ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

10 February 2013

ဖမ်းဆီးခြင်းဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မများ-

ဖမ်းဆီးခြင်းဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မများ-

(က)    အဖမ်းခံရမည့်သူက အသာတကြည်အဖမ်းမခံလျှင် ကိုယ်ထိလက်ရောက် ချုပ်နှောင်ဖမ်းဆီးရမည်။ (ကျင့် ၄၆(၁))
(ခ )    ဖမ်းဆီးခြင်းကို အကြမ်းဖက်ခုခံလျှင်ဖြစ်စေ (သို့) တိမ်းရှောင်ရန်အားထုတ်လျှင်ဖြစ်စေ ဖမ်းဆီးရမိရန် လိုအပ်သည့်နည်းအားလုံးကို သုံးနိုင်သည်။ (ကျင့် ၄၆(၂))

(ဂ )    သေဒဏ်(သို့)တစ်သက်တစ်ကျွန်းဒဏ်ထိုက်သည့် ပြစ်မှုဖြင့် စွပ်စွဲခံရသူမဟုတ်က သေအောင် လုပ်ခွင့်မရှိ။ (ကျင့် ၄၆(၃))
(ဃ) အဖမ်းခံရမည့်သူကဖြစ်စေ၊ ၎င်းကိုအားပေးသူကဖြစ်စေ အကြမ်းဖက်ခုခံသည့်အခါ (သို့) အန္တရယ်ပြုလာသည့်အခါ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၁ဝဝ အရ ကာကွယ်ခုခံပိုင်ခွင့်ရှိကြောင်း သတိပြုရမည်။
(င )  အဖမ်းခံရမည့်သူ ဝင်ရောက်နေသည်ဟု ယုံကြည်ရန်အကြောင်းရှိသည့် နေရာတစ်ခုခုအတွင်းသို့ ဝင်ရောက်ဖမ်းဆီးရန် ခွင့်တောင်းလျှင် ၎င်းနေရာတွင် နေထိုင်သူ (သို့) ရှိနေသူက ဝင်ရောက်ခြင်း ပြုရမည်။ (ပုဒ်မ-၄၇)
(စ )    ယင်းသို့ ဝင်ရောက်ခွင့်မရလျှင် အဆိုပါနေရာ၊ အဆောက်အဦး၏ ပြူတင်းတံခါးတို့ကို ချိုးဖျက်ဝင်ရောက်နိုင်သည်။ (ကျင့် ၄၈)
(ဆ)    ဖမ်းဆီးရန်အလို့ငှာ နေရာ (သို့) အိမ်အတွင်းသို့ ဝင်ရောက်ပြီး ပြန်မထွက်နိုင်ပါက ယင်းနေရာ (သို့) အိမ်၏ ပြူတင်းတံခါးတို့ကို ချိုးဖျက်ဖွင့်လှစ်နိုင်သည်။ (ကျင့် ၄၉)
(ဇ )    ဝရမ်းမပါဘဲ ဖမ်းဆီးရမိသူကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မည်သည့်နေရာသို့မဆို လိုက်လံဖမ်းဆီးနိုင်သည်။ (ကျင့် ၄၈)
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၄ (၁)
မည်သည့်ရဲတပ်ဖွဲ့ဝင်မဆို အောက်ပါသူများကို ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရသည်-
    (ပထမ)    အရေးပိုင်သည့် ပြစ်မှုတစ်ခုခုတွင် ပါဝင်သူ/တိုင်တန်းခြင်းခံရသူ/ သတင်းပေးခြင်းခံရသူ/     သင်္ကာမကင်းသူ။
    (ဒုတိယ)    အိမ်ဖောက်ထွင်းသည့်ကိရိယာကို ဥပဒေနှင့်ညီသောအကြောင်းမရှိဘဲ လက်ရှိ တွေ့သူ။
    (တတိယ)    ဝရမ်းပြေးအဖြစ် ကြော်ငြာခြင်းခံရသူ။
    (စတုတ္ဃ)    ခိုးရာပါပစ္စည်းဟု မသင်္ကာသောပစ္စည်းနှင့်တွေ့ရှိ၍ အကြောင်းလုံလောက်စွာ မပြောနိုင်သူ။
    (ပဉ္စမ)    ရဲတပ်ဖွဲ့ဝင်များ အလုပ်ဝတ္တရားဆောင်ရွက်နေစဉ် ဟန့်တားသူ၊ ဥပဒေနှင့်အညီ ထုတ်ထားရာ မှထွက်ပြေးသူ/ အားထုတ်သူ။
    (ဆဌမ)    မြန်မာနိုင်ငံ (ကြည်း၊ ရေ၊ လေ)တပ်မှ ထွက်ပြေးသူဟု သင်္ကာမကင်းရှိသူ။
    (သတ္တမ)    မြန်မာနိုင်ငံအပ၌ ကျူးလွန်သောပြစ်မှုများတွင် စပ်ဆိုင်ပါဝင်၍ ထိုပြစ်မှုအတွက် ပြစ်မှု ကျူးလွန်သူအား သက်ဆိုင်ရာနိုင်ငံသို့ ပေးအပ်ရေးနှင့် သက်ဆိုင်ရာနိုင်ငံမှ တောင်းဆိုရေး ဥပဒေအရအခြားနည်းဖြင့် ဖမ်းဆီးခံထိုက်သူ။
    (အဌမ)    ကျင့် ၅၆၅(၃)အရ ပြဌာန်းသော နည်းဥပဒေကို ကျူးလွန်သူထောင်လွတ် အကျဉ်းသား။
    (နဝမ)    ဥပဒေနှင့်အညီ ဝရမ်းမပါဘဲဖမ်းဆီးနိုင်ခွင့်ရှိ၍ အခြားရဲစခန်းမှ အကြောင်းကြား စာအရ ဖမ်းဆီးခံထိုက်သူ။
    (၁)    တတိယအပိုဒ်၌ ဝရမ်းပြေးကို ကျင့် ၅၉(၁)အရ အရပ်သားလည်း ဖြစ်နိုင်သည်။ အရေးမပိုင်သည့် ပြစ်မှုကျူးလွန်ပြီး ပြေးသော်လည်း ကျင့် ၈၇ အရကြော်ငြာပြီးသည့်အခါ     ဖမ်းနိုင်သည်။
    (၂)    ရဲမှတာဝန်ဆောင်ရွက်စဉ် သာမန်ဟန့်တားလျှင် ပြစ်မှုပုဒ်မ ၁၇၆ အရ အရေးယူနိုင်ပြီး     အရေးယူမပိုင်မှုဖြစ်သည်။
    (၃)    ကျင့် ၅၆၅(၃)အရ နည်းဥပဒေကို ဖောက်ဖျက်သူကို ပြစ်မှုပုဒ်မ ၁၇၆ အရ အရေးယူနိုင်ပြီး အရေးယူမပိုင်မှုဖြစ်သည်။
    (၄)    အခြားရဲစခန်းမှ စာဖြင့်ဖမ်းခိုင်းရာတွင် အဖမ်းခံရမည့်သူ၏ အမည်၊ နေရပ် အပြင် မည်သည့် အတွက်ဖမ်းရန် ဝရမ်းမပါဘဲ ဖမ်းနိုင်ကြောင်းပါရှိရမည်။(ရဲလက်စွဲ ၁၆၆၈)

ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် အောက်ပါအခွင့်အာဏာများအရ တစ်ဦးတစ်ယောက်အား ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည်-
(က)    ကျင့်ထုံးပုဒ်မ ၅၄(၁)၊ ပထမပိုဒ်နှင့် နဝမပိုဒ်အထိ ပြဌာန်းချက်များတွင် အကျုံးဝင်သူများ။
(ခ)    ကျင့်ထုံးပုဒ်မ ၅၅ အရ ပြစ်မှုကြိုတင်ကာကွယ်ရေးအတွက် ပြစ်မှုအမြဲကျူးလွန်တတ် သူများ၊ အလုပ်အကိုင်အထင်ရှားမရှိသူများ၊ ကျော်ဇောသတင်းရှိသူများကို ဖမ်းဆီးခြင်း။
(ဂ )   ကျင့်ထုံးပုဒ်မ ၅၆ အရ ရဲအရေးပိုင်သော ပြစ်မှုကို စုံစမ်းထောက်လှမ်းသည့် အခါ ဖမ်းဆီးခြင်း။
(ဃ)   ကျင့်ထုံးပုဒ်မ ၅၇ အရ အရေးမပိုင်သည့် ပြစ်မှုကျူးလွန်သည့်အခါ အမည်၊ နေရပ်လိပ်စာတို့ကို ပေးရန်ငြင်းလျှင် (သို့) မမှန်သောအမည်၊ နေရပ်လိပ်စာကိုပေးလျှင်။
(င )   ကျင့်ထုံးပုဒ်မ ၅၄(၆)အရလည်းကောင်း၊ ပုဒ်မခွဲ ၅ အရ စည်းကမ်းချက်ဖြင့် လွတ်သော အမိန့်ကို ပယ်ဖျက်သည့်အခါ။
(စ )   ကျင့်ထုံးပုဒ်မ ၁၂၈ အရ ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးကို လူစုခွဲသည့်အခါ လူကွဲစေရန် (သို့) ဥပဒေအရ အရေးယူရန်။
(ဆ)   ကျင့်ထုံးပုဒ်မ ၁၅၁ အရ ရဲအရေးပိုင်သော ပြစ်မှုကျူးလွန်ခြင်းမှ တားဆီးရန်။
(ဇ )   ကျင့်ထုံးပုဒ်မ ၄ဝ၁ (၃)အရ စည်းကမ်းသတ်ဖြင့်လွတ်ထားသော ထောင်လွတ်အား စည်းကမ်းချက် ပယ်ဖျက်သောအခါ (သို့) လွတ်ငြိမ်းချမ်းသာခွင့်ပယ်ဖျက်သောအခါ (သို့) ဆိုင်းငံ့အမိန့်ကိုပယ်ဖျက်သောအခါ။
(ဈ )   အထူးနှင့်အထွေထွေဥပဒေ (သို့) အခြားတည်ဆဲဥပဒေကိုချိုးဖောက်၍ရဲအရေးပိုင်သည့်ပြစ်မှုဖြစ် သည့်အခါ။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ