ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

1 February 2013

ကုလသမဂ္ဂသည် အစ္စရေး တပ်ဖွဲ့ဝင် များမှ ကျည်စစ် ကျည်မှန်များ အသုံးပြု၍ ပါလက်စတိုင်း တက်ကြွ လှုပ်ရှား သူများအား တားဆီး ခဲ့မှုကြောင့် စိုးရိမ်


ကုလသမဂ္ဂသည် အစ္စရေး တပ်ဖွဲ့ဝင် များမှ ကျည်စစ် ကျည်မှန်များ အသုံးပြု၍ ပါလက်စတိုင်း တက်ကြွ လှုပ်ရှား သူများအား တားဆီး ခဲ့မှုကြောင့် ထိခိုက် ဒဏ်ရာရသူ အရေအတွက် မြင့်မား လာမှုအပေါ် စိုးရိမ်လျက် ရှိကြောင်း သိရှိ ရပါသည်။

သမ္မတ ဦးသိန်းစိန်ရဲ့ ရေဒီယို မိန့်ခွန်း အပြည့်အစုံ


သမ္မတ ဦးသိန်းစိန်ဟာ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီက ပြောကြား တဲ့ ရေဒီယို မိန့်ခွန်းဖြစ်ပါတယ်။ အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန စာမျက်နှာကနေ ပြန်လည် ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်။
Myanmar President U-Thein-Sein
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီ အစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း

ခြောက်လုံးပြူးနဲ့ WY စိတ်ကြွဆေးပြား ကယ်ရီ လုပ်ပေးရာမှ ရဟန်းတော် အဖမ်းခံရခြင်းဟု ဆို


ရခိုင်ပြည်နယ် စစ်တွေမြို့ သင်္ဘောဆိပ်ကမ်းမှာ ခြောက်လုံးပြူးတစ်လက်၊ WY လို့ခေါ်တဲ့ ယာဘားဆေးပြားတွေနဲ့ အတူ ဒီဇင်္ဘာလ ၂၄ ရက်နေ့က ဖမ်းခံခဲ့ရတဲ့ ရဟန်းတော်ဟာ သူများ ပစ္စည်း ကယ်ရီ လုပ်ပေးရာကနေ အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သတင်းတွေ ရရှိပါတယ်။
စစ်တွေ ဆိပ်ကမ်းမှ အမြန်ယာဉ်များ။ ( ဓါတ်ပုံ - နိရဉ္စရာ)
စစ်တွေ ဆိပ်ကမ်းမှ အမြန်ယာဉ်များ။ ( ဓါတ်ပုံ – နိရဉ္စရာ)
သူနဲ့ နီးစပ်တဲ့ မိတ်ဆွေ တစ်ဦးရဲ့ ပြောပြချက် အရ အဖမ်းခံရတဲ့ ရဟန်းတော် ဦးအိန္ဒြာစာရဟာ ဘူးသီးတောင်မြို့ ဇာတိဖြစ်ပြီး စစ်တွေကနေ အဲဒီအိတ်ကြီးကို အခကြေးငွေယူပြီး သယ်ယူပေးစဉ်မှာ စစ်တွေ သင်္ဘော ဆိပ်ကမ်းမှာ ဒီဇင်္ဘာလ ၂၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာကို တိုင်းရင်းသားခေါင်းဆောင်များနှင့် တန်းတူထား၍ ဗြိတိန်သံအမတ် ပွဲထုတ်နေ၍ စိတ်ပျက်မိကြောင်းပြော


မြန်မာတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်ဆုံတိုင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးက ရိုဟင်ဂျာ တစ်ဦးပါ ခေါ်ထားပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အတူ ပွဲထုတ်နေတဲ့ အတွက် စိတ်ပျက်မိတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။
b
“ ခွဲခြားဆက်ဆံတဲ့ သဘောမျိုး ပြောတာတော့ မဟုတ်ပါဘူး။ သူတို့က မြန်မာတိုင်းရင်းသား မဟုတ်ပါဘူးလို့ ပြောထားတဲ့ကြားထဲက တိုင်းရင်းသား ခေါင်းဆောင်တွေကို ခေါ်တွေ့တိုင်း သူတို့ပါလာတာက ပြောရဆိုရတဲ့ နေရာမှာ စိတ်ပျက်စရာ ကောင်းတယ်လို့”  ဦးလှစောက ပြောပါတယ်။

မိုင်းထိခံ ရခိုင်အမျိုးသားတစ်ဦးအား သူနာပြုဆရာမများ လစ်လှူရှုထား








KO ZAW HTAYဇန္န၀ါရီလ(၁၃)ရက်နေ့က အစိုးရနှင့်ကေအိုင်အေတိုက်ပွဲကြောင့် မိုင်းထိသွားသော အပြစ်မဲ့ပြည်သူ ရခိုင်အမျိုးသား ကိုဇော်ဌေးကို ရန်ကုန်ဆေးရုံသို့ပို့ထားကာ သူနာပြုဆရာမများက ဂရုတစိုက်ပြုစုစောင့်ရှောင့်မှုမရှိဘဲ လူနာအားအစစအရာရာ လစ်လှူရှုထားကြောင်း သတင်းရရှိသည်။

facebook မှကြည့် ချင်ရင် like လုပ်ပါ