ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 February 2013

မုဒိမ်းကျင့်ရန်ကြိုးပမ်းသူတစ်ဦးအား ခရိုင်တရားသူကြီးမ ဒေါ်အေးသိန်းမှလာဘ်စားကာ အပြစ်မဲ့တရားသေလွှတ်






ရခိုင်ပြည် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာနေ (ဘ) ဦးမောင်သိန်းညွန့် (မိ) ဒေါ်မကျိုင်အေး တို့၏သမီး မစောပွင့်(၄၅)အား ၄င်းကျေးရွာနေ ဦးမောင်ထွန်းလှိုင်က မုဒိမ်းကျင့်ရန်ကြိုးပမ်းခဲ့သောကြောင့် ၄င်းအမှုကို တရားလိုဖက်မှ မြို့နယ်ကတစ်ဆင့် ခရိုင်တရားရုံးကိုတိုင်ကြားခဲ့သော်လည်း ခရိုင်တရားသူကြီးမ ဒေါ်အေးသိန်းမှ လာဘ်စားကာ တရားခံအား အရေးယူပြစ်ဒဏ်ချမှတ်ခြင်းမရှိဘဲ ပြီးခဲ့သည့်အပတ်က အပြစ်မဲ့တရားသေလွှတ်ပေးလိုက်ကြောင်း သိရသည်။

လိုင်ဇာမြို့အ၀င်ဝ ဆိုင်းဘုတ်ထိ အစိုးရတပ်သိမ်းပိုက်


ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)  ဌာနချုပ်အနီး   လိုင်ဇာမြို့အ၀င်ဝ မုခ်ဦးနေရာထိ အစိုးရတပ်တွေက သိမ်းယူတပ်စွဲထားလိုက်ပြီလို့ ကေအိုင်အေဘက်က အတည်ပြု ပြောကြားလိုက်ပါတယ်။
ဇန်န၀ါရီ ၁၈ ရက်နေ့ကတည်းက  လဂျားယန်ဒေသကို   အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ မြေပြင်ကရော ဝေဟင်ကပါ အပြင်းအထန်တိုက်ခိုက်စဉ်မှာ လိုင်ဇာမြို့အ၀င် ဆိုင်းဘုတ်အထိ  အစိုးရတပ်တွေက သိမ်းယူခဲ့တာလို့ ကေအိုင်အေ  ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။

မော်လမြိုင်-ရန်ကုန် ကျည်ဆန် ရထားလမ်း ဖောက်မည်

မော်လမြိုင်-ရန်ကုန် ကျည်ဆန် ရထားလမ်း ဖောက်လုပ်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ ကုမ္ပဏီ တွေ့ဆုံ
မွန်ပြည်နယ် အစိုးရ အဖွဲ့ ရုံးခန်းမ၌ ဇန်နဝါရီ ၂၉ရက် မွန်းလွဲ ၂ နာရီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ထိုင်းနိုင်ငံ AmmitaCo မှ Mr.Aukklik ဦးဆောင်သော ထိုင်း လုပ်ငန်းရှင် များနှင့် မော်လမြိုင်-ရန်ကုန် ကျည်ဆန်ရထား

မော်တော်ယာဉ် လိုင်းများ စတင် အသက်ဝင် ဒေသခံများ စိတ်ချမ်းမြေ့စွာ ခရီးသွားလာ လျက်ရှိ


မြစ်ကြီးနား ဖေဖော်ဝါရီ  ၁
ကချင်ပြည်နယ် အတွင်း ဒေသတွင်း တည်ငြိမ် အေးချမ်းစ ပြုလာပြီ ဖြစ်သဖြင့် မြစ်ကြီးနားမြို့ ခရီးသည်နှင့် ကုန်စည် သယ်ယူ ပို့ဆောင်ရေး ကားဝင်းမှ မော်တော်ယာဉ် လိုင်းများမှာ ဇန်နဝါရီ ၃ဝ ရက်မှ စတင်ကာ အသက်ဝင် လှုပ်ရှားလာပြီး ဒေသခံ ခရီးသွား ပြည်သူများ လည်း စိတ်ချမ်းမြေ့စွာ ခရီးသွားလာလျက် ရှိသည်။

ကျောက်တော် အဓိကရုဏ်းမှာ ဖမ်းထားသူ ၁ဝ ဦး ပြန်လွတ်လာပြီ

ကျောက်တော် အဓိကရုဏ်းမှာ ဖမ်းထားသူ ၁ဝ ဦး ပြန်လွတ်လာပြီ  ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စစ်ဆေးခံခဲ့ရတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁ ရက်နေ့ မနေ့ ညနေမှာ တရားသေလွှတ်လိုက်ပါတယ်။  တရားရုံးက ပြစ်မှုထင်ရှားမတွေ့ရှိဖူးဆိုပြီး သူတို့ကို အခုလိုအပြီးသတ် လွှတ်လိုက်တာဖြစ်တယ်လို့ လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ဦးအေးမောင် က RFA ကို ပြောပါတယ်။  “ကျတော်တို့ ၁ဝ ဦးက ဒီနေ့ပဲ ဒုတိယခရိုင်တရားရုံးကနေပြီးတော့ ၅ နာရီလောက်မှာ အခုလွတ်လာပါပြီခင်ဗျ၊ ဒီအမှုမှာ ကျနော်တို့က အမှုမမြောက်ဘူး၊ အမှုမှာ မထင်ရှားဘူးပေါ့၊ ကျွန်တော်တို့လုပ်တာ မဟုတ်ဘူးဆိုပြီးတော့ တရားရုံးက အဲသည်လို ဆုံးဖြတ်ပါတယ်ခင်ဗျ”  မနေ့က လွတ်မြောက်လာတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို အဲဒီကျေးရွာတစ်ဝိုက်မှာ လုံခြုံရေးယူနေတဲ့ ခမရ-၃၇၅ တပ်ရင်းက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ပါတယ်။  သူတို့ကို စစ်တွေအကျဉ်းထောင်မှာ ထားရှိခဲ့ပြီးနောက် စစ်တွေ ဒုတိယခရိုင်တရားရုံးမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂ လူသတ်မှု၊ ပုဒ်မ ၄၃၆ အိုးအိမ်ဖျက်ဆီးမှု၊ ပုဒ်မ ၁၁၄ ပြစ်မှု အားပေးကူညီမှုစတဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။ ဒါပေမယ့် တရားလိုပြသက်သေ ၁၅ ဦးကို စစ်ဆေးအပြီးမှာ တရားရုံးက အခုလို သူတို့ကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။  ကျောက်တော်မြို့နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး တရားရုံးတွေမှာ လက်ရှိအမှုရင်ဆိုင်နေရသူ ၁၅ ဦး ကျန်ရှိနေသေးတယ်လို့လည်း မနေ့က လွတ်မြောက်လာသူ ဦးအေးမောင် က ပြောပါတယ်။  Credit to : RFA Burmese Post By : အေးချမ်းမွန် https://www.facebook.com/excellencemediaရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စစ်ဆေးခံခဲ့ရတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁ ရက်နေ့ မနေ့ ညနေမှာ တရားသေလွှတ်လိုက်ပါတယ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ