ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

19 January 2013

စစ်ဘေးဒုက္ခသည် ကလေးငယ် ၂၂၀ ကျော်အား ရွှေစင်မင်း ပရဟိတဂေဟာတွင် စောင့်ရှောက်မှုပေး



ကေအိုင်အေ ထိန်းချုပ်နယ်မြေများမှ ကချင်စစ်ဘေးဒုက္ခသည် ကလေးငယ် ၂၂၂ ဦးအား လာရောက် ခိုလှုံခွင့်ပြုထားကြောင်း ပြင်ဦးလွင် ရွှေစင်မင်းပရဟိတဂေဟာမှ ဆရာလေးဒေါ်နန္ဒသိဂက ပြောသည်။
စစ်ဘေးဒုက္ခသည် အားလုံးသည် မိန်းကလေးများဖြစ်ကြပြီး  အသက်သုံးနှစ်မှ နှစ်ဆယ်ကျော် အရွယ်များဖြစ်ကြကာပြီး

ခဲ့သည့် မေလနှင့် ဇွန်လများတွင် ရောက်ရှိလာကြခြင်းဖြစ်သည်။
“တချို့ မိဘတွေက မူးယစ်ဆေးဝါးသုံးစွဲလို့ သေဆုံးကြတာ၊ အချို့က စစ်ဘေးကြောင့် သေဆုံးရပြီး ကလေးတွေက မိဘမဲ့တွေ အဖြစ်နဲ့ ဒီဂေဟာကို ရောက်လာကြတာပါ” ဟု ဆရာလေးကဆိုသည်။
ရွှေစင်မင်း ပရဟိတဂေဟာကို ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ ပြု
စုစောင့်ရှောက်ထားသူ သုံးရာခန့်သာရှိခဲ့ကာ ၂၀၁၂ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားသော
စစ်ပွဲများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၏ မတည်ငြိမ်မှုများကြောင့် ဂေဟာသို့ ရောက်ရှိလာသူ
ပိုမိုများပြားလာပြီး လက်ရှိအချိန်တွင် ပြုစုစောင့်ရှောက်ထားသူပေါင်း ရှစ်ရာကျော်ရှိလာသည်။
မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့၏ ပွဲစီစဉ်သူဖြစ်ပြီး ရွှေစင်မင်းပရဟိတ ဂေဟာ၏ တာဝန်ရှိသူတစ်ဦးလည်းဖြစ်သော ကိုသီရန်စုက “ဒုက္ခသည် ကလေးငယ်လေးတွေကိုလည်း ဖျော်ဖြေရင်း ဂေဟာအတွက် ရန်ပုံငွေလည်း ရှာရင်းနဲ့ မဇ္ဈိမလှိုင်းရဲ့ အခမဲ့ရှိုးပွဲကို အခုလအတွင်း ပြင်ဦးလွင်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒီအချိန်မှာ ဒုက္ခရောက်နေသူတွေအတွက် ကျွန်တော်တို့အားလုံး ညီညွတ်ကြရမှာပါ” ဆိုသည်။
“အပြစ်မရှိတဲ့ ကလေးတွေ ဒုက္ခမရောက်စေချင်သလို အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့ ဖြစ်သွားသူတွေကိုလည်း လမ်းမှားကို မရောက်စေချင်ပါဘူး” ဟု ဆရာလေးဒေါ်နန္ဒသိဂက ပြောကြားသည်။
ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်က ပြန်လည်ဖြစ်ပွားခဲ့သော မြန်မာအစိုးရနှင့် ကေအိုင်အိုတို့ကြား တိုက်ပွဲ
များမှာ ၂၀၁၃ နှစ်ဆန်းပိုင်း၌ ပိုမိုပြင်းထန်လာပြီး စစ်ဘေးကြောင့် နေရပ်အားစွန့်ခွာထွက်ပြေးသူများမှာ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ၆၆၀၀၀ ကျော်၊ အစိုးရ ထိန်းချုပ်နယ်မြေအတွင်း ၃၃၀၀၀ ကျော်ရှိသည်။




7daynews

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ