ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

19 January 2013

AVB ဟာ အသင်းကို အကောင်းဆုံး စီမံခန့်ခွဲ နိုင်သူပါ – ဆာ အဲလက်စ်


99e79f59-dc72-4537-b7e8-c5db4c1a22ba_f3873d7e-1355-4541-83fa-e223ef91bd8c_20120703140611_AVB---Neal-Simpson-EMPICS-Sport---554x334
မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် က လာမည့် ပွဲစဉ်တွင် ရင်ဆိုင်ရမည့် စပါး အသင်း နည်းပြဖြစ်သူ ချယ်ဆီး နည်းပြဟောင်း အန်ဒရေ ဗီးလပ်စ် ဘိုအာ့စ် သည် အသင်းကို ကောင်းစွာ စီမံခန့် ခွဲနိုင်သည့် နည်းပြ တစ်ဦး ဖြစ်ကြောင်း
ထုတ်ဖော် ချီးကျူးသွားခဲ့သည်။ ဗီးလပ်စ် ဘိုအာ့စ် သည် ချယ်ဆီး နည်းပြ အဖြစ် ၈ သာ တာဝန် ထမ်းဆောင်ခဲ့ရသူ ဖြစ်ပြီး ရလာဒ်ဆိုးရွားသဖြင့် အသင်းမှ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပြီး ယခုရာသီ အစ၌ စပါး အသင်းသို့ နည်းပြ ရက်နပ်စ် နေရာတွင် အစားထိုး ဝင်ရောက်လာသူ ဖြစ်သည်။ ရာသီ အစပွဲစဉ်များ၌ စပါး အသင်း အနေဖြင့် ရုန်းကန် ခဲ့ရသော်လည်း လက်ရှိ အချိန်တွင် ရမှတ် ၄၀ ဖြင့် အမှတ်ပေး ဇယားတွင် စတုတ္ထ နေရာ၌ ရပ်တည်နေအောင် စွမ်းဆောင်ပေးထားသူ ဖြစ်သည်။
သတင်းထောက်များနှင့် တွေ့ဆုံစဉ် “သူကို ချယ်ဆီး အသင်းက ထုတ်ပယ်ခံရစဉ်က အင်္ဂလန် မှာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို စိတ်ပျက်ခဲ့ပြီး ပေါ်တူဂီ ကိုပဲ ပြန်သွား မယ်ထင်နေ ခဲ့တာပါ။ ဒါပေမယ့် သူဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အတွက် ဒီနေရာမှာ ဆက်ရှိနေ ခဲ့ပါတယ်။ သူဟာ သမိုင်းကြောင်း ကောင်းခဲ့တဲ့ အသင်းကြီး တစ်သင်းကို ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ စီမံခန့်ခွဲမှု အရည် အချင်းကို အကောင်းဆုံး ထုတ်ဖော် ပြသနိုင်ခဲ့ပါပြီ။ ကစား သမားတွေကို သူလိုချင်တဲ့ ပုံစံထဲ ရောက်အောင် စည်းရုံး သိမ်းသွင်းနိုင်ပြီး ဒါမျိုးကို တော်ရုံ နည်းပြ မလုပ်နိုင်ပါဘူး။” ဟု မန်ယူ နည်းပြကြီး ဆာ အဲလက်စ် မှ ထုတ်ဖော် ချီးကျူးသွားခဲ့သည်။
စပါး အသင်း နည်းပြ ဘိုအာ့စ် သည် အသင်းကို အကောင်းဆုံး ပုံစံ ရရှိအောင် တည်ဆောက် နိုင်ခဲ့သူ ဖြစ်ပြီး ယခုရာသီ မန်ယူ အသင်း၏ အိမ်ကွင်း အိုးထရက်ဖို့ဒ်၌ ယူနိုက်တက် အား အနိုင်ရရှိ ထားသည့် တစ်သင်းတည်းသော အသင်း အဖြစ် ရပ်တည်အောင် စွမ်းဆောင်ပေး ထားနိုင်သူ ဖြစ်သည်။


MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ