ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

14 January 2013

အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း၌ ခရီးစဉ် အားလုံး အတွက် သီးသန့် အဆင့်မြင့် ဆိုက်ရောက် ရပ်နားကွင်းတစ်ခု တည်ဆောက် သွားမည်

 
ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ် ရှိ အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း၌ ခရီးစဉ် အားလုံး အတွက် သီးသန့် အဆင့်မြင့် ဆိုက်ရောက် ရပ်နားကွင်းတစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးဝင်း ယာဉ်ရပ်နား စခန်းမှ တာဝန်ခံ အရာရှိဒုတိယ ဌာနမှူး ဦးဥာဏ်ထွန်းအောင် က ပြောပြခဲ့ပါသည်။
အဆိုပါ အဆင်မြင့် ဆိုက်ရောက် ရပ်နား ကွင်းအား Myint & Paing Company Limited မှ တာဝန်ယူ တည်ဆောက်လျက် ရှိပြီး၊ ဒီဇင်ဘာလ တွင် စတင် တည်ဆောက်ခြင်း ဖြစ်ပြီး ၆ လ အတွင်း အပြီးသတ် တည်ဆောက်သွားမည် ဟု အောင်မင်္ဂလာ အဝေးပြေး ကားဝင်း အတွင်း နေထိုင်သူ တစ်ဦးက ပြောပြခဲ့သည်။

ယင်းကဲ့သို့ အဆင့်မြင့် ဆိုက်ရောက် ရပ်နားကွင်း တည်ဆောက်ရခြင်း နှင့် ပတ်သက်၍ အောင်မင်္ဂလာ အဝေးပြေးဝင်း ယာဉ်ရပ်နား စခန်း မှ တာဝန်ခံ အရာရှိ ဒုတိယ ဌာနမှူး ဦးဥာဏ်ထွန်းအောင် က "အခုလို တည်ဆောက်ရတဲ့ ရည်ရွယ်ချက် ကတော့ ခရီး သည်တွေ စိတ် ချမ်းသာစွာ နဲ့ သက်သက်သာသာ ရှိစေဖို့ အတွက်ပါ။ မိုးတွင်းလို ကာလမျိုး မှာလည်း ကားပေါ်က ဆင်းတဲ့ အခါ လေဆိပ် လိုမျိုး မိုး လွတ်လွတ်ကင်းကင်း နဲ့ သွားလာနိုင်အောင် လုပ်သွားမှာပါ။ ခရီးက ပြန်ရောက်တဲ့ အခါမှာလည်း အငှားကား တွေ ကို အဆင်သင့် ငှားစီးလို့ ရနိုင်အောင် တက်စီဂိတ် ထားပေးထားမှာပါ" ဟု ဆက်လက် ပြောကြားသည်။

အောင်မင်္ဂလာ အဝေးပြေး ဝင်းတွင် ဆိုက်ရောက် ရပ်နားကွင်း နှစ်ကွင်း ရှိကြောင်း သိရပြီး ယခု အသစ် တည်ဆောက်မည့် ကွင်းမှာ ဒုတိယ ရပ်နားကွင်း ကို ပြန်လည် ပြင်ဆင်ခြင်း ဖြစ်ကြောင်း၊ အောင်မင်္ဂလာ အဝေးပြေးဝင်း အနောက်ဘက်ရှိ ရန်ကုန်-မန္တလေး ကားဂိတ် အများစု ရှိသော နေရာ တွင် တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ် တွင် ထုတ်ပြန်သော စာရင်းများ အရ အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း၌ ယာဉ် လိုင်းပေါင်း ၁၂၈ လိုင်း ရှိပြီး တစ်နေ့လျှင် ခရီးသည်ပေါင်း ၇၀၀၀ ကျော်ခန့် ဝင်ထွက် သွားလာနေကြောင်း သိရသည်။


ဘကြီးသက်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ