ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

14 January 2013

မြန်မာ့ပို့ကုန်မှ ဘင်္ဂလီအမျိုးသားဘဏ္ဍာငွေ မြန်မာကျပ် ကုဋေ ၁၀၀၀ ကျော်ရရှိ






banlarမြန်မာနိုင်ငံနှင့် နယ်စပ်စီးပွားကုန်သွယ်ရေး တိုက်ရိုက်ဆက်သွယ်လုပ်ဆောင်နေသော ဘင်္ဂလာဆိပ်ကမ်းတခုမှ တစ်နှစ်ခွဲအတွင်း မြန်မာ့ပို့ကုန်မှ တာကာ ၁၀၇ ကုဋေကျော် (မြန်မာကျပ် ကုဋေ ၁၀၀၀ ကျော်)အား ဘင်္ဂလီအမျိုးသားဘဏ္ဍာငွေအဖြစ် ရရှိကြောင်း သက်ဆိုင်ရာများ၏ အစီရင်ခံစာတွင် ဖေါ်ပြချက်အရ သိရှိရသည်။
အဆိုပါ မြန်မာကျပ် ကုဋေ ၁၀၀၀ ကျော်မှာ ဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ မှ
ယခုအချိန်အတွင်းရရှိသော ငွေကြေးဖြစ်ပြီး၊ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည် မောင်တောမြို့နယ်နှင့် မျက်နှာချင်းဆိုင်တည်ရှိလျှက်ရှိသော တာခ်နာမြို့နယ်ဆိပ်ကမ်းမှ ရရှိခြင်းဖြစ်ကြောင်း ဆိပ်ကမ်းအကြီးအကဲများက ဇန္နဝါရီလ ၄ ရက်နေ့တွင် ထုတ်ဖေါ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အမျိုးသားဘဏ္ဍာငွေအဖွဲ့ (NBR)မှ တာဝန်ရှိသူများက "တနှစ်ကျော်အတွင်းမှာပေါ့နော် တာကာ ၁၀၇ ကုဋေ ၇,၅၄၇,၂၆၉ ရရှိပါတယ်၊ ရခိုင်ပြည်နဲ့ နယ်စပ်တွေမှာ ပဋိပက္ခတွေကြောင့် မှန်းတာထက် လျော့ဆင်းခဲ့ပါသေးတယ်။"ဟု ဆိုသည်။
ယင်းအကောက်အခွန်ရရှိခြင်းနှင့်ပတ်သက်၍ "၂၀၁၁ ခုနှစ် ဇူလိုင်လတွင် တာကာ ၇၄,၈၈၀,၅၇၆၊ သြဂုတ်တွင် ၅၉,၇၅၁,၁၈၅၊ စက်တင်္ဘာတွင် ၅၆,၃၂၃,၈၁၆၊ အောက်တိုဘာတွင် ၇၃,၁၈၀,၃၁၃၊ နိုဝင်္ဘာတွင် ၈၈,၀၂၃,၇၀၈၊ ဒီဇင်္ဘာတွင် ၈၄,၅၄၀,၆၄၈၊ ၂၀၁၂ ခုနှစ် ဇွန္န၀ါရီတွင် ၈၅,၀၄၅,၀၂၃၊ ဖေဖေါ်ဝါရီတွင် ၇၉,၉၂၅,၆၆၁၊ မတ်တွင် ၇၀,၇၁၃,၁၈၂၊ ဧပြီတွင် ၅၅,၅၇၂,၉၈၆၊ မေတွင် ၆၁,၃၂၈,၃၉၇နှင့် ဇွန်တွင် ၂၅,၄၈၂,၆၈၅ စုစုပေါင်း စီးပွားရေးသတ်မှတ်လ တနှစ်အတွင်း တာကာ ၇၇ ကုဋေ နှင့် ၄,၆၉၆,၁၇၉ သန်း ရရှိကြောင်း" အတည်ပြု ရှင်းပြခဲ့သည်။
၂၀၁၂ ခုနှစ်အတွင်း NBR သည် တာခ်နာဆိပ်ကမ်းမှ ဇူလိုင်တွင် တာကာ ၄၁,၂၀၀,၈၀၄၊ သြဂုတ်တွင် ၂၅,၉၆၁,၃၈၄၊ စက်တင်္ဘာတွင် ၅၆,၈၁၃,၀၄၉၊ အောက်တိုဘာတွင် ၄၀,၅၁၂,၉၁၅၊ နိုဝင်္ဘာတွင် ၆၂,၄၂၂,၅၉၈နှင့် ဒီဇင်္ဘာတွင် ၇၅,၉၄၀,၃၄၀ စုစုပေါင်း တာကာ ၃၀ ကုဋေ နှင့်၂,၈၅၁,၀၉၀ သန်း ရရှိကြောင်းအတည်ပြု ပြောဆိုခဲ့သည်။
သို့သော်လည်း တာခ်နာဆိပ်ကမ်း ၂၀၁၂ ခုနှစ် ဖော်ပြပါ လများအတွင်း မြန်မာမှ ဘင်္ဂလာသို့ တင်ပို့ကုန်မှ တာကာ ၆၅ ကုဋေ အကောက်အခွန်ရရှိရန် ခန့်မှန်းထားခဲ့ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။
တာခ်နာဆိပ်ကမ်းမှ အကောက်အခွန်ရရှိခဲ့သော စုစုပေါင်းမြန်မာကျပ် ကုဋေ ၁၀၀၀ ကျော်မှာ မြန်မာနှင့်ဘင်္ဂလာ အပြန်အလှန် တင်ပို့ကုန်မှ ဘင်္ဂလီအမျိုးသားဘဏ္ဍာငွေအဖြစ်ရရှိခဲ့သော်လည်း မြန်မာ့ပို့ကုန်မှ အမြတ်အစွန်း ရာခိုင်နှုန်းအများအပြား ရရှိခဲ့ကြောင်း သိရသည်။


Arakan Time

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ