ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

8 January 2013

နိုင်ငံခြား စီမံကိန်းများကြောင့် ကျောက်ဖြူ ဒေသခံများ ထိခိုက် နစ်နာမူ ပိုရှိလာ

ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖေါ်နေသော နိုင်ငံခြား စီမံကိန်း တစ်ခု ( ဓါတ်ပုံ- နိရဉ္စရာ)ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်
မလကျွန်းတွင် သဘာဝ ဓါတ်ငွေ့ စက်ရုံ
စီမံကိန်းကြောင့် ပြည်သူများကို ထိခိုက်
နစ်နာမူများ ရှိနေကြောင်း ကျောက်ဖြူမြို့

နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က  ပြောသည်။

ထိုသို့  ဒေသခံ ပြည်သူများကို ထိခိုက်မူ ရှိနေသဖြင့် မလကျွန်းသို့ ကိုယ်တိုင် ကွင်းဆင်းပြီး လေ့လာ ကြည့်ရှု့ခဲ့သည်ဟု  လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

အပစ်ခတ်ရပ်စဲရေး ၇၅ ရာခိုင်နှုန်း အောင်မြင်ဟု ကာကွယ်ရေးဦးစီးချုပ် ပြော


အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက အပစ်ခတ်ရပ်စဲရေးဆိုင်ရာ လုပ်ဆောင်ရမှာ ၇၅ ရာခိုင်နှုန်းအောင်မြင်နေပြီး ရာနှုန်းပြည်အောင်မြင်ဖို့ ဆက်လုပ်သွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
ကေအန်ယူဥက္ကဋ္ဌနှင့် ကာကွယ်ရေးဦးစီးချုပ်
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)နဲ့ ဇန်န၀ါရီလ ၆ ရက်နေ့ တွေ့ဆုံခဲ့စဉ်က ကာကွယ်ရေးဦးစီးချုပ်က အခုလို ပြောဆိုလိုက်တာလို့ ကေအန်ယူ တွဲဖက် အထွေထွေအတွင်းရေးမှူး ၂ ပဒိုမန်းမန်းက ပြောပါတယ်။

ကေအန်ယူနှင့် အစိုးရ တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် မေးမြန်းချက်


ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)နဲ့ သမ္မတ ဦးသိန်းစိန်တို့ ဇန်န၀ါရီ ၅ ရက်နေ့က တွေ့ဆုံခဲ့ကြသလို  ဇန်န၀ါရီ ၆ ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
သမ္မတနှင့် ကေအန်ယူအဖွဲ့ တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)

ရန်ကုန်ပြည်သူ သွားလာရေးအဆင်ပြေရန် အာဏာပိုင်အဖွဲ့ ဖွဲ့စည်း


ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း အများပြည်သူ နေ့စဉ်သွားလာရေး အဆင်ပြေချောမွေ့စေဖို့ စီမံခန့်ခွဲမယ့် အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့  ဖွဲ့စည်းလိုက်ပါတယ်။
ဇန်န၀ါရီ ၇ ရက် ရက်စွဲနဲ့ ဖွဲ့စည်းလိုက်တဲ့  အဖွဲ့ဝင် ၁၀ ဦးပါ အာဏာပိုင်အဖွဲ့ဟာ ရန်ကုန်မြို့တွင်း သွားလာရေး အဆင်ပြေစေဖို့ ကွင်းဆင်းလေ့လာဆန်းစစ်ပြီး နည်းလမ်းတွေ ရှာဖွေတင်ပြရမယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တာဝန်ခံပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့နဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမယ်လို့ အာဏာပိုင်အဖွဲ့ ဖွဲ့စည်းတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရွေးစင်များ မွေးထုတ်ပေးသည့် ရန်ကုန်တက္ကသိုလ် ဖြစ်စေလိုဟုဆို


ပညာရေးမှာ တကယ့်ကို ထူးချွန်တဲ့ လက်ရွေးစင်တွေ မွေးထုတ်ပေးရာ တက္ကသိုလ်ကြီး တခု ဖြစ်စေချင်တယ်လို့ ရန်ကုန်တက္ကသိုလ် ပြန်လည်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီဝင် ဒေါက်တာတင်လှိုင် (စာရေးဆရာ ဘိုးလှိုင်) က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေးကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ သူက ခုလို ပြောလိုက်တာပါ။
၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က

facebook မှကြည့် ချင်ရင် like လုပ်ပါ