ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 February 2013

မြန်မာကို မြန်မာဟုသာ မြင်သည့်အခါ


မြန်မာမလေးများ တရားဝင် ကျင်းပခွင့်ရခဲ့သည့် ဘရာရှိုးနှင့် ပတ်သက်ပြီး နန်းခင်ဇေယျာ စတင်ဆွဲဖွင့်ခဲ့သော ယဉ်ကျေးမှု တံခါးများ ဆိုပြီး ရေးလိုက်သည်။ သူ့ဘာသာ ရှိုးပွဲလုပ်၍ ယဉ်ကျေးမှု ထိခိုက်သော ပွဲတစ်ခု အတွက် ရေးသည့် ဆောင်းပါးအစတွင် လေးစားရသော ဆရာတစ်ဦးနှင့် ယနေ့ခေတ် ပထမဆုံး ဘီကီနီဝတ်ပြီး အလှပြခဲ့သော နန်းခင်ဇေယျာတို့ကို ထည့်ရေးသဖြင့် ရလိုက်သည့် ဝေဖန်မှုများကလည်း မနည်းမနောပင်။

KIA တပ်များ အစိုးရတပ်အား တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်




KIA တပ်များ အစိုးရတပ်အား တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်  ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃  KIA တပ်ဖွဲ့အနေဖြင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီး နောက်ကွယ်တွင်လည်း KIA တပ်ဖွဲ့အား လူ၊လက်နက်အင်အား တောင့်တင်းခိုင်မာအောင် တည် ဆောက်နေပြီး အစိုးရတပ်များကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။  “လက်ရှိ KIA တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ဒေသတိုင်းမှာ အရွယ်ကောင်းတဲ့ ယောင်္ကျားနဲ့ အမျိုးသမီးတွေကို သူတို့က အတင်းခေါ်သွားတာတွေ လုပ်နေတယ်။ ပြီးတော့ လိုင်ဇာမှာ စစ်သင်တန်းပေးတယ်။ အစိုးရတပ်တွေ ကို ငါတို့ ပြန်တိုက်မယ်။ ငါတို့တွေ နောက်(၂)နှစ်လောက် အစိုးရကို ပြန်တိုက်ပြီးရင် ငါတို့ ကချင်ပြည်နယ် ကို ပြန်ယူမယ်” လို့ပြောကြောင်း သင်တန်းသားအဖြစ်စုဆောင်းခံရပြီး လွတ်လာသူတစ်ဦးမှ ပြောပြတယ်။  KIA တပ်ဖွဲ့တွေက အခုလိုစစ်ရေးလေ့ကျင့်ပြီး တန်ပြန်ထိုးစစ်လုပ်နိုင်အောင် ပြင်ဆင်နေတယ် တစ်ဘက်ကလည်း အစိုးရတပ်တွေနဲ့ မြန်မာမုန်းတီးရေးတွေလဲ လုပ်နေတယ်လို့သိရပါတယ်။  “ကျနော်တို့ စစ်သင်တန်းတက်တုန်း နည်းပြတွေကပြောတယ်။ ဗမာလူမျိုးတွေကို မင်းတို့ လုံးဝလက်နက်ချ အရှုံးမပေးနဲ့၊ မိန်းကလေးတွေကလည်း ဗမာယောင်္ကျားကိုလုံးဝမယူနဲ့၊ ငါတို့ကချင်ဆိုတာ လူမျိုးကြီးတွေ” စသည်ဖြင့် လူမျိုးရေးခွဲခြားမှုတွေပြောဆိုပြီး မခံချင်စိတ်တွေဖြစ်အောင် ပြောဆိုလေ့ကျင့်ပေးနေတယ်လို့ သိရ ပါတယ်။ လိုင်ဇာနဲ့ KIA တပ်တွေမှာ ကျန်ခဲ့တဲ့ အဓမ္မစုဆောင်းခံရပြီး စစ်သားလုပ်နေရတဲ့သူတွေထဲမှာ မိဘနေရပ်ကို ပြန်ချင်တဲ့သူတွေနဲ့ ထွက်ပြေးဖို့ကြိုးစားနေတဲ့သူ အများကြီးရှိတယ်၊ ထွက်ပြေးရင်လည်း ပြန်ဖမ်းမိပြီး ပစ်သတ်ခံရမှာ ကြောက်လို့ မနေချင်ဘဲ နေနေကြရတဲ့သူတွေရှိတယ်လို့ သိရပါတယ်။
KIA တပ်ဖွဲ့အနေဖြင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီး နောက်ကွယ်တွင်လည်း KIA တပ်ဖွဲ့အား လူ၊လက်နက်အင်အား တောင့်တင်းခိုင်မာအောင် တည် ဆောက်နေပြီး အစိုးရတပ်များကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

23 February 2013

နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ချက် မူကြမ်းချမှတ်


နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကို  ဒီကနေ့ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်မူကြမ်းကို ချမှတ်လိုက်ပြီး မြန်မာနိုင်ငံ အကျဉ်းထောင်များမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားများကို စိစစ်ရေးလုပ်ငန်းတွေကို ဆက်ပြီးလုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အမေရိကန် ဘဏ္ဏာရေးဌာနက မြန်မာဘဏ် ၄ ခုနဲ့ ဆက်သွယ်လုပ်ကိုင်ခွင့်ပြု


အမေရိကန်ပြည်ထောင်စုက  မြန်မာနိုင်ငံမှာရှိတဲ့ဘဏ် ၄ ခုနဲ့ ငွေကြေးကိစ္စတွေဆောင်ရွက်ဖို့ သောကြာနေ့က ခွင့်ပြုလိုက်ပါတယ်။  အမေရိကန် ဘဏ္ဏာရေးဌာနရဲ့ထုတ်ပြန်ချက်မှာ အမေရိကန် ကုမ္ပဏီတွေ၊ တသီးပုဂ္ဂလိကတွေ၊ ဘဏ္ဏာရေး အဖွဲ့အစည်းတွေအနေနဲ့  မြန်မာ့စီးပွါးရေးဘဏ်၊ မြန်မာရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်နဲ့ ဧရာဝတီဘဏ်တွေကို ဆက်သွယ်လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း ဖေါ်ပြထားပါတယ်။

ခွင့်ပြုချက်မရှိပဲ ဓာတ်ဆီဆိုင်ဖွင့်မှု မန္တလေးမြို့ခံတွေ ကန့်ကွက်


မန္တလေးမြို့လယ်၊ ၂၅လမ်းနဲ့  ၈၆-၈၇ လမ်းကြားမှာ သက်ဆိုင်ရာ အာဏာပိုင်တွေ ခွင့်မပြုတဲ့ကြားက ဖွင့်လှစ်ခဲ့တဲ့  ပုဂ္ဂလိက ဓာတ်ဆီဆိုင်ကို ကန့်ကွက်တဲ့အနေနဲ့ မြို့ခံလူတစ်စုက ၂၅ လမ်းတလျှောက်က အိမ်တွေ၊ ဈေးဆိုင်တွေမှာ ဒီကနေ့ ဗီနိုင်း ပိုစတာတွေကို လိုက်လံချိတ်ဆွဲခဲ့ကြပါတယ်။
အဲဒီလို ဆောင်ရွက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ရေး ဦးစီးဆောင်ရွက်နေသူ ဦးမောင်မောင်သန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အခုလို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ၁၉၈၁ မီးရယ်၊ အဲ့ရှေ့က ကျွန်တော်တို့ မမှီလိုက်တဲ့ မီးရယ် ၂ ကြိမ်လောင်ဖူးပါတယ်၊ အဲ့တော့

facebook မှကြည့် ချင်ရင် like လုပ်ပါ