ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

23 January 2013

အဖေ့ ဖြစ်ရပ်မှန်

430492 241617392592067 1532465359 nသား အသက် ၁ နှစ်မှ ၁၆ နှစ် -
ကျောင်းအပြန် သားလေး အိမ်ရောက်လျှင်ရောက်ချင်း အဖေ့ကို ပွေ့ဖက် သည့် ဓလေ့အား အင်မတန် နှစ်သက်မြတ်နိုးသည်။

ဖားကန့်မော်ကလုန် ရွာသားများအား ဗမာစစ်တပ်မှ ဖမ်းဆီးနှိပ်စက်


Photo: ဖားကန့်မော်ကလုန် ရွာသားများအား ဗမာစစ်တပ်မှ ဖမ်းဆီးနှိပ်စက်
======================================

ဇန်န၀ါရီလ၂၃ ရက်နေ့ နံနက် ၆ နာရီမှစ၍ ဆိုင်းတောင်မှ ဂွေခါသွားရာ လမ်းရှိ မော်ကလုန်ကျေးရွာသို့ ဗမာစစ်တပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ရွာသားအချို့အား ဖမ်းဆီးနှိပ်စက် ခဲ့ကြောင်း ဒေသခံမျက်မြင်သက်သေများက ပြောပြပါသည်။ ထိုပစ်ခတ်မှုကြောင့် ရွာသား ၃ ဦးပွဲချင်းပြီးသေဆုံးကာ ရွာသားတစ်ဦးအား ကေအိုင်အေဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ ဆက်လက်၍ ထိုစစ်ကြောင်းမှ မော်ဖီ ကျောက်စိမ်းမှော် သို့သွားကာ လူနေအိမ်များအား ရွာလုံးကျွတ်မီးရှို့ခဲ့ကြောင်း၊ ကျောက်စိမ်းကုမ္မဏီ တစ်ခုလည်းမီးထဲ ပါဝင်ကြောင်း ဒေသခံတစ်ဦးက ဖုန်းဖြင့်သတင်းပေးလာပါသည်။ ကေအိုင်အေများသည် ဂွေခါရွာအနီးတွင် အခိုင်အမာ တပ်စွဲထားသော်လည်း ဗမာစစ်တပ်သည် လူနေရွာများသို့ဝင်ရောက်ဖျက်ဆီးကာ ငွေများ၊ ဖုန်းများနှင့် ကျောက်စိမ်းများအား ယူဆောင်သွားပါသည်။ ယခုအခါ ဗမာစစ်တပ်၏ စည်းလွတ်ဝါးလွတ် လုပ်ရပ်အား ဖားကန့်ဒေသခံအများစုမှာ နာကျည်းခါးသီးလျှက်ရှိပါသည်။ ကချင်လူမျိုးများ၏ စိတ်တွင် ဗမာလူမျိုးများအား လူမျိုးရေးမုန်းတီးစိတ် ပိုမိုပြင်းထန်လာပြီး ပြဿနာများပိုမိုကြီးထွားလာနိုင်ပါသည်။

Lachid Kachin

ဇန်န၀ါရီလ၂၃ ရက်နေ့ နံနက် ၆ နာရီမှစ၍ ဆိုင်းတောင်မှ ဂွေခါသွားရာ လမ်းရှိ မော်ကလုန်ကျေးရွာသို့ ဗမာစစ်တပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ရွာသားအချို့အား ဖမ်းဆီးနှိပ်စက် ခဲ့ကြောင်း ဒေသခံမျက်မြင်သက်သေများက ပြောပြပါသည်။

အစိုးရ၏ပူးပေါင်းမှုဖြင့်လူမျိုးသန့်စင်ရေးပြီးမြောက်ရန်ရခိုင်များလျှို့ဝှက်အစည်းအဝေးကျင်းပ



မောင်းတောမြို့နယ်၊ အင်းဒင်ရွာနှင့်ကျောက်ပန်းဒိုရွာများတွင် ဇန်န၀ါရီလ (၂၁) ရက်နေ့က ရခိုင်လူမျိုး များက လျှို့ဝှက် အစည်းအဝေးများ ကျင်းပခဲ့ကြောင်း သတင်းရ ရှိပါသည်။ ရခိုင်များမှ ရရှိသည့်သတင်း အရ ထိုအစည်းအဝေးများတွင် မွတ်စလင်များနှင့်အတူတကွ မနေထိုင်ရန်ဆုံးဖြတ်ခဲ့ပြီး၊ မွတ်စလင်များ ကိုသီးခြား ထားရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ 

မြန်မာနိုင်ငံဆိုင်ရာ ရိုဟင်ဂျာလူငယ်များကွန်ရက်၏ သဘောထားထုတ်ပြန်ချက်



အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာမှ ပူးပေါင်းဖြေရှင်းပေးမည့်အပေါ် သဘောထားထုတ်ပြန်ချက် 

ရက်စွဲ ၂၀၁၃ ခု၊ ဇန်န၀ါရီ ၂၀ ရက် 

(က) ကျွန်ုပ်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရိုဟင်ဂျာလူငယ်များကွန်ရက်သည် ဒီမိုကရေ စီခေတ်ပြောင်းတော် လှန် ရေး ကနဦးကတည်းက အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပူးပေါင်းပါဝင်လျက်ရှိပြီး အမိမြန်မာနိုင်ငံ တိုး တက် ပြောင်းလဲလာမှုကို အစဉ်လိုလားခဲ့ပြီး တစ်ပါတီ အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ရခိုင် လူမျိုးဦးတည် သော ပြည်ထောင်စုမှ ခွဲထွက်ခြင်းကို ပြတ်ပြတ် သားသား ဆန့်ကျင်သွားခဲ့ပါသည်။ 

ဘားအံမြို့ပေါ်တွင် အစ္စလာမ် ဆန့်ကျင်ရေး ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေပြီ

ဘားအံမြို့ပေါ်တွင် အစ္စလာမ် ဆန့်ကျင်ရေး ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေ
==========================================
ဇန်နဝါရီ ၂၀ ၂၀၁၃

ယနေ့နံနက် (၉း၁၅)ခန့်တွင်ဘားအံမြို့၊ မြို့မဈေးကြီး ပတ်ဝန်းကျင်ရှိဆိုင်များတွင် လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဟူသောစာတန်း ပါတီရှပ်များ ၀တ်ဆင်ထားသည့် လူငယ်အမျိုးသား၊ အမျိုးသမီးတစ်ချို့နှင့် ကိုရင်အရွယ် သံဃာအချို့တို့သည် မွတ်စလင်မ် ဆိုင်များ တွင်ဝယ်ယူအားပေးကြသည့် ဗုဒ္ဓဘာသာဝင်များအား လိုက်လံစစ်ဆေး၍ ပစ္စည်းများပြန်ပေးခိုင်း သည့်ဖြစ်စဉ် တစ်ချို့ဖြစ်ပေါ်ခဲ့သည်။ ဖြစ်စဉ်တစ်ခုမှာ-မွတ်စလင်မ် ဆိုင် တစ်ဆိုင်တွင်သွပ်ပြား ၀ယ်ယူသွားသည့် ကရင်လူမျိုးတစ်ဦးအား ၎င်းအဖွဲ့ဝင်များက တွေ့ရှိသွား၍ ထိုဆိုင်သို့  ပစ္စည်းပြန်အပ်ပြီး မွတ်စလင်မ် မဟုတ်သောဆိုင်တွင်သာ ၀ယ်ယူရန် လက်တွေ့ဆောင်ရွက်မှုကို ထိုပတ်ဝန်းကျင်ရှိ  ဘာသာဝင်အသီးသီးတို့က မြင်တွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။

ဤကဲ့သို့ဆောင်ရွက်ခြင်းမှာဘားအံမြို့အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟုသိရသည်။ ထို့ပြင်ကမ္ဘောဇဘဏ် အနီးတွင်လည်း ၎င်းလူငယ်အစောင့် သုံးဦးချထားပြီး ထိုအနီးအနားရှိ မွတ်စလင်မ် ဆိုင်များတွင် ဈေးဝယ်မည့်သူများအား စောင့်ကြပ်လျှက်ရှိနေကြောင်း သိရှိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရပါသည်။

ထို့ပြင် ဘားအံမြို့အနီးရှိ ကော့ကျိုက်နှင့်အခြားရွာများတွင် ‘ ဒီစာကိုဖတ်ဖြစ်အောင်ဖတ်ပါ” ဟူသောခေါင်းစဉ်ပေးထားသည့် ရေးသူဖော်ပြမထားသော အစ္စလာမ်ဆန့်ကျင်ရေး စာအုပ်များကို မကြာမီကဖြန့်ချိခဲ့သည်။ထိုစာအုပ်တွင် အစ္စလာမ်နှင့်ပတ်သက်သည့် အချက်အလက်များကို မှားယွင်းစွာဖော်ပြထားပြီး  တမန်တော်မုဟမ္မဒ် အပေါ် စော်ကားထားသည့် အောက်တန်းကျသော အရေးအသားများ ပါဝင်နေကြောင်း ဘားအံမြိုမှ အစ္စလာမ်ဘာသာဝင် တစ်ဥိးမှ M-Media သို့ပြောကြားပါသည်။  ယခင်က ကော့ကျိုက်ရွာမှာ ပတ်ဝန်းကျင်ကျေးရွာများနှင့် အရောင်းအ၀ယ် ကူးလူးဆက်ဆံမှုများ ပုံမှန်ရှိခဲ့သော်လည်း ကန့်သတ်မှုများနောက်ပိုင်းတွင် မိမိတို့ ရွာတွင်သာ ရောင်းဝယ် လုပ်ကိုင်ကြရကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်များအစမှာ ဘာသာမတူသူများနှင့် စီးပွားရေး၊ လူမှုရေးအရ ဆက်ဆံခြင်းမပြုရန် ၊ အိမ်ခြေရောင်းဝယ်ခြင်းမပြုရန် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာ တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ၁၀.၉.၂၀၁၂ နေ့တွင် စည်းကမ်းချက် လေးချက်ပါသော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး အမှတ်(၈၁) ဂလိုဘယ်ပို့စ် ဂျာနယ်မှ ယင်းသတင်းကို အောက်တိုဘာ (၁၉)ရက်နေ့၊ ၂၀၁၂ နေ့တွင် မျက်နှာဖုံး သတင်းအဖြစ် ဖေါ်ပြခဲ့သည်။

မကြာမီ ရက်များက ဘားအံမြို့ မဲဘောင် ကျောင်း တိုက်တွင် ၁.၁၂.၂၀၁၂ ပြုလုပ်သော ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အစည်း အဝေးမှ  ခွင့်ပြုလာလ ကုန်ဆုံး ပြီး ပြစ်ဒဏ်ပေးမည့် ကာလ ရောက်ရှိလာ၍ ဗုဒ္ဓဘာသာဝင်များထံ သတိပေးနှိုးဆော်လွှာ ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးနှိုးဆော်လွှာတွင် ဘာသာခြားဆိုင်များသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀  ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည် ဟု ဖော်ပြထားသည်။

M-Media
ဘားအံသား
---------------------------------------------------------------------------
လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ အမည် ဖြင့် အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်နေသူများ

==========================================
ဇန်နဝါရီ ၂၀ ၂၀၁၃

ယနေ့နံနက် (၉း၁၅)ခန့်တွင်ဘားအံမြို့၊ မြို့မဈေးကြီး ပတ်ဝန်းကျင်ရှိဆိုင်များတွင် လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဟူသောစာတန်း ပါတီရှပ်များ ၀တ်ဆင်ထားသည့် လူငယ်အမျိုးသား၊ အမျိုးသမီးတစ်ချို့နှင့် ကိုရင်အရွယ် သံဃာအချို့တို့သည် မွတ်စလင်မ် ဆိုင်များ

facebook မှကြည့် ချင်ရင် like လုပ်ပါ