ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

19 January 2013

အင်းတော်မြို့နယ်အတွင်း မီးရထားလမ်းပိုင်းတစ်ချို့ကို ပုဒ်မ ၁၄၄ ထုတ်ပြန်




စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်အတွင်း မီးရထားလမ်းပိုင်းတစ်ခိျု့ကို အင်းတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဇန်နဝါရီ(၁၆)ရက်နေ့စွဲဖြင့် ပုဒ်မ၁၄၄ ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ထိုပုဒ်မ၁၄၄ထုတ်ပြန်သောနေရာမှာ နန့်စီးအောင်ဘူတာ၏မြောက်ဘက် (၆)ဖာလုံအကွာမိုင်တိုင်အမှတ် (၆၁၃၊၃) အထိ၊ မဲဇာဘူတာ၏တောင်ဘက်(၇)မိုင်ခန့်အကွာ မိုင်တိုင်အမှတ်(၅၆၈၊၆)အထိနှင့်သံလမ်း၏ အရှေ့အနောက် ၇၅ပေ ဖြစ်ကြောင်းသိရသည်။

"အခုလိုအမိန့်ထုတ်ရတာဟာ အင်းတော်မြို့နယ်အတွင်းရှိတဲ့ ပြည်သူတွေရဲ့လုံခြုံရေးနဲ့အသက်အိုးအိမ်

စည်းစိမ်အပါအဝင်နိုင်ငံတော်ပိုင်ပစ္စည်းများဖျက်ဆီးခံရနိုင်တယ်လိုယူဆပြီးပုဒ်မ၁၄၄ကိုထုတ်ပြန်လိုက်တာပါ" ဟုအင်းတော်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းအမိန့်ကိုဇန်နဝါရီလ(၁၅)ရက်နေ့ကပြုလုပ်သော၁၊၂၀၁၃အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ခြင်းဖြစ်ပြီး အမိန့် တွင်ဖော်ပြပါ နယ်နမိတ် အတွင်းည(၈)နာရီမှနံနက်(၅) နာရီအတွင်းဖြတ်သန်းသွားလာခြင်းဝင်ရောက်ခြင်းမပြုရ၊ တားမြစ်ချက် ကိုဖောက်ဖျက် ပါ ကပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ၁၄၄အရအရေးယူခံရမည်ဖြစ်ပြီး အဆိုပါအမိန့် သည်၂၀၁၃ခုနှစ် ဇန်နဝါရီလ(၁၆) ရက်နေ့မှဖေဖော်ဝါရီလ(၁၄)ရက်နေ့အထိအတည်ဖြစ်ကြောင်းဖော်ပြ ပါရှိသည်။

"အခုပုဒ်မ၁၄၄ထုတ်ပြန်လိုက်တာကောင်းပါတယ်။ဘာဖြစ်လိုလဲဆိုတော့အခုရက်ပိုင်းအတွင်းမှာ ကေအိုင်အေက ကျွန်တော် တို့အင်းတော်မြို့အနီးမှာ ရှိတဲ့မီးရထားလမ်းတွေကိုမိုင်းခွဲမှုတွေလုပ်လာတယ်။ ဒေသခံတွေက လည်စိုးရိမ်မှုတွေရှိနေတဲ့ အချိန်မှာ အခုလိုအမိန့် ထုတ်ပြန်လိုက်တော့လုံခြုံသွားသလိုခံစား ရတယ်။ သွားရလာရတာတော့ အခက် အခဲဖြစ်သွားတာပေါ့" ဟုမီးရထားလမ်းအနီးရှိမြေပလ္လင် ရွာသားတစ်ဦး ကပြောသည်။

အဆိုပါတားမြစ်နယ်မြေအတွင်း စစ်ကိုင်းတိုင်းသေကြီး ကသာခရိုင် အင်းတော်မြို့နယ်၊မဲဇာဘူတာ ဆည်ရွာဘူတာ၊အင်းတော်ဘူတာ၊ နဘားဘူတာ၊ပင်ဝယ်ဘူတာ၊မော်လူးဘူတာနှင့် နန့်စီးအောင်ဘူတာများ `၏မြန်မာ့ မီးရထားဧရိယာ ဘူတာရပ်ဝန်းများ မပါကြောင်းသိရသည်။


From : ရန်ကုန်တိုင်မ်း
 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ