ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
9 February 2013
ဝန်ကြီးများ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး မေးမြန်းချက်
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတကနေ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လက်ရှိ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့(ကစထမှူး) ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းကို လည်းကောင်း ခန့်အပ်တာဝန်ပေးအပ်ဖို့ သ၀ဏ်လွှာ ပေးပို့ ထားပါတယ်။
လက်ရှိနယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးကို မူလ စစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ပေးဖို့လည်း သမ္မတရဲ့သ၀ဏ်လွှာမှာ ပါရှိပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးဟာ အရပ်ဘက်နဲ့ စစ်ဘက်မှာ ဆက်ဆံရေးပြေပြစ်သလို တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး၊ တပ်မတော်မှာ ဒု-ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာနိုင်မယ်လို့ အမျိုးသားလွှတ်တော်အမတ်ဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးလှဆွေက သုံးသပ် ပြောဆိုပါတယ်။
လက်ရှိ ၀န်ကြီးအပြောင်းအလဲအပေါ် ဦးလှဆွေနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
DVB
ရေနံ နိုင်ငံရေး၊ ပိုက်လိုင်း နိုင်ငံရေး
မေလကျရင်
တရုတ်-မြန်မာ ရေနံပိုက်လိုင်း စဖွင့်တော့မယ်၊ နောက်နှစ်ကျရင်
ရေနံပိုက်လိုင်းနဲ့ အပြိုင် ဓာတ်ငွေ့ပိုက်လိုင်းလည်း လိုက်ဖွင့်တော့မယ်။
ဒါဟာ တရုတ်စွမ်းအင်လုံခြုံရေးနဲ့ ဒေသတွင်း ပထ၀ီနိုင်ငံရေးအတွက်
အလှည့်အပြောင်း ဖြစ်လာတော့မယ်လို့ နိုင်ငံတကာ သတင်းဆောင်းပါးတွေ ဖတ်ရပါတယ်။
တရုတ်-မြန်မာ ရေနံပိုက်လိုင်းက မြန်မာပြည် ရခိုင်ကမ်းရိုးတန်းကနေ တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အထိ ကီလိုမီတာ ၁ ထောင်နီးပါး (တရုတ်ဘက်ကတော့ ကီလိုမီတာ ၈၀၀ နီးပါးလို့ဆို) လောက် ရှည်လျားပါတယ်။
တရုတ်-မြန်မာ ရေနံပိုက်လိုင်းက မြန်မာပြည် ရခိုင်ကမ်းရိုးတန်းကနေ တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အထိ ကီလိုမီတာ ၁ ထောင်နီးပါး (တရုတ်ဘက်ကတော့ ကီလိုမီတာ ၈၀၀ နီးပါးလို့ဆို) လောက် ရှည်လျားပါတယ်။
Subscribe to:
Posts (Atom)