ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

10 February 2013

တိုက်စစ်မှူးသုံးဦးအား တဦးလျှင် ၂၅ဂိုးလောက်သွင်းယူရန်အလိုရှိသည့် ဖာဂူဆန်


roocrop_2857648

မန်ချက်စတာ အသင်း နည်းပြကြီး ဖာဂူဆန်က ရှေတန်း တိုက်စစ်မှူး များဖြစ်သော ဗန်ပါစီ ၊ ရွန်းနီ နဲ့ဟာနန်ဒက် တို့ အား တစ်ယောက်လျှင် ၂၅ဂိုးခန့် သွင်းယူ ပေးနိုင်ပါက အလွန်ပင် ကျေနပ်စရာ ကောင်းသလို သွင်းလည်း သွင်းယူနိုင်ပါသည်ဟု တိုက်စစ်မှူး များပေါ် ယုံကြည်မှုများ ရှိကြောင်း ပြောဆို သွားခဲ့ပါတယ်။
မန်စီးတီး အသင်းသည် မနေ့က  ဆောက်သမ်တန်အား ရှုံးနိမ်သည့် အတွက် မန်ယူသည် အဲဗာတန် အသင်းအား အနိုင်ရရှိ ပါက ၁၂မှတ်ထိ ပြတ်သွားမည် ဖြစ်သည်။ထို့ကြောင့် ဖာဂူဆန်သည် ပြတ်ပြတ်သားသား ဦးဆောင်ရန် အလိုရှိသလို အဲဗာတန် ပွဲကစပြီး အသင်း တိုက်စစ်မှူး သုံးဦးစလုံး တဦးလျှင် ၂၅ဂိုးခန့် သွင်းယူရန် တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဖာဂူဆန်က -
ယခုအချိန်မှာ ရွန်းနီက ၁၃ဂိုး ၊ ဟာနန်ဒက်က ၁၄ဂိုး နဲ့ ဗန်ပါစီက ၂၂ဂိုး သွင်းယူထားပါတယ်။ ပရီးမီးယားလိဂ်ပြီးဆုံးရန် ၁၃ပွဲ ခန့်ရယ် တခြား ဖလားပွဲတွေ ကျန်ရှိသေးသည့် အတွက် တဦးကို ၂၅ဂိုးခန့် သွင်းယူ နိုင်ပါသေးတယ် ။ ထို့ကြောင့် ဒီကစားသမား သုံးယောက် သာ ဒဏ်ရာပြသာနာ ကင်းရှင်းပါက တဦးကို ၂၅ဂိုးလောက် သေချာပေါက် သွင်းယူ နိုင်ပါသည်လို့ အင်တာဗျူး တခုမှာပြောဆိုသွားခဲ့ပါတယ်။
ရွန်းနီနှင့် ပက်သက်ပြီးတော့လည်း -
ရွန်းနီ အနေနဲ့ အသင်းဟောင်း ဖြစ်တဲ့ အဲဗာတန်နှင့် ပွဲမှာ  သူရဲ့ အခု လက်ရှိ အကောင်းဆုံး စွမ်းဆောင်ရည်ကို ထိန်းသိမ်းပြီး  စိုးရိမ်မှု မရှိပဲ အကောင်းဆုံး ကစားနိုင်မယ်လို့ မျှော်လင့် ပါတယ်။ကျွန်တော့် အနေနဲ့ ကတော့ အဲဗာတန်ပွဲမှာ တိုက်စစ်မှူး သုံးယောက် စလုံးကို ထည့်ဖို့ စဉ်းစားထားပါတယ်။ ထိုပွဲမှာ ရွန်းနီ အပါအ၀င် သုံးယောက်စလုံး ဂိုးသွင်းနိုင်ဖို့ ကျွန်တော် ကတော့ ယုံကြည်ပါတယ် ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ