင်း ဆွေးနွေးပွဲအား ကျင်းပမည် ဖြစ်ရာ ရခိုင်ကိုယ်စားလှယ်များမှ ရခိုင်ပြည်နယ်၏ စီးပွားရေး၊ လူမူရေးနှင့် နိုင်ငံရေး ဆိုင်သည့် အကြောင်းအရာများကို ညီလာခံတွင် တင်ပြနိုင်ရန် ဆောင်ရွက် သွားမည်ဟု သူက ပြောသည်။
“ ကျွန်တော်တို့ မတ်လ ၆ ရက်နေ့မှာ ရခိုင် ပြည်နယ်က ကိုယ်စားလှယ်တွေ ညှိုင်း တွေ့ဆုံပွဲ ရှိပါတယ်။ အဲဒီမှာ ရခိုင်ပြည်နယ်က တင်ပြမယ့် အကြောင်းအရာတွေကို ဆွေးနွေးမယ်။ ၇ ရက်နေ့ ဗဟို အကြို ညှိနိုင်း ဆွေးနွေးပွဲမှာ ကျွန်တော်တို့ ဘာတွေကို တင်ပြဆိုတာကို ပြောမယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဘက်က အကြောင်းအရာတွေကို ညီလာခံ အတွင်းမှာ တင်ပြသွားမှာပါ” ဟု ဆိုသည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ အတွက် ကိုယ်စားလှယ် မရွှေးချယ်နိုင်ခြင်းမှာ အရေးအခင်းကြောင့် ညီလာခံ ကော်မရှင် မဖွဲ့နိုင်ရာမှ ကိုယ်စားလှယ် မရွှေးချယ်နိုင်ဘဲ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ ဗဟိုမှလည်း လုံခြုံရေး အရ အခက်အခဲရှိ မြို့နယ်များတွင် ကိုယ်စားလှယ်များကို မရွှေးချယ်ရန် ညွှန်ကြားထား၍ ဖြစ်သည်ဟု ဆိုသည်။


narinjara

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ