ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 February 2013

မော်လမြိုင်-ရန်ကုန် ကျည်ဆန် ရထားလမ်း ဖောက်မည်

မော်လမြိုင်-ရန်ကုန် ကျည်ဆန် ရထားလမ်း ဖောက်လုပ်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ ကုမ္ပဏီ တွေ့ဆုံ
မွန်ပြည်နယ် အစိုးရ အဖွဲ့ ရုံးခန်းမ၌ ဇန်နဝါရီ ၂၉ရက် မွန်းလွဲ ၂ နာရီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ထိုင်းနိုင်ငံ AmmitaCo မှ Mr.Aukklik ဦးဆောင်သော ထိုင်း လုပ်ငန်းရှင် များနှင့် မော်လမြိုင်-ရန်ကုန် ကျည်ဆန်ရထား

မော်တော်ယာဉ် လိုင်းများ စတင် အသက်ဝင် ဒေသခံများ စိတ်ချမ်းမြေ့စွာ ခရီးသွားလာ လျက်ရှိ


မြစ်ကြီးနား ဖေဖော်ဝါရီ  ၁
ကချင်ပြည်နယ် အတွင်း ဒေသတွင်း တည်ငြိမ် အေးချမ်းစ ပြုလာပြီ ဖြစ်သဖြင့် မြစ်ကြီးနားမြို့ ခရီးသည်နှင့် ကုန်စည် သယ်ယူ ပို့ဆောင်ရေး ကားဝင်းမှ မော်တော်ယာဉ် လိုင်းများမှာ ဇန်နဝါရီ ၃ဝ ရက်မှ စတင်ကာ အသက်ဝင် လှုပ်ရှားလာပြီး ဒေသခံ ခရီးသွား ပြည်သူများ လည်း စိတ်ချမ်းမြေ့စွာ ခရီးသွားလာလျက် ရှိသည်။

ကျောက်တော် အဓိကရုဏ်းမှာ ဖမ်းထားသူ ၁ဝ ဦး ပြန်လွတ်လာပြီ

ကျောက်တော် အဓိကရုဏ်းမှာ ဖမ်းထားသူ ၁ဝ ဦး ပြန်လွတ်လာပြီ  ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စစ်ဆေးခံခဲ့ရတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁ ရက်နေ့ မနေ့ ညနေမှာ တရားသေလွှတ်လိုက်ပါတယ်။  တရားရုံးက ပြစ်မှုထင်ရှားမတွေ့ရှိဖူးဆိုပြီး သူတို့ကို အခုလိုအပြီးသတ် လွှတ်လိုက်တာဖြစ်တယ်လို့ လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ဦးအေးမောင် က RFA ကို ပြောပါတယ်။  “ကျတော်တို့ ၁ဝ ဦးက ဒီနေ့ပဲ ဒုတိယခရိုင်တရားရုံးကနေပြီးတော့ ၅ နာရီလောက်မှာ အခုလွတ်လာပါပြီခင်ဗျ၊ ဒီအမှုမှာ ကျနော်တို့က အမှုမမြောက်ဘူး၊ အမှုမှာ မထင်ရှားဘူးပေါ့၊ ကျွန်တော်တို့လုပ်တာ မဟုတ်ဘူးဆိုပြီးတော့ တရားရုံးက အဲသည်လို ဆုံးဖြတ်ပါတယ်ခင်ဗျ”  မနေ့က လွတ်မြောက်လာတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို အဲဒီကျေးရွာတစ်ဝိုက်မှာ လုံခြုံရေးယူနေတဲ့ ခမရ-၃၇၅ တပ်ရင်းက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ပါတယ်။  သူတို့ကို စစ်တွေအကျဉ်းထောင်မှာ ထားရှိခဲ့ပြီးနောက် စစ်တွေ ဒုတိယခရိုင်တရားရုံးမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂ လူသတ်မှု၊ ပုဒ်မ ၄၃၆ အိုးအိမ်ဖျက်ဆီးမှု၊ ပုဒ်မ ၁၁၄ ပြစ်မှု အားပေးကူညီမှုစတဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။ ဒါပေမယ့် တရားလိုပြသက်သေ ၁၅ ဦးကို စစ်ဆေးအပြီးမှာ တရားရုံးက အခုလို သူတို့ကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။  ကျောက်တော်မြို့နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး တရားရုံးတွေမှာ လက်ရှိအမှုရင်ဆိုင်နေရသူ ၁၅ ဦး ကျန်ရှိနေသေးတယ်လို့လည်း မနေ့က လွတ်မြောက်လာသူ ဦးအေးမောင် က ပြောပါတယ်။  Credit to : RFA Burmese Post By : အေးချမ်းမွန် https://www.facebook.com/excellencemediaရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စစ်ဆေးခံခဲ့ရတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁ ရက်နေ့ မနေ့ ညနေမှာ တရားသေလွှတ်လိုက်ပါတယ်။

တရုတ်တွင် မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကားတစ်စီး ပေါက်ကွဲမှုကြောင့် မိုးပျံလမ်းမ ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံး


တရုတ်တွင် မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကားတစ်စီး ပေါက်ကွဲမှုကြောင့် မိုးပျံလမ်းမ ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံး Saturday, 02 February 2013  မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီးသည် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မိုးပျံလမ်းမတစ်ခုပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် ယီချန်တံတား ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပြိုကျမှုကြောင့် တွန့်လိမ်ကောက်ကွေးသွားသော ကားများနှင့် အပျက်အစီးများကို နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။  ဟီနန်ပြည်နယ်ရှိ တရုတ်နိုင်ငံ၏ အရှည်ဆုံးလမ်းဖြစ်သော G 30 အမြန်လမ်းမပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် လမ်းပိုင်းအများ အပြားပျက်စီးခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် လူလေးဦး သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် တရုတ် အသံလွှင့်ဌာနကမူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ၎င်း၏ ၀က်ဘ်ဆိုက်တွင် ကနဦးတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ထပ်မံဖော်ပြမှု မရှိတော့ပေ။  ပြိုကျခဲ့သော ယီချန်တံတားအနီးမှ ဒေသခံများ၏ ပြောကြားချက်အရ တံတားပြိုကျရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း ကျယ်လောင်သော ပေါက်ကွဲသံကြားခဲ့ရပြီး ကုန်တင်ကားမှာ တံတားမပြိုကျမီ သို့မဟုတ် ပြိုကျပြီးမှ ပေါက်ကွဲသည်ကိုလည်း မသိရသေးကြောင်း နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီက ဖော်ပြခဲ့သည်။  အမြန်လမ်း ပြိုကျမှုကြောင့် လမ်းမပေါ်မှ မော်တော်ယာဉ်များစွာ ပြုတ်ကျ ခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ အရှိန်ဖြင့် ပေါက်ကွဲမှုကြောင့် ကားများစွာသည် လမ်းမပေါ်မှ လွင့်စင်ခဲ့သည်ဟု မျက်မြင်သက်သေများ က ပြောကြားခဲ့သည်။ တံတားအောက်တွင် မိုးပေါ်ဘီးထောင်နေသော ထရပ်ကားများသုံးစီး အပါအ၀င် လိမ္မော်ရောင် ယူနီဖောင်း ၀တ်ထားသော ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ်ရေး လုပ်နေပုံများကိုလည်း ထုတ်လွှင့်ပြသခဲ့သည်။  မော်တော်ယာဉ် ခြောက်စီးကို အပျက်အစီးများကြားမှ ပြန်လည်ဆယ်ယူခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။  တံတားပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းတံတားဘေးတွင် တံတားသစ်တစ်ခု စတင်ဆောက်လုပ်နေကြောင်း သိရသည်။ ယခုပြိုကျခဲ့သော တံတားမှာ အရှည် ၄၄၀၀ ကီလိုမီတာ (မိုင် ၂၇၀၀) ရှည်လျားပြီး တရုတ်အနောက်ဖက် ကာဇက်စတန်နယ်စပ်မှ အရှေ့ဖက် ပင်လယ်ဝါအထိ ရောက်ရှိနိုင်ကာ မြေပြင်ပေါ်မှ အမြင့် မီတာ ၃၀ ရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။  တရုတ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကျရောက်ဆင်နွှဲမည့် နှစ်သစ်ကူး ပွဲတော်အတွက် လူသန်းပေါင်းများစွာသည် နေရပ်များသို့ ပြန်လာနေရာ နိုင်ငံတွင်းရှိ လမ်းအများစုမှာ ပြည့်ကျပ်နေပြီး ကမ္ဘာ့အများဆုံး နှစ်စဉ်ရွှေ့ပြောင်းသွားလာမှု ဖြစ်သည်။ ယင်းအချိန်ကာလမှာ ပွဲတော်အတွက် မီးရှူးမီးပန်းများကို ၀ယ်ယူမှုများပြားနေရာ ယင်းလုပ်ငန်းရှင်များအတွက် စီးပွားရေး အကောင်းဆုံးရာသီ ဖြစ်သည်။  တရုတ်တွင် မကြာသေးမီ နှစ်များအတွင်း တံတားပြိုကျမှု ဖြစ်စဉ် အချို့ ဖြစ်ပွားခဲ့ပြီး လမ်းပေါ် မတော်တဆမှုများကြောင့် နှစ်စဉ် လူ ၇၀၀၀ ၀န်းကျင် သေဆုံးခဲ့ပြီး လူ ၃၀၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ ====================================== Ref: BBC;AFP Credit to Eleven Media Group

မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီးသည် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မိုးပျံလမ်းမတစ်ခုပေါ်တွင် ပေါက်ကွဲမှု
ဖြစ်ပွားခြင်းကြောင့် ယီချန်တံတား ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း
သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပြိုကျမှုကြောင့် တွန့်လိမ်ကောက်ကွေးသွားသော ကားများနှင့် အပျက်အစီးများကို နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

မြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲ တစ်ရပ် ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း


အခုလာမယ့် မေလမှာဆို အရေးကြီးတဲ့ကိစ္စတစ်ခုဟာ တရုတ်ပြည်ရဲ့ ပထဝီဝင်အနေအထားကို ထူးခြားမှုတစ်ခုခုဖြစ်စေပါတော့မယ်။ ကမ္ဘာ့ တိုက်ကြီးတစ်ခုစာပမာဏရှိတဲ့
တရုတ်ပြည်ဟာ ၎င်းရဲ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို နိုင်ငံ
အရှေ့ပိုင်း ကမ်းရိုးတန်းမြို့တွေမှာ အခြေစိုက် ဖေါ်ဆောင် လာခဲ့ရာမှ နိုင်ငံရဲ့ မြောက်ဘက်ကိုအခြေချပါတော့မယ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ