ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

10 February 2013

ပြစ်မှုဆိုင်ရာဥပဒေမှ ကာကွယ်ခုခံပိုင်ခွင့်အကြောင်း

ကာကွယ်ခုခံပိုင်ခွင့်
၉၆။    ။ ကာကွယ်ခုခံပိုင်ခွင့်အရ ပြုသောပြုလုပ်မှုသည် ပြစ်မှုမမြောက်။
၉၇။    ။ ပုဒ်မ ၉၉ ပါ ကန့်သတ်ချက်များကို မဆန့်ကျင်ဘဲ မည်သူမဆို-
ပထမ။        ။လူကိုယ်ကို ထိခိုင်ကျူးလွန်သည့်ပြစ်မှုကို တားဆီးရန်၊ မိမိကိုယ်နှင့် အခြားသူ၏ ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

ဒုတိယ။        ။ ခိုးမှု၊ သို့တည်းမဟုတ် လုယက်မှု၊ သို့တည်းမဟုတ် အကျိုးဖျက်ဆီးမှု၊ သို့တည်းမဟုတ် ရာဇဝတ်ပြစ်ဒဏ်ထိုက်သော ကျော်နင်းမှုကိုသော်လည်းကောင်း၊ အဆိုပါ ပြစ်မှုမျိုးကို ကျူးလွန်ရန် အားထုတ်ခြင်းကို သော်လည်းကောင်း၊ တားဆီးရန် မိမိပိုင်ဖြစ်စေ၊ သူတစ်ပါးပိုင်ဖြစ်စေ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို သို့တည်းမဟုတ် မရွှေ့ မပြောင်း နိုင်သည့်ပစ္စည်းများကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။
၉၈။    ။ ပြုလုပ်မှုတစ်ခုသည် အသက်ငယ်ခြင်း၊ အမြော်အမြင်အဆင်အခြင် မပြည့်စုံသေးခြင်း၊ စိတ်ပေါ့သွပ်ခြင်း၊ မူးယစ်ခြင်း၊ ကြောင်းခြင်းရာ အမှန်မသိခြင်း၊ တစ်ခုခုကြောင့်သာ ထိုပြုလုပ်မှုမျိုးကို ပြုသူအတွက် ပြစ်ဒဏ်မထိုက်သော်လည်း၊ မည်သူမဆို၊ ထိုပြုလုပ်မှုကို တားဆီးရန် ပြစ်မှုမြောက်သော ပြုလုပ်မှုဖြစ်ဘိ သကဲ့သို့ ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။
ဥပမာများ
(က) မောင်မဲသည် ရူးသွပ်နေခိုက် မောင်ဖြူကို သတ်မည်ဟု အားထုတ်၏။ မောင်မဲ၌ အပြစ်မရှိ၊ သို့ရာတွင် မောင်မဲ မရူသွပ်လျှင် မောင်ဖြူမှာ ကာကွယ်ခုခံပိုင်ခွင့်ရှိသကဲ့သို့ ဤကိစ္စတွင်လည်း ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။
(ခ) မောင်ဖြူသည် ဥပဒေနှင့်အညီ ဝင်ခွင့်ရှိသော အိမ်တစ်အိမ်ထဲသို့ ညဥ့်အခါဝင်ရောက်၏။ မောင်မဲ က မောင်ဖြူကို အိမ်ဖောက်ထွင်းသူဖြစ်မည်ဟု သဘောရိုးနှင့်ထင်၍ မောင်ဖြူအား အန္တရာယ်ပြု၏။ ဤတွင် မောင်မဲမှာ ကြောင်းခြင်းရာ အမှန်ကို မသိခြင်းကြောင့် မောင်ဖြူအား အန္တရာယ်ပြုသော်လည်း၊ ပြစ်မှု ကျူးလွန် ရာမရောက်၊ သို့ရာတွင် မောင်မဲသည် အကြောင်းခြင်းရာအမှန်ကိုသိလျက်နှင့် အန္တရာယ်ပြုဘိသကဲ့သို့၊ မောင်ဖြူမှာမောင်မဲ၏အန္တရာယ်ပြုခြင်းကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။
၉၉။    ။ သေဘေးဖြစ်စေရန်သော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေရန်သော်လည်းကောင်း စိုးရိမ်လောက်ဖွယ်ရာ အကြောင်းယုတ္တိမရှိသော ပြုလုပ်မှုကို ပြည့်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် သဘောရိုးနှင့် ပြုလုပ်လျှင်၊ သို့တည်းမဟုတ် ပြုလုပ်ရန်အားထုတ်လျှင်၊ ထိုသို့ပြုလုပ်ခြင်း၊ အားထုတ်ခြင်း တစ်ခုခုမှာ ဥပဒေအရ ပြုပိုင်ခွင့် အတိအကျ မရှိသော်လည်း ထိုပြုလုပ်မှု၊ အားထုတ်မှု တစ်ခုခုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်မရှိ။
သေဘေးကိုဖြစ်စေရန်သော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေရန်သော်လည်းကောင်း စိုးရိမ်လောက်ဖွယ်ရာ အကြောင်းယုတ္တိမရှိသော ပြုလုပ်မှုကို ပြည်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် သဘောရိုးနှင့်ညွှန်ကြားသည့်အတိုင်း တစ်ဦးတစ်ယောက်က ပြုလုပ်လျှင်၊ သို့တည်းမဟုတ် ပြုလုပ်ရန် အားထုတ်လျှင်၊ ထိုညွှန်ကြားချက်မှာ ဥပဒေအရ ပြုပိုင်ခွင့် အတိအကျ မရှိသော်လည်း၊ ထိုပြုလုပ်မှုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်မရှိ။
ပြည်သူ့ဝန်ထမ်းအာဏာပိုင်တို့ထံမှ အကာအကွယ် အစောင့်အရှောက်ရနိုင်ရန် တိုင်တန်းခွင့်အချိန် ရှိသည့်ကိစ္စများတွင် ကာကွယ်ခုခံပိုင်ခွင့်မရှိ။
ကာကွယ်ခုခံရာတွင် ကာကွယ်ခုခံသော သဘောဖြင့် ဘေးအန္တရာယ်ပြုရန် လိုအပ်သည်ထက် ပို၍ ပြုခွင့်မရှိ။
ရှင်းလင်းချက် ၁။    ။ ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့်ပြုသော၊ သို့တည်းမဟုတ် ပြုရန်အားထုတ်သောသူသည် ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု အပြုခံရသူက မသိလျှင်၊ သို့တည်းမဟုတ် ယုံကြည်ရန် အကြောင်းမရှိလျှင်၊ ထိုသူသည် ထိုပြည်သူ့ဝန်ထမ်း၏ပြုလုပ်မှုကို၊ သို့တည်းမဟုတ် အားထုတ်မှုကို တားဆီးရန်ကာကွယ်ခုခံပိုင်ခွင့် ရှိသည်။
ရှင်းလင်းချက် ၂။    ။ ပြုသူသည် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ ညွှန်ကြားချက်အရ ပြုသည်ကို သော်လည်းကောင်း၊ အားထုတ်သည်ကိုသော်လည်းကောင်း၊ အပြုခံရသူက မသိလျှင်၊ သို့တည်းမဟုတ် ယုံကြည်ရန်  အကြောင်းမရှိလျှင်၊ သို့တည်းမဟုတ် မည်သည့်အာဏာအရပြုကြောင်းကို ပြုသူကမပြော မဆိုလျှင်၊ သို့တည်းမဟုတ် အာဏာကို စာဖြင့်ပေးထားရရှိပါလျက် ထိုစာကို တောင်းဆိုသည့်အခါ မပြလျှင်၊ အပြုခံရသူသည် အဆိုပါ ပြည်သူ့ဝန်ထမ်း၏ညွှန်ကြားချက်အရ ပြုသည်ကို သို့တည်းမဟုတ် အားထုတ်သည်ကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။
၁ဝဝ။    ။အောက်ဖော်ပြပါ ပြစ်မှုများအနက် ပြစ်မှုတစ်ခုခုကို အန္တရာယ်ပြုသူက ကျူးလွန်ခဲ့လျှင်၊ တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြသည့် ကန့်သတ်ချက်များကို အထောက်အထားပြုကာ၊ ထိုအန္တရာယ်ပြုသူကို သေစေရန်သော်လည်းကောင်း၊ အခြားဘေးအန္တရာယ်တစ်ခုခု ဖြစ်စေရန်သော်လည်းကောင်း၊ အခြားဘေးအန္တရာယ်တစ်ခုခု ဖြစ်စေရန်သော်လည်းကောင်း၊ မည်သူမဆို မိမိအလိုအလျောက်ပြု၍ လူကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။
ပထမ။        ။ မကာကွယ်မခုခံလျှင်၊ သေဘေးသို့ရောက်စေခြင်းအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လောက်အောင် အကြောင်းရှိသည့် လက်ရောက်မှု။
ဒုတိယ။        ။ မကာကွယ်မခုခံလျှင်၊ အပြင်းအထန်းနာကျင်စေခြင်းအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လောက်အောင် အကြောင်းရှိသည့်လက်ရောက်မှု။
တတိယ။    ။ မုဒိမ်းကျင့်ရန် အကြံအစည်နှင့် ကျူးလွန်သည့်လက်ရောက်မှု။
စတုတ္ထ ။    ။ ကာမရာမစိတ်ကို ဓမ္မတာအတိုင်းမဟုတ်ဘဲ ရောင့်ရဲအောင် ပြုလုပ်ရန်အကြံနှင့် ကျူးလွန်သည့် လက်ရောက်မှု။
ပဉ္စမ   ။    ။ လူကို ခိုးယူရန် အကြံနှင့်သော်လည်းကောင်း၊ သွေးဆောင်ခေါ်ငင်ရန် အကြံနှင့်သော်လည်းကောင်း၊ ကျူးလွန်သည့်လက်ရောက်မှု။
ဆဌမ  ။    ။ လွတ်မြောက်ရေးအတွက် ပြည်သူ့ဝန်ထမ်းအာဏာပိုင်တို့ထံ တိုင်တန်းနိုင်ခွင့်မရနိုင်ဟု စိုးရိမ်ဖွယ်ရာ ဖြစ်လောက်အောင် အကြောင်းကို ဖြစ်စေပြီးလျှင် တစ်ဦးတစ်ယောက်သော သူအား မတရားချုပ်နှောင်ထားရန် အကြံနှင့် ကျူးလွန်သည့်လက်ရောက်မှု။
၁ဝ၁။    ။ တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြထားသော အန္တရာယ်ပြုသူက ပြစ်မှုများအနက် တစ်ခုခုကို ကျူးလွန်ခဲ့သည်မဟုတ်လျှင်၊ ထိုအန္တရာယ်ပြုသူသေအောင် မည်သူမဆို၊ မိမိအလိုအလျောက် လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်မရှိ၊ သို့ရာတွင် ပုဒ်မ ၉၉ တွင် ဖော်ပြသည့် ကန့်သတ် ချက်များကို အထောက်အထားပြုကာ၊ အန္တရာယ်ပြုသူကို သေစေခြင်းမှတစ်ပါး အခြားဘေးအန္တရာယ်ဖြစ်စေရန် မည်သူမဆို၊ မိမိ အလိုအလျောက်ပြု၍၊ လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။
၁ဝ၂။    ။ ပြစ်မှုကျူးလွန်ခြင်းမရှိသေးသော်လည်း ပြစ်မှုကို ကျူးလွန်ရန် အားထုတ်မှုမှသော်လည်းကောင်း၊ ခြိမ်းခြောက်မှုမှသော်လည်းကောင်း၊ လူ့ကိုယ်ကို ဘေးအန္တရာယ်ဖြစ်စေမှုအတွက် စိုးရိမ်ဖွယ်ရာအကြောင်း ပေါ်ပေါက် လာသည်နှင့် တစ်ပြိုင်နက် လူ့ကိုယ်ကို ခုခံပိုင်ခွင့်သည် စတင်ဖြစ်ပေါ်လာသည်။
ထို့ပြင် အဆိုပါ ဘေးအန္တရာယ်အတွက် စိုးရိမ်ဖွယ်ရာအကြောင်း ဆက်လက်တည်ရှိနေသမျှကာလပတ်လုံး လူ့ကိုယ်ကို ကာကွယ်ရန်ခုခံပိုင်ခွင့်လည်း ဆက်လက်တည်ရှိ လျက်နေသည်။
၁ဝ၃။    ။ အောက်ဖော်ပြပါ ပြစ်မှုများအနက် ပြစ်မှုတစ်ခုခုကို မတော်မမှန်ပြုသူက ကျူးလွန်လျှင်၊ သို့တည်းမဟုတ် ကျူးလွန်ရန် အားထုတ်လျှင်၊ ပုဒ်မ ၉၉ တွင် ဖော်ပြထားသည့် ကန့်သတ်ချက်များကို အထောက်အထားပြုကာ၊ ထိုမတော်မမှန်ပြုသူကို သေစေရန်သော်လည်းကောင်း၊ အခြားဘေးအန္တရာယ် ဖြစ်စေရန်သော်လည်းကောင်း၊ မည်သူမဆို မိမိ အလိုအလျောက်ပြု၍ ပစ္စည်းကို ကာကွယ်ခုခံ ပိုင်ခွင့်ရှိသည်။
ပထမ  ။    ။ လုယက်မှု။
ဒုတိယ ။    ။ ညဥ့်အခါ အိမ်ဖောက်ထွင်းမှု။
တတိယ။    ။ လူနေရန်ဖြစ်စေ၊ ဥစ္စာပစ္စည်းထားသိုရန်ဖြစ်စေ အသုံးပြုသည့်တိုက်အိမ် စသည့် အဆောက်အအုံ၊ တဲ၊ ရေယာဉ်တစ်ခုခုတွင် ကျူးလွန်သည့် မီးဖြင့် အကျိုးဖျက်ဆီးမှု။
စတုတ္ထ ။    ။ မကာကွယ် မခုခံဘဲနေပါက သေဘေးကို၊ သို့တည်းမဟုတ် အပြင်းအထန် နာကျင်ခြင်းခံရမည်ကို စိုးရိမ်ရန်အကြောင်းရှိအောင် ကျူးလွန်သည့် ခိုးမှု၊ သို့တည်း မဟုတ် အကျိုးဖျက်ဆီးမှု၊ သို့တည်းမဟုတ် အိမ်ကျော်နင်းမှု။
၁ဝ၄။    ။ တစ်ဦးတစ်ယောက်သောသူသည် တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြထားသော ပြစ်မှုမျိုးမဟုတ်သည့်ခိုးမှု၊ အကျိုးဖျက်ဆီးမှု ရာဇဝတ်ပြစ်ဒဏ်ထိုက်သော ကျော်နင်းမှု တစ်ခုခုကို ကျူးလွန်လျှင်၊ သို့တည်းမဟုတ် ကျူးလွန်ရန် အားထုတ်လျှင် ထိုသူကို သေစေရန် မည်သူမဆို၊ မိမိ အလိုအလျောက်ပြု၍ ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်မရှိ၊ သို့ရာတွင် ပုဒ်မ ၉၉ ၌ ဖော်ပြသည့် ကန့်သတ်ချက်များကို အထောက်အထားပြုကာ၊ ထိုမတော်မမှန် ပြုသူကို သေစေခြင်းမှတစ်ပါး အခြားဘေးအန္တရာယ် ဖြစ်စေရန် မည်သူမဆို၊ မိမိ အလိုအလျောက်ပြု၍ ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။
၁ဝ၅။    ။ ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်သည်၊ ပစ္စည်းကို ဘေးအန္တရာယ်ဖြစ်စေမည့် စိုးရိမ်ဖွယ်ရာအကြောင်း ဖြစ်ပေါ်လာသည့်အခါမှ အစပြုသည်။
ခိုးမှုမှပစ္စည်း ကာကွယ်ခုခံပိုင်ခွင့်သည်၊ ပြစ်မှုကျူးလွန်သူက ခိုးရာပါပစ္စည်းနှင့်တကွ ထွက်ခွာ သွားသည့်တိုင်အောင်၊ သို့တည်းမဟုတ် ပြည်သူ့ဝန်ထမ်းအာဏာပိုင်တို့၏ အကူအညီကို ရသည့်တိုင်အောင်၊ သို့တည်းမဟုတ် ပစ္စည်းကို ပြန်ရသည်တိုင်အောင် ဆက်လက်တည်နေသည်။
လုယက်မှုမှ ပစ္စည်းကာကွယ် ခုခံပိုင်ခွင့်သည်၊ ပြစ်မှုကျူးလွန်သူက တစ်ဦးတစ်ယောက်သောသူကို သေအောင်သော်လည်းကောင်း၊ နာကျင်အောင်သော်လည်းကောင်း၊ မတရား တားဆီးရန်သော်လည်းကောင်း၊ ပြုနေသမျှ ကာလပတ်လုံး၊ သို့တည်းမဟုတ် ပြုရန် အားထုတ်နေသမျှ ကာလပတ်လုံး၊ သို့တည်းမဟုတ် တစ်မဟုတ်ချင်း သေရမည်ဟုသော်လည်းကောင်း၊ တစ်မုဟုတ်ချင်း နာကျင်ခြင်းခံရမည် ဟုသော်လည်းကောင်း၊ တစ်မုဟုတ်ချင်း ကိုယ်တိုင် အချုပ်အနှောင်ခံရမည်ဟု သော်လည်းကောင်း၊ ကြောက်ရွံ့ဖွယ်ရာ ဖြစ်အောင် ကျူးလွန်သူက ပြုနေသမျှ ကာလပတ်လုံး ဆက်လက် တည်နေသည်။
ရာဇဝတ်ပြစ်ဒဏ်ထိုက်သော ကျော်နင်းမှုမှ၊ သို့တည်းမဟုတ် အကျိုးဖျက်ဆီးမှုမှ ပစ္စည်းကာကွယ်ခုခံပိုင်ခွင့်သည်၊ ပြစ်မှု ကျူးလွန်သူက ရာဇဝတ်ပြစ်ဒဏ်ထိုက်သော ကျော်နင်းမှုကို၊ သို့တည်းမဟုတ် အကျိုးဖျက်ဆီးမှုကို ကျူးလွန်နေသမျှ ကာလပတ်လုံး ဆက်လက် တည်နေသည်။
ညအခါ အိမ်ဖောက်ထွင်းမှုမှ ပစ္စည်းကာကွယ်ခုခံပိုင်ခွင့်သည်၊ ပြစ်မှုကျူးလွန်သူက အိမ်ကို ဖောက်ထွင်းခြင်းဖြင့် အစပြုသော အိမ်ကျော်နင်းမှု ကျူးလွန်နေသမျှကာလပတ်လုံး ဆက်လက်တည်နေသည်။
၁ဝ၆။    ။ သေစေရန် စိုးရိမ်ဖွယ်ရာအကြောင်းရှိသည့် လက်ရောက်မှုမှ ကာကွယ် ခုခံပိုင်ခွင့်ကို    ဆောင်ရွက်ရာတွင်၊ ကာကွယ်ခုခံသူသည် အပြစ်မရှိသူတစ်ဦးတစ်ယောက်အား ဘေးအန္တရာယ် မဖြစ်နိုင်စေဘဲ ထိုအခွင့်ကို ဖြစ်မြောက်အောင် မသုံးနိုင်သော အခြေသို့ရောက်ရှိနေလျှင် ထိုအပြစ်မရှိသူအား ဘေးအန္တရာယ်ဖြစ်စေမည့် အကြောင်းရှိသော်လည်း မိမိ၌ ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။
ဥပမာ
လူတစ်စုသည် မောင်ဖြူကို သတ်ရန် အားထုတ်၍ မောင်ဖြူအား အန္တရာယ်ပြု၏။ မောင်ဖြူသည် ထိုလူစုကို သေနတ်နှင့် မပစ်ခတ်ဘဲ ကာကွယ်ခုခံပိုင်ခွင့်ကို ဖြစ်မြောက်အောင် မသုံးနိုင်သည့် အခြေသို့ ရောက်ရှိနေသည်။ ပစ်ခတ်ပြန်လျှင်လည်း ထိုလူစုနှင့်ရောနှောလျက်ရှိသည့် ကလေးများသို့ အန္တရာယ် မဖြစ်နိုင်စေဘဲ မပစ်မခတ်နိုင်သော အခြေသို့ ရောက်ရှိနေပြန်သည်။ ထိုအခြေတွင် သေနတ်ပစ်ခတ်ခြင်းကြောင့် ကလေးတစ်ယောက်ယောက်ကို ဘေးအန္တရာယ်ဖြစ်စေခဲ့သော်လည်း ကာကွယ်ခုခံသူမောင်ဖြူသည် ပြစ်မှုကျူးလွန်ရာမရောက်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ