ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

14 January 2013

အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း၌ ခရီးစဉ် အားလုံး အတွက် သီးသန့် အဆင့်မြင့် ဆိုက်ရောက် ရပ်နားကွင်းတစ်ခု တည်ဆောက် သွားမည်

 
ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ် ရှိ အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း၌ ခရီးစဉ် အားလုံး အတွက် သီးသန့် အဆင့်မြင့် ဆိုက်ရောက် ရပ်နားကွင်းတစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးဝင်း ယာဉ်ရပ်နား စခန်းမှ တာဝန်ခံ အရာရှိဒုတိယ ဌာနမှူး ဦးဥာဏ်ထွန်းအောင် က ပြောပြခဲ့ပါသည်။

ကချင်အရေးကူညီဖြေရှင်းပေးဖို့ ဒဲရစ်မစ်ချဲလ်ကို မွန်ပါတီများတိုက်တွန်း

အမေရိကန်သံအမတ် ဒဲရက်မစ်ချဲလ် သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာခဲ့စဉ်။ (စက်တင်ဘာလ ၈ ရက်၊ ၂၀၁၂)။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲလ် နဲ့အဖွဲ့ဟာ မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ် ဒေသတွေအတွင်း အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို လေ့လာဖို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပါတယ်။ အမေရိကန် သံအမတ်ကြီးရဲ့ မွန်ပြည်နယ်ခရီးစဉ်မှာ ဒေသတွင်း မွန်နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင် မွန်ပြည်သစ်ပါတီ

ကေအိုင်အေဌာနချုပ် လိုင်ဇာကို လက်နက်ကြီးကျ၊ အရပ်သား ၃ ဦး သေဆုံး


ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ထဲကို ဒီကနေ့မနက်မှာ အစိုးရတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် အရပ်သားတွေ သေကျေဒဏ်ရာရခဲ့ပါတယ်။
ဒီနေ့ မနက် ၈ နာရီကျော်လောက်က ကေအိုင်အေ ထိန်းချုပ်နယ်မြေ ဒေါ့ဖုန်းယန်မှာ   ရောက်ရှိနေတဲ့ အစိုးရတပ်ဟာ လိုင်ဇာမြို့ထဲကို ၁၀၅ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခါဂျန်ရပ်ကွက်ထဲက လူနေအိမ်တွေ ထိမှန်ပြီး လူ ၃ ဦး သေဆုံးကာ ၄  ဦး ဒဏ်ရာရခဲ့တယ်လို့ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

သမ္မတ၏ သဘောထား ပြည်ထောင်စုလွှတ်တော်တွင် ရှုံးနိမ့်

ဒီနေ့ကျင်းပတဲ့  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ  ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ ပြင်ဆင်တဲ့ဥပဒေကြမ်းနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေမှာ ပါရှိတဲ့ နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက်တွေကို မဲခွဲဆုံးဖြတ်ရာ လွှတ်တော်အမတ်တ၀က်ကျော်က သမ္မတရဲ့ဆန္ဒသဘောထားကို ကန့်ကွက်မဲပေးခဲ့တယ်လို့ သီပေါ်မြို့နယ် လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

အိုင်စီအာစီအကြီးအကဲ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံ


နိုင်ငံတကာကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ)ရဲ့ ဥက္ကဋ္ဌ ပီတာမာအူယာဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိနေပြီး ဒီနေ့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရ တခြားထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အိုင်စီအာစီ ဥက္ကဋ္ဌ ပီတာမာအူယာ

facebook မှကြည့် ချင်ရင် like လုပ်ပါ