ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

19 January 2013

ကချင်ကို စစ်ရေးအရ အင်အားအလွန်အကျွံသုံးထိုးစစ်ဆင်ခြင်းကို ရပ်တန်ဖို့ အစိုးရအား ရခိုင်အမျိုးသားမှ တောင်းဆို


AAA ပန်းဇာဖြူ။          ။ကချင်ပြည်နယ်တွင် စစ်ရေးအရ အင်အားအလွန်အကျွံသုံး၍ ထိုးစစ်ဆင်နေခြင်းအပေါ် ချက်ချင်းရပ်တန့်ပြီး နိုင်ငံရေးအရ အမြန်ဆုံး တွိ့ဆုံဆွေးနွေးအဖြေရှာသင့်ကြောင်း ဇန်နရီလ ၁၄ ရက်နိ့ ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲတွင် ရခိုင်နိုင်ငံရေးဂေါင်းဆောင်များမှ ဦးသိန်းစိန် အစိုးရအား တိုက်တွန်းလိုက်ကြောင်း သတင်းရရှိပါသည်။

ကချင်အား စစ်ရေးအင်အား အလွန်အကျွံသုံး ထိုးစစ်ဆင်တိုက်ခိုက်ခြင်းနန့် ပတ်သက်လို့ Arakan Army  အနောက်ဖက်ဒေသ တာဝန်ခံ ဗိုလ်မှူးညိုမင်းခိုင်းက “ အဂု ရခိုင်အမျိုးသားအလုပ်ရုံဆွေးနွေးပွဲက နီပြီးကေ ကချင်ကို ထိုးစစ်ဆင်တိုက်ခိုက်နီစော်ကို အမြန်ဆုံး ရပ်တန့်ဖို့၊ အပြစ်ခတ်ရပ်စဲပနာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ နိုင်ငံရေးအရ တွိ့ဆုံဆွေးနွေး အဖြေရှာသင့်ရေလို့ တောင်းဆိုထားပါရေ။ ဗမာစစ်တပ်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA ကြားမှာ ဖြစ်နီရေ တိုက်ပွဲတိရေ အရပ်သားအများအပြား သီကြီနီဂတ်စော်တိကို ကောင်းစိုးရိမ်ပါရေ။ ကချင်ကိုထိုးစစ်ဆင်နီစော်ကို ရခိုင်တမျိုးသားလုံး အနီနန့်ပါ ရခိုင်တပ်မတော်အနီနန့်ပါ ဒေကိစ္စကို ရပ်တန့်ကရပ်သင့်ဗျာလ် နိုင်ငံရေးအရ တွိဆုံဆွေးနွေးအဖြေရှာသင့်ဗျာလ်လို့ ကျွန်တော်ရို့က တောင်းဆိုထားပါရေ”  လို့ လေးဝတီကို ပြောပါသည်။
ရခိုင်အမျိုးသ္မီးများအစည်းအရုံး ဥက္ကဌ စောမြရာဇာလင်းကလည်း လူထုဂေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနီဖြင့် အဂုပိုင် ကချင်အား ထိုးစစ်ဆင် တိုက်ခိုက်ခြင်းအပေါ် ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာဟိစီရန် ကြားဝင်စေ့စပ်ဖို့ ဒီဗွီဘီ TV အစီအစိုင်မှာ ပြောကြားခပါသည်။
ပြည်တွင်းစစ်အတွင်း ဗမာအစိုးရတပ်မှ လေကြောင်းက တိုက်ခိုက်နီခြင်းအား သူ့အမြင်ကို အဂုပိုင် ဆက်ပြောပါသည်။
“ လေကြောင်းက ထိုးစစ်ဆင် တိုက်ခိုက်နီခြင်းကလည်း အဆက်မပြတ် တိုက်ခိုက်နီစော်ကို တွိ့နီရပါရေ။ ကျွန်တော်ရို့ ရခိုင်တပ်မတော် အနီနန့် ကချင်လွတ်မြောက်ရေးအဖွဲ့နန့်တတူ ယင်းထိုးစစ်ကို ခုခံနီပါရေ” လို့ ပြောဆိုခပါသည်။
၁၉၉၄ ခုနှစ်ကပင် ကချင်လွတ်မြောက်ရေးအဖွဲ့KIO အဖွဲ့နှင့် စစ်အစိုးရလက်ထက် အပစ်အခပ်ရပ်စဲခပြီး ၂၀၁၁ ခုနှစ်မှာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံလို့ ဦးသိန်းစိန် အစိုးရ တက်လာရေနောက်ပိုင်း သဘောထားကွဲလွဲမူတိကြောင့် ၂ နှစ်ပတ်ဝန်းကျင် အချိန်ထိ တိုက်ပွဲဆက်တိုက်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။
ပြည်တွင်း ပြည်ပ နိုင်ငံရေးဂေါင်းဆောင်များ လူမှုအဖွဲ့ဂေါင်းဆောင်များ ပါဝင်ရေ ရခိုင်အမျိုးသားအလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ထိုင်းနိုင်ငံတွင် ဇန္န၀ါရီလ (၁၁- ရက်နေ့မှ ၁၄) ရက်နေ့အထိ (၄) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခပါသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်း၊ ပြည်ပရှိ ရဟန်းသံဃာတော်များ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသားလူငယ်များ၊ လူမှုအခြေပြုအဖွဲ့ အစည်းများနှင့် အမျိုးသမီးအဖွဲ့များ စုံညီစွာတက်ရောက်ခရေလို့ သိရပါသည်။
ယင်းဆွးနွေးပွဲသည် ရခိုင်အမျိုးသားအချင်းချင်းကြား ၂၀၀၄ ခုနှစ် နောက်ပိုင်း ရခိုင်အမျိုးသား အဖွဲ့စည်းအသီးသီးတို့ စုံညီစွာ တက်ရောက်ခရေ ဆွေးနွေးပွဲကြီးတစ်ခုလည်း ဖြစ်ပါသည်။
ယင်းဆွေးနွေးပွဲတွင် တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ သဘောထားစာတမ်းများ ဖတ်ကြားတင်သွင်းခြင်း၊ ရခိုင် အမျိုးသားအားလုံး စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရေးကိစ္စများအပေါ် ဆွေးနွေးခြင်း၊ မကြာမီကဖြစ်ပေါ်ခဲ့သော တရားမဝင် ကျူးကျော်သူ ဘင်္ဂလီ အကြမ်းဖက်မှု ပြသနာအပေါ် သုံးသပ်ဆွေးနွေးအဖြေရှာခြင်း၊ ရခိုင်ပြည်၏ သဘာဝသယံဇာတ အရင်းအမြစ်များ ကိစ္စဆွေးနွေးခြင်း၊ ရခိုင်တို့ ရှေ့ဆက်လျောက်လှမ်းရမည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဆွေးနွေးခဲ့ကြပြီး အချက် ၆ ချက် အား ဆုံးဖြတ်ချက်ချ အားလုံး သဘောတူ ချမှတ်နိုင်ခရေလို့ သတင်းရရှိပါသည်။



လေးဝတီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ