ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

12 October 2012

ဗုဒ္ဓဂယာကို ဗုံးခွဲမယ်ဆိုတဲ့သူ ၃ ဦး ဖမ်းမိ


From : သန်းထွန်း


 အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ် ဂယာမြို့က မဟာဗောဓိ စေတီတော်အပါအ၀င် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီနဲ့ မွန်ဘိုင်းမြို့တွေမှာ ဖောက်ခွဲရေးတွေလုပ်ဖို့ ကြံစည်နေတဲ့ အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့ဝင် ၃ ယောက်ကို ဖော်ထုတ် ဖမ်းဆီးလိုက်တယ်လို့ ဒေလီရဲပြောပါတယ်။ 


 ~ အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်၊ ဂယာမြို့က မဟာဗောဓိ စေတီတော် ~ 

မြန်မာ့စီးပွားရေး စဉ်းစားဆင်ခြင်စရာများ (၂)


မြန်မာပြည် ပြနာက အရင်းနှီးမရှိတဲ့ ပြဿနာလား။ ဟုတ်သယောင်ယောင်နဲ့ မဟုတ်ပါဘူး။ တကယ်တမ်း မြန်မာ့စီးပွားရေးရဲ့ အခြေခံကျတဲ့ ပြဿနာက အရင်းနှီးတွေကို သူ့နေရာနဲ့သူ အဆင်ပြေပြေ၊ အကျိုးရှိရှိ အသုံးမချနိုင်တဲ့ ပြဿနာ ဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရန်ကုန်နဲ့ မန္တလေးမှာ အိမ်ခြံမြေဈေးတွေ အဆမတန် ထိုးတက်သွားတာကို ကြည့်လိုက်ရင် မြန်မာပြည်က အထက်တန်းလွှာတွေရဲ့ လက်ထဲမှာ ငွေပင်ငွေရင်း တော်တော်များများ ရှိနေတယ်ဆိုတာရဲ့ သက်သေပါပဲ။ မြို့လယ်မှာ တဧကလောက် ကျယ်တဲ့ မြေတကွက်ရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁ သန်းလောက်တော့ အောက်ထစ်ဈေး ပေါက်ပါတယ်။ ပြောရရင် ဘန်ကောက်က မြေဈေးထက်တောင် ပိုမြင့်နေပါတယ်။

မောင်တောမြို့တဖက်ကမ်း အခြေစိုက် BGB တပ်ရင်းက မူးယစ်ဆေးဝါး တာကာ ၃၅ သိန်းဖျက်ဆီး





Drug Destroyed by BGB
မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် တည်ရှိသော ဘင်္ဂလာ BGB တပ်ဖွဲ့တစ်ခုက မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ်အကြားမှ ဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါးများတချို့ တာကာ ၃၅ သိန်းတန်ဖိုးအား ကြာသပတေးနေ့က ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

တရက်လျှင် မိခင် ၁၀၀၀ နီး ကျ ပါး ကိုယ်ဝန်ပျက်

မြန်မာနိုင်ငံမှာ တနှစ်ကို ကိုယ်ဝန်ဆောင် ၁ သန်းလောက် ကိုယ်ဝန်ဆောင်တဲ့ အနက် မိခင် ၃ သိန်းခွဲလောက် ကိုယ်ဝန်ပျက်ကျမှု ဖြစ်ပွားနေတယ်လို့ မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့ဝင် ဒေါက်တာစစ်နိုင်က ပြောပါတယ်။
ဒီအရေအတွက်ဟာ တရက်ကို မိခင် ၉၅၈ ယောက် ကိုယ်ဝန်ပျက်ကျနေတဲ့ သဘောဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဆန်းမစ်ပါ့ခ်ဗျူးဟိုတယ်မှာ ကျင်းပတဲ့ World Contraception Day အခမ်းအနားမှာ အစိုးရနဲ့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာရင်းဇယားတွေကို ကိုးကားပြီး သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ဒီကိုယ်ဝန်ပျက်ကျမှုတွေထဲမှာ ကိုယ်ဝန်မဆောင်နိုင်လို့ ပျက်တာပါသလို တရားမ၀င် ကိုယ်ဝန်ဖျက်ချတာတွေလည်း ပါတယ်လို့ သူက ရှင်းပြပါတယ်။ မြန်မာနိုင်ငံမှာ မီးဖွားသူ ၁ သိန်းမှာ သေဆုံးသူ ၃၁၆ ယောက် ရှိနေပါတယ်။

DVB

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William Burns မြန်မာနိုင်ငံသို့ လာမည်






အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William Burns သည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။
၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
၎င်း၏ မြန်မာနိုင်ငံခရီးစဉ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်ပြီးနောက်ပိုင်း အဆင့်မြင့်ဆုံး အမေရိကန်အရာရှိတစ်ဦး၏ ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားအစိုးရသည် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးများကို အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောအရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့လျက်ရှိနေသည်။
နောက်ဆုံး ဖြေလျှော့မှုအနေဖြင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးဥပဒေကြမ်းကို အောက်တိုဘာလ ၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး ယင်းကဲ့သို့ လက်မှတ်ရေးထိုးလိုက်သည့်အတွက် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးနိုင်တော့မည် ဖြစ်သည်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William Burns သည် မြန်မာနိုင်ငံသို့ မလာရောက်မီ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

Eleven

facebook မှကြည့် ချင်ရင် like လုပ်ပါ