ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

10 February 2013

တညဉ့်တည်းမှာ ရယကရုံးမီးတိုက် လူသတ်၊ ဒေသခံ ရခိုင်တယောက်နန့် ကုလားမိသားစုတစုသီဆုံး


1 ဂနိန့် အာရုံတက် မိုးထ(၃)နာရီလောက်မှာ ရခိုင်ပြည် မောင်တောမြို့ နယ် င/ခူရအပိုင် ငခူရရွာသစ် ယောင်ဘူ(ရောင်ဘူ)ရွာ နစက နယ်မြီ(၂)စခန်းနားမှာ အစွမ်းရောက် ဘင်္ဂလီအုပ်စုတခုက အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်လားကြောင်း လေးဝတီကသတင်းရဟိပါသည်။
ဖြစ်စိုင်နန့်ပတ်သတ်လို့ မောင်တောမြို့  ယောင်ဘူရွာသားတယောက်က အဂုပိုင်ပြောပြပါရေ။
” ညဇာက ညဉ့်သိုင်ခေါင်ကျော်လောက်မှာ အကြမ်းဖက်ဘင်္ဂလီ တဆယ်ကျော်လောက်ရေ ဘင်္ဂလာဒေခ်ျ့ နိုင်ငံလုပ် သေနပ်၊ ဒါး၊ တုတ်၊ လှံရှည်တိ ကိုင်ဆောင်ဗျာယ် ရွာထဲကိုဝင်လာပြီးကေ ဗမာစကားနန့် အိမ်သားတိကို တန်းခါးဖွင့်ခိုင်းပါရေ။ အိမ်သားတယောက်က နစက ဝတ်စုံနန့်မြင်ခါ တန်းခါးဖွင့်ပီးရေ- တန်းခါးပွင့်စွာနန့် ကုလားတိ လုပ်သေနပ်(တူးမီး)နန့် တချက်ပစ်တေ ပါလာရေလူတိက တွိရေလူကို ဓါးနန့်ခွတ် လှံနန့်ထိုးဘာရေ ယင်းအိမ်မှာ ရောက်နိန်ရေ စစ်တွေဘောက်သီးစုက ဦးအေးမောင်က ဒါဏ်ရာများလို့ မောင်တောဆေးရုံကိုယူခါ သီဆုံးလားဘာရေ”လို့ ပြောပြပါသည်။
အဆိုပါအကြမ်းဖက်မှူမှာ ရခိုင်အမျိုးသားတယောက်သီဆုံးပြီးကေ ကျန်သုံးယောက်ဒါဏ်ရာ ပြင်းထန်ကြောင်းနန့် ဒါဏ်ရာရလူတိကို မောင်တောဆီးရုံးကြီးမှာ အတွင်းလူနာအဖြစ် ဆီးကုသနိန်ကြောင်း မောင်တောဆီးရုံက ၀န်ထမ်းတစ်ယောက်ကလည်း ပြောပြပါသည်။
”လူနာတိဆီးရုံကို ရောက်လာစွာ နောက်ကျနိန်ရေအတွက် သွီးထွက်များလားပါရေ အေဂု ”O”နန့် ”A”သွီးအုပ်စုဝင် သွီးအရေးတကြီးလိုအပ်နိန်ဘာရေ”လို့ ပြောပါသည်။
မောင်တောမြို့ နယ်မှာ လွန်ခရေ ဘင်္ဂလီအကြမ်းဖက်မှူ(၈)လ အကြာမှာ ပေါ်ပေါက်တေလောက်ကပင် ကြားမှာ ပြဿနာတိန်းလားခရေ ထင်ရကေလည်း အဂုအခါ လွန်ခရေ နှစ်ပတ်ကျော်က ပြန်ပြီးကေ အကြမ်းဖက်တိုက်ခိုက်မှူတိ ပြန်စလာကြောင်း မှုခင်းတာဝန်ခံတယောက်က ပြောပြပါသည်။
”မောင်တောမြို့ စွာ ဘင်္ဂလာနယ်စပ်မြို့ တမြို့ ဖြစ်နိန်စွာမှာ အေနယ်စပ်မြို့ မှာ အထက်ဗမာပြည်က တာဝန်ကျလို့ ရောက်ဟိလာရေ ဗမာလူကြီးတိ အဂတိလိုက်စားစွာရေ အဓိကပြဿနာတခုပါ။ နစက ဒေသအာဏာပိုင်တိက အေဂုထိ ညဉ့်(၁၀)နာရီက မိုးထ(၆)နာရီထိ ညမထွက်ရ အမိန့်ရေ ငွေထုတ်အောက်မှာ ပြားပြားမှောက်လားပါရေ”လို့ ပြောပါသည်။
တဆက်တည်းမှာ ညဇာက မောင်တောတနယ်လုံးမှာ လူသတ်မှူ မီးတိုက်မှူတိ ဆက်တိုက်ဖြစ်လားကြောင်းကို မောင်တောတာဝန်ခံ စောပြည်ညိုက လေးဝတီကို အဂုပိုင် ဆက်တိုက်သတင်းပီးပို့ထားဘာရေ။
”မောင်တောတောင်ပိုင်း ကံပူးကုလားရွာမှာ ညဇာက ညဉ့် ကုလားအချင်းချင်း စကားများဂတ်စွာကနိန် ရယက ရုံး အဆောက်အဦးတခုနန့် ကုလားအိမ်နှစ်ဆောင်ကို အကြမ်းဖက်အုပ်စုတစုက မီးတိုက်လားကြောင်း၊ မောင်တောမြို့ နယ် ကြိမ်ချောင်းအပိုင် လောင်းဒုန်အုပ်စု သပြေကုန်းရွာ(ကုလားရွာ)မှာ နိန်ထိုင်ရေ ကုလားမိသားစုတစုကိုလည်း အကြမ်းဖက်သတ်ဖြတ်ခလို့ (၄)ယောက်ပွဲချင်းပြီး သီဆုံးခဘာရေ”လို့ ပြောပြပါသည်။
ကြိမ်ချောင်း ကုလားမိသားစု သီဆုံးမှုကို လေးဝတီက ဆက်သွယ်ရေခါ သပြေကုန်းရွာက နာမေမဖေါ်လိုရေ ကုလားတယောက်က  ”မိုးလင်းအာရုံလောက်မှာ အဇူဇာရီ(၃၀)၊ ဘီဘီတာဘေဂုမ်(၅၀)၊ (၁၂)သား အချေတယောက်နန့် (၆)လသားချေ တယောက် လေးယောက်ကို ကုလားအကြမ်းဖက်အုပ်စု တစုက အိပ်နိန်စွာမှာ အိမ်ထဲကို ဝင်လို့ ဒါးနန့် အသီသတ်လားခစွာ”ဖြစ်တေလို့ ဆိုပါသည်။
သီဆုံးလားရေ ကုလားမိသားစုဝင် အလောင်းတိကို ကြိမ်ချောင်းဆီးရုံမှာ ဆရာဝန်တိစစ်ဆီးနိန်ကြောင်းနန့် ဖြစ်စိုင်ကို ယင်းလူက အေပိုင်ပြောပြပါသည်။ ”ကျွန်တော်ရို့ ကုလားတိမှာ ဘာသာရေးအစွမ်းရောက်တေ အုပ်စုဝင်တိရေ အဓိကဦးဆောင်ပြီးကေ ဇာကုလားတိမဆို ဗမာအစိုးရနန့် နီးစပ်တေလူတိကို ဂျီဟပ်စလို့ လုပ်စွာပါ။ သီဆုံးလားရေ မိသားစုဝင်တိမှာ အိမ်ရှင်ကို အဓိကဦးတည်သတ်ဖို့ ကြံနိန်စွာ ကြာဘာဗျာယ်။ ယင်းအိမ်ရှင်ရေ (GE)တပ်ဖွဲ့မှာ လမ်းဖေါက်ခြံစီးရိုးကာစွာမှာ မြီတူးရေ ကုလားအလုပ်ကြမ်းသမားတိကို ဦးဆောင်ရေ အလုပ်သမားဂေါင်းဆောင်ဖြစ်နိန်လို့ သူ့ကိုအငြိုးနန့် ရှာစွာမှာ မရရေခါ အပြစ်မဟိရေ အိမ်သားတိကို ဝင်လို့သတ်လားစွာဘာ”လို့ ပြောပြပါသည်။
မောင်တောမြို့ နယ်တခုလုံးမှာ တညဉ့်တည်းမှာ မီးတိုက် လူသတ်မှူတိ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လားစွာနန့် ပတ်သတ်လို့ လေးဝတီက အာဏာပိုင်တယောက်ကို ဆက်သွယ်ရေခါ သူက ”အေပြဿနာ င/ခူရ ဖြစ်စိုင်ရေ အဓိက မောင်တောမြို့ နယ်မှာ တာဝန်ကျနိန်ရေ တရားသူကြီး ဦးဝင်းဆွေနန့် သက်ဆိုင်ကြောင်း တရားသူကြီးရေ ငွေစားလို့ ကုလားတရားခံတိကို တလတည်းမှာ လွှတ်ပီးလိုက်တေအတွက် အေပြဿနာတိ ကြီးထွားလာရေလို့ ဆိုပါသည်။ အခုအခါ လုံခြုံရေး ညံ့ဖျင်းမှူကြောင့် နိန်ဝင်စွာနန့် မောင်တောဒေသခံတိရေ အထူးစိုးရိမ်နိန်ဂတ်တေလို့လည်း သိဟိရပါသည်။
စောပြည့်ညို(မောင်တော)

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ