ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

9 February 2013

ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင် ဖွဲ့စည်း

ဒေါက်တာဆိတ်ဖွား​ရဲ့​ Above the law ​ခေါင်း​စဉ်နဲ့​ လွှတ်​တော်ကို ​ဝေဖန်တဲ့​ ​ဖော်ပြချက်အ​ပေါ် စုံစမ်း​ဖို့​ ​ကော်မရှင်တရပ်ကို ​ဖေ​ဖော်ဝါရီလ ၈ ရက်​နေ့​ ပြည်​ထောင်စု လွှတ်​တော်မှာ ဖွဲ့စည်း​လိုက်ပါတယ်။ ဒီ​ကော်မရှင်ကို အမျိုး​သား​လွှတ်​တော် ဒုဥက္ကဋ္ဌ ဦး​မြငြိမ်း​က ဦး​ဆောင်ပြီး​ ပါတီစုံက အဖွဲ့​ဝင် ၁၇ ဦး​ ပါဝင်ပါတယ်။ ​ကော်မရှင်က လုပ်​ဆောင်ရမှာ​တွေနဲ့​ပတ်သတ်ပြီး​ ​ကော်မရှင်အဖွဲ့​ဝင် ရန်ကုန်တိုင်း​ အမျိုး​သား​လွှတ်​တော်အမတ် ဦး​ဖုန်း​မြင့်​အောင်က အခုလို ရှင်း​ပြပါတယ်။
“တစ်အချက်က ​ရေး​သား​ချက်​တွေသည် လွှတ်​တော်နဲ့​လွှတ်​တော်အမတ်​တွေရဲ့​ ဂုဏ်သိက္ခာ ဘယ်​လောက်ထိခိုက်နစ်နာတယ်ဆိုတာ ဆန်း​စစ်ရပါမယ်။ ဒုတိယအချက်က ပိုအ​ရေး​ကြီး​ပါတယ်။ ဒီ​ရေး​သား​ချက်ကိုဖတ်မိတဲ့​ ပြည်သူလူထု​တွေအ​နေနဲ့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေအ​ပေါ် အထင်မှား​အမြင်မှား​ရှိတာ​တွေအတွက် ဘယ်လို​ဖြေရှင်း​ရမလဲဆိုတဲ့​အချက်ပါ။ တတိယအချက်က​တော့​ ကာယကံရှင်ကို​ဖော်ထုတ်ပြီး​ မည်သို့​အ​ရေး​ယူသင့်​လဲဆိုတဲ့​ အချက်ပါ။” ​ဒေါက်တာဆိတ်ဖွား​ရဲ့​ ​ဆောင်း​ပါး​မှာ ပြည်​ထောင်စုလွှတ်​တော်မှာ စာရင်း​စစ်ချုပ် ဥပ​ဒေကို ပြင်ဆင်သည့်​ ဥပ​ဒေကြမ်း​နဲ့​ နိုင်ငံ​တော်ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေခုံရုံး​ကို ပြင်ဆင်တဲ့​ ဥပ​ဒေကြမ်း​ကို နိုင်ငံ​တော်သမ္မတနဲ့​ ဆန့်​ကျင်ဆုံး​ဖြတ်အတည်ပြုခဲ့​တာဟာ အ​ခြေခံဥပ​ဒေကို ​လေး​စား​လိုက်နာပါမည်လို့​ ကျမ်း​ကျိန်ထား​သူများ​က အ​ခြေခံဥပ​ဒေနဲ့​မညီမှန်း​သိလျက်နဲ့​ အ​ခြေခံဥပ​ဒေကို တမင်​ဖောက်ဖျက်ကျူး​လွန်လိုက်ကြတယ်လို့​ စွပ်စွဲထား​တာပါ။ ​ကော်မရှင်အဖွဲ့​ဝင်အဖြစ်ပါတဲ့​ မ​ကွေး​တိုင်း​၊​ ဂန့်​ဂေါ အမှတ်-၁၂ အမျိုး​သား​လွှတ်​တော် ကိုယ်စား​လှယ် ဦး​လှ​ဆွေက ​ကော်မရှင်အ​နေနဲ့​ ​ဒေါက်တာဆိတ်ဖွား​ကို ရှာ​ဖွေ​ဖော်ထုတ်ဖို့​ ခက်ခဲမယ်လို့​ ​ပြောပါတယ်။ “ကျ​နော့်​ပုဂ္ဂလိကအ​တွေး​နဲ့​က ဒီကိစ္စက နည်း​နည်း​ခက်မယ်ထင်တယ်။ အင်တာနက်ဆိုတာက အိမ်သာထဲမှာစာ​ရေး​တာပဲဗျ။ ကျ​နော်တို့​ငယ်ငယ်က အိမ်သာထဲမှာ စာ​ရေး​တယ်၊​ ဘယ်သူ​ရေး​သွား​မှန်း​မသိဘူး​။ ဘယ်သူ့​အ​ရေး​ယူရမလဲ။ ဒါ​တော်​တော်​တော့​ ခက်တယ်။ တခု​တော့​ ရှိတယ်။ အခု​ပြော​နေကြတာက ခင်​မောင်ညို(​ဘောဂ​ဗေဒ)က သူ့​ရဲ့​ ဂျာနယ် ၁ ​စောင်မှာ ​ဒေါက်တာဆိတ်ဖွား​က ​ဆောင်း​ပါး​ရေး​ဖူး​တယ် ​ပြောတယ်။ အဲဒါနဲ့​ပတ်သက်ပြီး​ သူ့​ကိုပဲသွား​မေး​ရမှာ​ပေါ့​။ ဆက်စပ်ပြီး​ ​မေး​ရမှာ​ပေါ့​။” ​ကော်မရှင်အ​နေနဲ့​ ​ဒေါက်တာဆိတ်ဖွား​ရဲ့​ ​ဖော်ပြချက်​တွေဟာ နိုင်ငံ​တော်လုံခြုံ​ရေး​၊​ တရား​ဥပ​ဒေစိုး​မိုး​ရေး​၊​ ရပ်ရွာ​အေး​ချမ်း​သာယာ​ရေး​၊​ ပြည်သူ​တွေရဲ့​ ကိုယ်ကျင့်​တရား​အလို့​ငှာ ပြဋ္ဌာန်း​ဥပ​ဒေ​တွေနဲ့​ ဆန်ကျင်တာ ရှိ၊​ မရှိနဲ့​ လိုက်နာ​စောင့်​ထိန်း​ရမယ့်​ တာဝန်​တွေကို ပျက်ကွက်တာရှိ၊​ မရှိ စတာ​တွေကို စုံစမ်း​ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလထဲ ကျင်း​ပခဲ့​တဲ့​လွှတ်​တော်မှာ အွန်လိုင်း​ပေါ်က ပ​ရော်ဖက်ဆာ​ဒေါက်တာဆိတ်ဖွား​ဆိုသူကို စုံစမ်း​ဖော်ထုတ်ဖို့​ ကမာရွတ်မြို့​နယ် ပြည်သူ့​လွှတ်​တော်အမတ် ​ဒေါက်တာစိုး​ရင်က အ​ရေး​ကြီး​အဆိုတင်ခဲ့​ပါတယ်။ အဲ့​ဒီအဆိုကို လွှတ်​တော်က အတည်ပြုခဲ့​ပြီး​တဲ့​နောက် အခုလို ​ကော်မရှင်ဖွဲ့​စည်း​ခဲ့​တာပါ။


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ