ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

19 January 2013

လက်စတာ လူငယ်တောင်ပံ ကစားသမားလေးအား အသင်းသို့ ခေါ်ယူ စမ်းသပ်နေသည့် မန်ယူ


250325_538812692804360_858524032_n
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ချန်ပီယံရှစ် ကလပ် လက်စတာ အသင်း၏ လူငယ် တောင်ပံ ကစားသမားလေး ဂျက် ရှက်လပ်ဖ် အား အသင်းသို့ ခေါ်ယူကာ လေ့ကျင့်ခန်း ဆင်းစေပြီး သူ၏ ခြေစွမ်းအား အကဲခတ် လေ့လာနေကြောင်း သိရသည်။
The Independent သတင်း အဆိုအရ အသက် ၂၀ အရွယ် ဂါနာ လက်ရွေးစင် ကစား သမားလေးသည် မန်ယူ အသင်း၏ ကာရင်တန် လေ့ကျင့်ရေးကွင်း၌ လေ့ကျင့်ခန်း ဆင်းနေပြီး လာမည့် ရက်ပိုင်း အတွင်း လက်စတာ အသင်းထံသို့ ပြန်လည် သွားရောက်မည် ဖြစ်သည်။ ရှက်လပ်ဖ် သည် တိုက်စစ်မှုး အဖြစ်သာမက ဘယ်တောင်ပံ တိုက်စစ် နှင့် ဘယ်နောက်ခံလူ အဖြစ်ပါ ကစားနိုင်သူ တစ်ဦး ဖြစ်ပြီး ယမန်နှစ်ရာသီက လက်စတာ အသင်းအတွက် ပွဲပေါင်း ၂၀ ကစားပေးခဲ့ပြီး သွင်းဂိုး ၆ ဂိုး အထိသွင်းယူ ပေးထား နိုင်သူ ဖြစ်သည်။
မန်ယူ အသင်း နှင့် လက်စတာ အသင်းတို့သည် ရင်းနှီးသည့် ဆက်ဆံရေး ကောင်းများ ပိုင်ဆိုင်ထားသည့် အသင်း ၂ သင်း ဖြစ်ပြီး ယူနိုက်တက် လူငယ် ကစားသမားဟောင်းများ ဖြစ်သည့် ဒန်နီ ဒရင့်ဝါးတား၊ ရီချီ ဒီလတ် နှင့် မတ်တီဂျိမ်း တို့ ပါဝင် ကစားနေသည့် အပြင် လက်ရှိ မန်ယူ လူငယ်များ ဖြစ်သည့် မိုက်ကယ် ကိန်း နှင့် ဂျာဇီ လင်ဂတ် တို့မှာ လက်စတာ အသင်းသို့ အငှား သွားရောက် ကစားနေ ကြကြောင်း သိရသည်။ မန်ယူ အသင်းသည် အသင်း၏ တောင်ပံ ကစားသမားများ ဖြစ်သည့် ဗလင်စီယာ၊ နာနီ နှင့် အက်ရှလေယန်း တို့၏ အရန် ကစားသမား အဖြစ် တောင်ပံ ကစားသမား တစ်ဦးအား ခေါ်ယူရန် ကြိုးပမ်းနေပြီး ပဲလေ့စ် ကစားသမား ဇာဟာ အပြင် ရှက်လပ်ဖ် ကိုပါ ခေါ်ယူဖွယ် ရှိနေကြောင်း သိရသည်။

 
MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ