ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

10 September 2012

ရခိုင်ပြည်နယ်တစ်ဝှမ်း ၇၃ နှစ်မြောက် ဦးဥတ္တမနေ့ အခမ်းအနားကျင်းပ

၇၃ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားတွေကို ရခိုင်ပြည်နယ်အနှံ့မှာ ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။ အဲဒီလိုကျင်းပရာမှာ မြို့နယ်အသီးသီးရှိ နိုင်ငံရေးပါတီတွေအပြင် ရပ်ကွက်အလိုက်၊ အဖွဲ့အစည်းအလိုက် ဆရာတော် ဦးဥတ္တမကို ရည်စူးပြီး လွမ်းသူ့ပန်းခွေချတာတွေ၊ ဆွမ်းဆီမီး ကပ်လှူတာတွေ၊ ဟောပြောပွဲ အခမ်းအနားတွေ၊ ဆုတောင်းပွဲတွေ၊ နံရံကပ်စာစောင် ပြုလုပ်ပွဲတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
RFA

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော ပြန်လာဖို့ အစိုးရ ဖိတ်ခေါ်

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာအစိုးရကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ သူ့ရဲ့ မိသားစုကနေ တဆင့် ဖိတ်ခေါ်ထားပါတယ်။ မြန်မာအစိုးရဘက်က ဒီလိုဖိတ်ခေါ်ချက် အပေါ်မှာ ဗိုလ်မှူးချုပ်ကျော်ဇောဘက်က သဘောထား ဘယ်လိုရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ ကျန်းမာရေးအတွက် အနီးကပ် ပြုစုစောင့်ရှောက်နေတဲ့ သမီးဖြစ်သူ ဒေါက်တာ လှကျော်ဇောကို ဗွီအိုအေက ကိုရန်နိုင်က ဆက်သွယ် မေးမြန်ထားပါတယ်။

ပည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ အသစ်ခန့်အပ်သည့် အခမ်းအနားတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း


အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ-အခုဆိုရင် ပြည်ထောင်စုဝန်ကြီးအသစ်တွေ၊
ဒုတိယဝန်ကြီး အသစ်တွေကတိသစ္စာ ပြုခဲ့ကြပါပြီ။
 ပြည်ထောင်စုဝန်ကြီးအသစ်တွေ၊

 ဒုတိယဝန်ကြီးတွေ ယခုလို အသစ်ခန့်အပ်ခြင်း ခံရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း၊
ကျွန်တော်တို့ အစိုးရအဖွဲ့က လှိုက်လှဲစွာ ကြိုဆိုကြောင်း ရှေးဦးစွာ ပြောကြားလိုပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲ ဆက်လက် ဆင်နွှဲ


လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေကြသည့် ဒေသခံများ (စက်တင်ဘာလ ၅ ရက်၊ ၂၀၁၂။) ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်။
အခု သီတင်းကြေညာနေတဲ့ ညပိုင်းအတွင်းမှာပဲ မုံရွာ-ပုသိမ် ကားလမ်းမကြီးပေါ်မှာ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆိုတဲ့ ဒေသခံလူထုတွေဟာ အာဏာပိုင်တွေ ပိတ်ဆို့နေတဲ့ကြားကပဲ လက်ပံတောင်း တောင်ခြေက ကြေးနီးစီမံကိန်း လုပ်နေတဲ့ စက်ယန္တရားတွေ ရှေ့တည့်တည့်မှာ မီးတုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြနေကြပါတယ်။ အကြောင်းစုံကို မအေးအေးမာ က တင်ပြထားပါတယ်။

မီဒီယာ ဥပဒေမူကြမ်းသစ်ရေးဆွဲဖို့ ပြန်ကြားရေးဝန်ကြီးသစ်ပြင်ဆင်


ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်ကို အရင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ နေရာချထားရေး ၀န်ကြီးအဖြစ် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်စဉ်

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း လက်ထက်က ရေးဆွဲထားခဲ့တဲ့ မီဒီယာဆိုင်ရာ ဥပဒေမူကြမ်းကို အသုံးမပြုတော့ပဲ ဥပဒေသစ် အစကနေ ပြန်ရေးဆွဲဖို့ ပြန်ကြားရေး ၀န်ကြီးအသစ်က စီစဉ်နေပြီဖြစ်ပါတယ်။ သတင်းမီဒီယာလောကမှာ ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေတဲ့ ကိုယ်စားလှယ်တွေနဲ့ မကြာခင်မှာ ဖွဲ့စည်းတော့မယ့် စာနယ်ဇင်းကောင်စီကနေ ဦးဆောင်ပြီး အဲဒီ မီဒီယာ ဥပဒေမူကြမ်းကို ရေးဆွဲကြမှာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးက သတင်း မီဒီယာလောကက တာဝန်ရှိသူတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ လိုက်လံတွေ့ဆုံပြီး အခုလို စီစဉ်နေတာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ