ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

19 January 2013

မန်ယူ အသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည့် လူငယ် ဂိုးသမားလေး


230756_538794732806156_1946783572_n
ဂျာမန် ကလပ် အော့ဘတ် အသင်း၏ လူငယ် ဂိုးသမားလေး ဖြစ်သည့် ဒိန်း ဆန်တန်ဂီလို က မိမိ အနေဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ရန် အတွက် နီးစပ်သည့် အခြေ အနေသို့ ရောက်ရှိနေပြီး မကြာမှီ စာချုပ်ချုပ် ဆိုနိုင်တော့မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။
အသက် ၁၉ နှစ် အရွယ် အော့ဘတ် အရန် အသင်း၏ ဂိုးသမား ဒိန်း သည် အော့ဘတ် အသင်းသို့ မရောက်မှီက ရီဒင်း အသင်း၏ အသက် ၁၈ နှစ်အောက် အသင်းတွင် ပါဝင် ကစားခဲ့ဖူးသူ ဖြစ်ပြီး နော်ဝေ နိုင်ငံသူ မိခင်နှင့် အင်္ဂလန် နိုင်ငံသား ဖခင်တို့မှ လန်ဒန်မြို့တွင် မွေးဖွားခဲ့သူ ဖြစ်သည့် အတွက် ၂ နိုင်ငံ ကိုယ်စားပြု ကစားသမား တစ်ဦး ဖြစ်ကြောင်း သိရသည်။
လက်ရှိ အချိန်တွင် ဂျာမန် အမှတ်ပေးဇယား အောက်ခြေ၌ ရပ်တည်နေသည့် အော့ဘတ် အသင်း နှင့် ဂိုးသမားလေးတို့၏ စာချုပ်သက်တမ်းမှာ လာမည့် နွေရာသီတွင် ကုန်ဆုံး မည် ဖြစ်ကြောင်းလည်း သိရသည်။ဒိန်း ဆန်တန်ဂီလို က ဂျာမန် မီဒီယာ FUPA နှင့် တွေ့ဆုံစဉ် “ဗုဒ္ဓဟူးနေ့က ကျွန်တော့် အဖေဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကနေ ဆက်သွယ်မှု တစ်ခု ရရှိခဲ့ပါတယ်။ ဒီရက် သတ္တပတ် အကုန်ကျရင် အင်္ဂလန် ကို သွားရောက်ပြီး စာချုပ်ချုပ် ဆိုနိုင်ပါလိမ့်မယ်။” ဟု ထုတ်ဖော် ပြောကြားသွားခဲ့သည်။


MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ