ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

9 February 2013

ဇေယျသုခ ဘုန်းတော်ကြီးကျောင်းတွင် ဒုတိယအကြိမ်မြောက် ထမနဲအလှူပွဲတော် ကျင်းပပြုလုပ်





theminnay copyဇေယျသုခု ဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်း၏ ဒုတိယအကြိမ်မြောက် စုပေါင်းထမနဲ အလှူပွဲတော်ကို အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ရောက် ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသား မိသားစုများက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်၊ ၁၀ ရက် စနေ၊ တနင်္ဂနွေနေ့  နှစ်ရက်တိုင်တိုင် ဇေယျသုခ ဘုန်းတော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပနေကြကြောင်း သတင်းရရှိသည်။

ထမနဲ အလှူပွဲတော်သည် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ မပပျောက်စေရန်နှင့် ကုသိုလ်ကောင်းမှုများရရှိစေရန် နှစ်စဉ်နှစ်တိုင်း လရာသီတပို့တွဲတွင် ကျင်းပပြုလုပ်လေ့ရှိပြီး အများစု၏အင်အားကို အသုံးပြုကာ တက်ညီလက်ညီ ထမနဲထိုးကြသည့် အလှူပွဲတော်တစ်ခုလည်းဖြစ်သည်။
ထမနဲ အလှူပွဲတော် ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်နဲ့ ပတ်သက်၍ " ညီညာမှ ပြည်သာသတဲ့။ ပြည်ရွာလူထု ညီညာမှု ရှိစေရစေတော့ရယ်လို့ ရည်ရွယ်ပြီး ဒီပွဲတော်ကို နွှဲပျော်နေကြတာပါ။ ရာသီဒါန အာဟာရမို့ စားသူလှူသူနှစ်ဦးစလုံး ရာသီလွန်မှာ ဖြစ်တတ်တဲ့ ဘေးတွေကို တားဆီးပေးတတ်တဲ့ ဆေးဝါးဓါတ်စာဆိုလဲ မမှားဘူးပေါ့၊ ဒီတော့ အကျိုးများတဲ့ ကာလ ဒါနတခုအနေနဲ့ ရှေးသူတော်စင်တို့ထုံး နှလုံးမူပြီး ခုလိုစည်းစည်းလုံးလုံး စုပေါင်းကျင်းပနေကြတာပါ။ နှမ်းချည်း သက်သက် အုံးသီးသက်သက် စသည်စသည် တခုချင်း သီးသန့်စားရခြင်းက အခုလို အဆင်းအနံ့သင်းပြန့်ကြိုင်ကြိုင် အရသာဖြိုင်ဖြိုင် စားသုံးရတာလောက်တော့ ကောင်းမယ်မထင်ပါဘူး။ ဒီလိုပါပဲ တစ်ဦးချင်း တစ်ယောက်ချင်းမှာ ရှိတဲ့ ခွန်အား ညာဏ်အား စွမ်းပကားတွေဟာ သူ့ချည်းသီးသန့်ဖြစ်တည်နေရင် ပြည်ရွာကောင်းကျိုး မတိုးစေနိုင်ပါဘူး။ တဦးချင်းမှာဖြစ်တည်နေတဲ့ ဒီအားတွေကို အများနဲ့အတူ ညီညာစွာ ပေါင်းစပ် အသုံးပြုတတ်မယ်ဆိုရင် အသင်း မြို့ရွာ နိုင်ငံ ပိုမိုသာယာဝပြောလိမ့်မယ်ထင်ပါတယ်။ ဒီလို အဓိပ္ပါယ် ပြည့်အတွေးများနဲ့ ဒီပွဲတော်ကို ဒီအချိန်အခါမှာ ပြည်တွင်း ပြည်ပမြို့ရွာ ဒေသနေရာအနှံ့အပြား၌ ကျင်းပနေကြခြင်းဖြစ်လိမ့်မယ်လို့ ဘုန်းဘုန်းတို့ယုံကြည်ပါတယ်။ " ဟု ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသက အာရ်ကန်တိုင်းမ်စ်သို့ မိန့် တော်မူသည်။
ထမနဲ အလှူပွဲတော် အတွေ့အကြုံနဲ့ ပတ်သက်၍ " ကျနော် နိုင်ငံရပ်ခြားမှာ နေထိုင်လာခဲ့တာဟာ ဆယ်စုနှစ် တစ်ခုနီးပါးရှိပါပြီ။ ထမနဲ အလှူပွဲတော်ကို တစ်ခါမှ ပါဝင်နွှဲပျော်ခွင့် မကြုံခဲ့ပါဘူး။ ဒီတစ်ခါ ပထမဆုံးအကြိမ်ပါ။ ထမနဲပွဲတော်မှာ တက်ညီလက်ညီ ပါဝင်ဆင်နွှဲကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးဟာ အယုတ်အမြတ် အလတ်မရွေး လူမျိုးဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်း ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို မပျောက်ပျက်ရအောင် စုပေါင်းဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်လိုကြှပီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုမှုကို ဖော်ညွှန်းပြသနေတာတွေ တွေ့ရပါတယ်။ " ဟု ထမနဲအလှူပွဲတော်တွင် အတူပါဝင်နွှဲပျော်ခဲ့သည့် ကိုချစ်ဆွေက အာရ်ကန်တိုင်းမ်စ်သို့ ပြောဆိုသည်။
" မြန်မာပြည် အချို့အရပ်ဒေသများတွေမှာ ထမနဲအလှူပွဲတော်ကို ပါဝင်ဆင်နွဲကြသူအပေါင်း ပြုံးပျော်ရွှင်စေဖို့အတွက် တဖွဲ့နှင့်တဖွဲ့အပြိုင်အဆိုင် ယှဉ်ြှပိုင်ကြတာတွေလည်း ရှိတာပေါ့လေ။ ထမနဲ အရသာရဲ့ကောင်းခြင်း၊ စောလျင်စွာပြီးစီးခြင်း၊ အဖွဲ့လိုက်စည်းလုံးညီညွတ်စွာဆောင်ရွက်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းတွေအပေါ် အကဲဖြတ်လေ့ရှိကြပါတယ်။ သူနှိုင်ကိုယ်နှိုင် အပြိုင်ကြဲရာမှ ထမနဲဒယ်များ thminhainy copyအက်ကွဲမှုတွေဖြစ်ပေါ်တတ်ပြီး အဲဒီလိုကွဲအက်တာဟာ ပျော်စရာတမျိုးဖြစ်လာရတာပေါ့လေ။ လာရောက်အားပေးတဲ့ လူငယ်လူရွယ်တွေကလည်း ရိုးရာအိုးစည်ဒိုးပတ်တွေနဲ့ တီးမှုတ်ကခုန်အားပေးမှုက ထမနဲပြိုင်ပွဲရဲ့ပြိုင်ဆိုင်မှုအရှိန်ကို ပိုမိုမြင့်မားစေတာပေါ့။ ဒီအရပ်ကတော့ မိမိတိုင်းပြည် အရပ်ဒေသ မဟုတ်တဲ့အတွက် ပြိုင်ပွဲတွေ ပျော်ပွဲရွှင်ပွဲတွေနဲ့  ထမနဲပွဲကို တန်ဆာမဆင်နိုင်ကြပါဘူး။ ဒါပေမဲ့ ရိုးရာဓလေ့များနဲ့ အနီးစပ်ဆုံးလျော်ကန် ကိုက်ညီအောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွဲကြတာကို တွေ့ကြုံခဲ့ပါတယ်။ " ဟု ဒီဇိုင်းနာ ဦးမောင်မောင်တင်မှလည်း သူ့၏ ထမနဲအလှူပွဲ အတွေ့အကြုံကို အာရ်ကန်တိုင်းမ်စ်သို့ ယခုလို ပြောကြားသွားသည်။
ထမနဲ အလှူပွဲတော်ကို ဇေယျသုခ ဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံ၏ မိန့်ညွှန်ချက်ဖြင့် အမာရီလိုမြို့မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းက ဦးဆောင်ဦးရွက်ပြုလုပ်၍ အမာရီလိုမြို့အနီးတ၀ိုက်မှ မြန်မာတိုင်းရင်းသား မိသားစုများ ၂၀၀ နီးပါးခန့်  တက်ရောက်ပူးပေါင်းပါဝင် ဆင်နွှဲခဲ့ကြသည်။ အဆိုပါ ထမနဲ အလှူပွဲတော်ကို စနေနေ့ ညနေ ၅ နာရီခန့် တွင် ထမနဲထိုးပွဲတော်ကို အောင်မြင်စွာ ရပ်နားထားခဲ့ပြီး မနက်ဖြန် တနင်္ဂနွေနေ့တွင် ကျွေးမွေးဧည့်ခံ ရေစက်ချအမျှဝေကာ ရုပ်သိမ်းကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။



arakan time

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ