ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

19 January 2013

ဆောက်သမ်တန် နည်းပြ နီဂျယ် အက်ကင် ထုတ်ပယ်ခံ ရခြင်း အပေါ် ဝေဖန်သွားသည့် ဆာ အဲလက်စ်


Nigel Adkins was sacked by Southampton
မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် က ဆောက်သမ်တန် အသင်း နည်းပြ အဖြစ်မှ နီဂျယ် အက်ကင် ထုတ်ပယ်ခံရသည့် သတင်းကို ကြားရ သည်မှာ မယုံ ကြည်နိုင် ဖွယ်ရာ ဖြစ်ကြောင်း၊
နည်းပြများ အပေါ် အနိုင်ကျင့်သည့် လုပ်ရပ် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။ ဆောက်သမ်တန် နည်းပြ နီဂျယ် အက်ကင် သည် အသင်းအား ယမန်နှစ် ရာသီက ချန်ပီယံရှစ် မှ ပရီးမီး ယားလိဂ် သို့ တန်းတက် လာအောင် စွမ်းဆောင် ပေးခဲ့သူ ဖြစ်ပြီး အသင်း၏ ကစားဟန်ကို တိုက်စစ် အသားပေး ကစားဟန် သို့ ပြောင်းလဲ နိုင်ခဲ့သူ ဖြစ်သည်။ သို့သော် ပရီးမီးယား လိဂ်၌မူ ရုန်းကန်နေရပြီး လက်ရှိ အချိန်တွင် တန်းဆင်းဇုန် နှင့် ၃ မှတ်သာ ကွာဟတော့သည့် အဆင့် ၁၅ နေရာ၌သာ ရပ်တည်အောင် စွမ်းဆောင်ပေး ထားနိုင်သူ ဖြစ်သည်။
ဖာဂူဆန် က “ဒါတွေဟာ ရူးမိုက်တဲ့ လူတွေရဲ့ လုပ်ရပ်ပါ။ ဒီသတင်းဟာ ယုံကြည်နိုင်ဖို့တောင် ခက်ခဲပါတယ်။ ကျွန်တော်တို့ အံ့သြလွန်းလို့ ဘာပြောရ မှန်းတောင် မသိ ပါဘူး။ ဆောက် သမ်တန် အသင်းအတွက် သူစွမ်းဆောင်ပေး ထားတာကို ကြည့်ရင် သူ့ကို အချိန်ပေး သင့်ပါတယ်။ အသင်း အနေနဲ့ သူ့အပေါ် အနိုင်ကျင့်ခဲ့ တာပါ။” ဟု နည်းပြ အချင်းချင်း စာနာစွာ ဖြင့် ဝေဖန် တုံ့ပြန်သွား ခဲ့သည်။ ဆောက်သမ်တန် အသင်းသည် နီဂျယ် အက်ကင် အား ထုတ်ပယ်ခဲ့ပြီးနောက် အက်စ်ပန်ညို အသင်း နည်းပြဟောင်း မာရီစီယို ပိုချက်တီနို ဖြင့် အစားထိုး ခဲ့ကြောင်း သိရသည်။

MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ