ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 September 2012

ရခိုင်ပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကြား နားလည်မှုလွဲအောင် ကြံဖွံ့ပါတီ လုပ်ကြံ





www.myanmarexpress.net 15ဇွန်လ ၃၀ ရက်နေ့က ဥရောပခရီးစဉ်မှပြန်လာသော ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုပွဲတွင် ရှစ်မိုင်လမ်းဆုံ၌ ဒေါ်အောင်ဆန်းစုကြည်ကို ကုလားမစုကြည်အလိုမရှိဟုဆိုကာ ဆန္ဒပြခဲ့သူများမှာ မြန်မာနိုင်ငံ ရခိုင်ပြည်အမျိုးသား အင်အားစုမှဖြစ်ကြောင်း သတင်းရရှိသည်။
ထိုရခိုင်ပြည်အမျိုးသားအင်အားစုမှာ ပြည်ခိုင်ဖြိုးကြံဖွံ့ပါတီမှ လက်သတ်မွေးစားထားသော ပါတီတစ်ခုဖြစ်ပြီး၊ ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် အခြေစိုက်ကြောင်း သိရှိရသည်။
“ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးအပြန်ပြည်သူလူထုက ကြိုဆိုပွဲမှာ ဒီလိုမဟုတ်မက၊ လုပ်ကြံဆန္ဒပြဖို့အတွက် အဓိကလုပ်ကြံခိုင်းသူကတော့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်၊ ကြံဖွံ့ပါတီက ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက အဲဒီမြန်မာနိုင်ငံ ရခိုင်အမျိုးသားအင်အားစုကို ငွေပေးပြီး အသုံးချလိုက်ခြင်းဖြစ်တယ် ” ဟု ရခိုင်အမျိုးသားအင်အားစုနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒပြခဲ့ခြင်းမှာ ရခိုင်ပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကြားတွင် သဘောထားနားလည်မှုများလွဲမှားအောင် ကြံဖွံ့ပါတီအနေနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နေထိုင်သော တစ်ခြားတိုင်းရင်းသားပြည်သူများရှေ့မှောက်တွင် ရခိုင်တိုင်းရင်းသားများကို သိက္ခာချခြင်းဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ချို့က ပြောဆိုနေကြသည်။ 
www.myanmarexpress.net 19
ယင်းရှစ်မိုင်လမ်းဆုံတွင် ဆန္ဒပြခဲ့သော လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးယူထားသော NLD အဖွဲ့ဝင်တို့ ထိုးကြိတ်ခဲ့မှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် အင်တာနက် သတင်း Website စာမျက်နှာတစ်ချို့တွင် NLD အား ဝေဖန်မှုတစ်ချို့လည်း ထွက်ပေါ်ခဲ့သည်။


Arakan Time
 

မြန်မာ စားဖိုမှူး အသင်းက ကန်ဒေါ်လာ တစ်သိန်းကျော် တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများ စစ်တွေသို့ သွားရောက် လှူဒါန်း


မြန်မာနိုင်ငံ စားဖိုမှူးများအသင်းက ရခိုင်ဒေသ အတွက် အမေရိကန် ဒေါ်လာ တစ်သိန်းကျော် (ကျပ်သိန်း ၈၅၀ကျော်) တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများကို စစ်တွေမြို့သို့ သွားရောက် လှူဒါန်းခဲ့ သည်ဟု သတင်း ရရှိသည်။

ဆူပူ အကြမ်းဖက်မူ ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ဒေသရှိ ဆေးရုံများတွင် အသုံးပြုရန် အတွက် ရည်ရွယ်ပြီး လှူဒါန်းခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ စားဖိုမှူးများ အသင်း အဖွဲ့ဝင် Mr.Oliver က

iPhone 5 အာရှမှာ စတင်ရောင်းချ


ဂျပန်နိုင်ငံ တိုကျိုမြို့က Apple အရောင်းဆိုင် တခုမှာ iPhone 5 စတင်ရောင်းချနေစဉ်။
Apple ထုတ်ကုန်ပစ္စည်းတွေကို နှစ်သက်ကြတဲ့ အာရှတိုက်သားတွေ ကာလကြာရှည်စောင့်စားနေကြတဲ့ iPhone 5 လက်ကိုင်ဖုန်းကို ပထမဆုံး စတင် ကိုင်ခွင့်ရနေကြပြီဖြစ်ပါတယ်။

အမေရိကန် အလက်ထရောနစ် ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးက သူ့ရဲ့နောက်ဆုံးထုတ် Smart

တူရကီ အာဏာသိမ်းရန်ကြိုးပမ်းမှု စီရင်ချက်ချ


တူရကီနိုင်ငံမှာ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ လက်ရှိ တာဝန်ထမ်း စစ်တပ်အရာရှိတွေနဲ့ စစ်အရာရှိဟောင်းများ တရားခွင်သို့ လာရောက်စဉ်

တူရကီနိုင်ငံမှာ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ လက်ရှိ တာဝန်ထမ်းနေကြသူ စစ်တပ်အရာရှိတွေနဲ့  စစ်အရာရှိဟောင်းပေါင်း စုစုပေါင်း ၃၃၀ လောက်ကို တရားရုံးတခုက ပြစ်ဒဏ် ချလိုက်ပါတယ်။

တောင်သူလယ်သမားများ ဆန္ဒဖော်ထုတ်ခွင့် ငြင်းပယ်ခံရ

လယ်သမားများဘ၀ဟာ ဒီပုံလေးအတိုင်းပါဘဲ
အင်းလုပ်ငန်းတွေကြောင့် သူတို့လယ်ယာမြေတွေ ရေနစ်မြုပ်နေရတာနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က တောင်သူလယ်သမားတွေဟာ ဆန္ဒဖော်ထုတ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ခွင့်တောင်းခံခဲ့တာကို ညောင်လေးပင် မြို့နယ်ရဲစခန်းက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
ဆန္ဒဖော်ထုတ်ပွဲအတွက် ပြီးခဲ့တဲ့ ၁၈ ရက်နေ့ကတည်းက တင်ပြတောင်းဆိုခဲ့ပေမယ့် အချိန်ဆွဲထာပြီး တိုင်းရုံးကို သွားရောက်ဖို့ မြို့နယ်က ပြောခဲ့တယ်လို့ ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းစီစဉ်ခဲ့သူ ညောင်လေးပင်မြို့နယ် တော်ပလီကျေးရွာက လယ်သမား ကိုအေးလွင်က အခုလိုပြောပြပါတယ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ