ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

9 February 2013

ဦးနှောက် သွေးယိုစိမ့် မှုကြောင့် အန်ဂျေးဝတ်စ် ခွဲစိတ် ကုသမှု ခံယူ


ဆိုးလ် ဖေဖော်ဝါရီ ၈
တောင်ကိုရီးယား အဆိုတော် မင်းသားချော  အန်ဂျေးဝတ်စ် သည် ဦးနှောက်အတွင်း သွေး ယိုစိမ့်မှု ဝေဒနာ ကြောင့် ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူလျက် ရှိကြောင်း ၎င်း၏ Jable Entertainment (JE) အနုပညာ အေဂျင်စီက ပြောကြားခဲ့သည်။
အန်သည် လက်စ်ဗေးဂတ်စ် မြို့တွင် ကုမ္ပဏီ တစ်ခု၏ အကြီးအကဲ တစ်ဦး နှင့် ညစာအတူ စားသုံးနေစဉ် ပျို့အန်မှု ဝေဒနာကို စတင် ခံစားခဲ့ရသည်။ ထို့နောက်တွင် ခေါင်းအုံခဲမှု ဝေဒ နာကို အပြင်းအထန် ခံစား ရသောကြောင့် ၎င်းကို ဆေးရုံသို့ ချက်ချင်း ပို့ဆောင် ခဲ့ရပြီး ဆေးစစ် ကြည့်သော အခါ ဦးနှောက် သွေးယိုစိမ့်မှု ဝေဒနာ ခံစားရသည့် လက္ခဏာကို တွေ့ရှိ ခဲ့ရသည့် အတွက် ခွဲစိတ် ကုသမှု ခံယူရန် အခြား ဆေးရုံကြီး တစ်ခုသို့  ပို့ဆောင်ခဲ့ရသည်။ အန်သည် ခွဲစိတ်ပြီး ၅ နာရီအကြာတွင် ရောဂါ ဝေဒနာ သက်သာခဲ့ရပြီး ယခုအခါ အဆိုပါ ဆေးရုံ၏ အထူးကြပ်မတ် ကုသဆောင်တွင် အနားယူလျက် ရှိသည်။ “Star in My Heart“, “Mother and Sisters”, “My Goodbye” ဇာတ်ကား များဖြင့်  အောင်မြင် ကျော်ကြားသူ အသက် ၄၁ နှစ် အရွယ်ရှိ အန်သည် သီတင်းပတ် သုံးပတ်မှ လေးပတ် အတွင်း ပြန်လည် ကျန်းမာ လာမည်ဟု မျှော်လင့်ရကြောင်း ၎င်း၏ အေဂျင်စီက ပြောကြား ခဲ့သည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ