ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 February 2013

(((၈၈' ကျောင်းသားခေါင်းဆောင် ကို မင်းကိုနိုင်မှ ရိုဟင်ဂျာလူမျိုးမရှိ ဟု ပြတ်ပြတ်သာ:သာ:ပြောကြား (video)




*** ( ၂၁.၀၂.၂၀၁၃ ) နေ့ဒိန်းမတ် ၌ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး ( peace ) အကြောင်း တွေ့ဆုံဆွေးနွေးပွဲတွင် " မိမိကိုယ်ကိုမိမိ ရိုဟင်ဂျာလို့ ခံယူထားသူ ( ဘန်ကာလီ ) တဦး မှ မေးရာ" မေးတဲ့သူကိုယ်တိုင်မှ ရိုဟင်ဂျာလူမျိုးမရှိမှန်းကိုသိ သိကြီးနဲ့မေးတယ်လို့နားလည်ပါသည်။" " လူမျိုးစု၁၃၅မျိုးထဲမှာ ရိုဟင်ဂျာမပါဘူးဆိုတာယနေ့၁၃၅မျိုးလုံးကိုဖတ်ဖူးသူတိုင်းသိပါသည်ဟု" ၈၈' ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှပြတ်ပြတ်သာသာပြောကြားသွားသည်။***

ကျွန်တော်တို့ ရင်ထဲ့မှာ ဘယ်တော့မှ မမဲ့သော ဖြစ်ရပ်မှန်များ (video)

ဒီဗွီဒီယိုဖိုင်ကိုသိမ်းထားတာကြာပါပြီ ဒီဗွီဒီယိုကို ကြည့်လိုက်တိုင်း ရင်ထဲ့မှာတကေ၀မ်းနည်းခံစားရပါတယ်။
ဒီဖိုင်ကြည့်လိုက်တိုင်း အရင်ကဖြစ်ခဲ့တဲ့ပြသနာတွေနဲ့ ဘာမှကွာခြားမှုမရှိပါဘူး ကွာခြားတာတစ်ခုဘဲရှိပါတယ် အယင်ကလုပ်တာပြည်သူတွေကို နှစ်စက်တာတွေဟာ ပြည်ပကမသိာကပါဘူး မှောင်ခိုလုပ်တယ်ဆိုလိုတာပါ ခုကျတော့ကော ဒီအတိုင်းပါဘဲ ပေါ်တင်ကိုလုပ်လာပါတယ် လက်ပန်တောင် အခြေနေကိုကြည့်တိုင်းသူတိုင်းကြားတဲ့ သူတိုင်းသိနိုင်ပါတယ်။ သန်းရွှေကိုတော့လေးစားပါတယ် တကေ့ကိုတော်ပါတယ် နိုင်ငံကိုခုချိန်ထိလက်ထဲ့ မှာထဲ့ထားနိုင်တဲ့  အရေအချင်ဟာ တကေ့ကိုတော်ပါတယ် တနေ့ ဒီလိုဖြစ်လာမှာဆိုတာသိလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတိကိုကြည့်ပါ လွန်ခဲ့ တဲ့  ၁၀ နှစ်လောက်ကတေးကကို ထောင်ထားပြီး သူတို့ အဖွဲ့ထဲ့မှာ လူတွေကိုမှတ်ပုံတင်နိုင်အောင် လူတွေစိတ်ဝင်စားအောင်လုပ်ထားတာ တကေ့ကိုတော်ပါတယ်။ တစ်ခုတော့သိထားပါ ခင်ဗျာတို့ တကေ့ကိုယုံကြည်ခဲ့ တဲ့ ပါတီခေါင်းဆောင် ဒေါ်စုကြောင်းမဟုပ်ပါဘူး ဘာလို့ ဆိုတော့ ဒေါ်စု ကိုကြည့်ကို တရားဥပဒေစိုးမိုးရေး နေရာပေးထားပါတယ် ဘာမှလုပ်လို့ မရပါဘူး ဒါဟာဘာကြောင်းပါလဲ သေချာတွေ့ ကြည့်ရအောင် ကျွန်တော်တို့ လုပ်ပိုင်ခွင့်ကို ဘယ်လိုမှ ယူလို့ မရပါဘူး။ တစ်ခုတော့ရှိတယ် တကေလို့  သမ္မတ သိန်းစိန်ဟာ သေရမှာမကြောက်ဘဲနဲ့  သူမိသားစုလည်းပါတာပေါ့
ဒီပြည်သူတွေအတွက် သူရဲးကောင်းလုပ်ခဲရင်တော့နိုင်ငံဟာပြောင်းလဲ့လာနိုင်ပါတယ် လက်စာသူ သန်းရွှေ သစ္စာခံထားသူတွေကို လုပ်ပိုင်ခွင့်ရပ်နားခဲပြီးဆိုရင်ပေါ့ သမ္မတတော့ ဘ၀ကူးမှာသေချာပါတယ်ဗျာ ဒီလောက်ဘဲရေးတော့မယ်နော် နောက်ဟာတွေတော့ကိုယ့်ဟာကိုယ် ဝေဖန်ကြပေါ့။

လွှတ်တော်ကိုယ်စားလှယ်တွေ မီဒီယာဥပဒေ ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ


နိုင်ငံတကာ မီဒီယာ ဥပဒေနဲ့ သတင်းအချက်အလက်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို နေပြည်တော်မှာ ဒီကနေ့ လွှတ်တော် အမတ်အတော်များများနဲ့ မဇ္ဈိမ မီဒီယာတို့ ပူးပေါင်းပြီး ကျင်းပခဲ့ပါတယ်။
လွှတ်တော်မှာ မီဒီယာဥပဒေဆိုင်ရာ အချက်အလက်တွေ ဆွေးနွေးလာတဲ့အခါ ကျယ်ကျယ်ပြန့်ပြန့် နားလည်နိုင်အောင် ဒီဆွေးနွေးပွဲက အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ချက်ထားကြောင်း  မဇ္ဈိမ မီဒီယာ သတင်းဌာနက ဒေါ်သင်းသင်းအောင်က RFA ကို ပြောပါတယ်။

မော်လမြိုင်တွင် မီးလောင်မှုတစ်ခုဖြစ်ပွား


မော်လမြိုင်တွင် မီးလောင်မှုတစ်ခုဖြစ်ပွား  ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃  ဖေဖော်ဝါရီလ ၂၃ရက်နေ့ ည၁၂နာရီခွဲအချိန်မှစတင်၍ မော်လမြိုင်မြို့နယ်ရှိ ဖက်တန်းရပ်ကွက်၌ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားကြောင်း ယင်းရပ်ကွက်နေထိုင်သူ ကိုကျော်စံဝင်း၏ ပြောကြားချက်အရ သိရသည်။  "စလောင်တာက ပလက်စတစ်လုပ်ငန်းလုပ်ကိုင်တဲ့အိမ် ကနေစလောင်တာ။ သူတို့က ရေနံချီးလည်းလုပ်တယ်။ စလောင်တဲ့အိမ်ကတော့ ကုန်ပြီ။ ဘေးက သုံးထပ် အိမ်က နှစ်ထပ်နီးပါးလောင်သွားပြီ"ဟု ၎င်းက ပြောကြားသည်။  ယခုလက်ရှိအချိန်တွင် မီးလောင်ကျွမ်းမှုများဖြစ်ပွား လျက်ရှိရာ သက်ဆိုင်ရာမီးသတ်အဖွဲ့နှင့် ရပ်ကွက်နေပြည်သူအချို့မှ ဆက်လက်ငြိမ်းသတ်နေကြောင်း သိရှိရပြီး ဆုံးရှုံးမှုတန်ဖိုး များနှင့် ပတ်သက်၍ မသိရသေးကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောပြချက်အရ သိရသည်။  TMA ဓာတ်ပုံ-ကျော်စံဝင်း The Myanma Age
ဖေဖော်ဝါရီလ ၂၃ရက်နေ့ ည၁၂နာရီခွဲအချိန်မှစတင်၍
မော်လမြိုင်မြို့နယ်ရှိ ဖက်တန်းရပ်ကွက်၌ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားကြောင်း ယင်းရပ်ကွက်နေထိုင်သူ ကိုကျော်စံဝင်း၏ ပြောကြားချက်အရ သိရသည်။

ထူးဆန်းသည့် ကုက္ကိုပင်ကြီးကို မခုတ်လှဲတော့ပါ

ထူးဆန်းသည့် ကုက္ကိုပင်ကြီးကို မခုတ်လှဲတော့ပါ  ဘဲချောင်းရွာသည် ဧရာဝတီမြစ် လက်တက်တစ်ခု၏ ကမ်းနဖူးတစ်လျှောက် အရှေ့နှင့်အနောက်တန်းလျက် တည်ရှိနေသည့် ရွာတန်းရှည်ဖြစ်ပြီး ၀ါးခယ်မမြို့နယ် အတွင်းတည်ရှိကာ အိမ်ခြေ၁၁၀ခန့်ရှိသည်။ ၀ါးခယ်မမြို့နှင့် ၁၃မိုင်ဝေးသော ကျုံမငေးမြို့သို့သွားရာ ကားလမ်းအနီး၌ရှိ၍ စည်ကားသည်။ အရှေ့နှင့်အနောက် ရွာလယ်လမ်းကို ရွာသူရွာသားများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ငါးပေကျယ်သော ကွန်ကရစ်လမ်းဖောက် လုပ်ထားရာ ရှစ်မျက်နှာစေတီနှင့် အ-လ-ကကျောင်းရှေ့ တစ်ဖြတ်သာခင်းရန်ကျန်တော့သည်။ ထိုလမ်းပိုင်းကို ဆက်ခင်းရန်မှာ ပင်စည်လူ နှစ်ဖက်စာခန့်ရှိ နှစ်၁၀၀ခန့် သက်တမ်းရှိပြီဖြစ်သော ကုက္ကိုပင်ကြီးခံနေသည်။ ထိုအပင်ကြီးတွင် နှစ်စဉ်တပို့တွဲလရောက်တိုင်း မည်သည့် နေရာကလာသည် မသိသော ငှက်ကြီးဝန်ပိုလို ငှက်ကြီးများ အကောင်လေးငါးဆယ်ခန့် လာရောက်နားခိုကာ အသိုက်လုပ်လေ့ ရှိသည်ဟုဆိုသည်။ ယခုနှစ်တွင် မိုးဒဏ်လေဒဏ်ကြောက်ရ၍ ထိုကုက္ကိုပင်ကြီး၏ အုပ်ဆိုင်းနေသည့် အကိုင်းများကို ရွာသားများက ချိုင်ခဲ့ကြပြီး ယခုတစ်ဖန်လမ်းနှင့် မလွတ်၍အပင်ကြီးကို ခုတ်လှဲ သင့်မလှဲသင့် အစည်းအဝေး ပြုလုပ်သောအခါ ခုတ်လှဲရန်ဆန္ဒရှိသူက အများစုဖြစ်၍ ခုတ်လှဲရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့ဖြစ်၍ သစ်ပင်ခုတ်ယူမည့် သူများအား ငွေကျပ်တစ်သိန်းဖြင့် ရောင်း၍ ၎င်းတို့ခုတ်ယူကြရန် ဆွေးနွေးသဘောတူလိုက်သည်။ ထိုညတွင်ပင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းအောင်ကို လည်းကောင်း၊ ရပ်ကျိုးရွာကျိုး ဆောင်ရွက်နေသူ ကိုကျော်လွင်ကို လည်းကောင်း ''ငါဒုက္ခရောက်သလို မင်းတို့လည်း ဒုက္ခရောက်စေရမယ်။ ငါငိုရသလို မင်းတို့လည်းငိုရမယ်'' ဟုထူးဆန်းစွာ အိပ်မက်လာပေးကြောင်း၊ ကျုံမငေးမြို့ မြတ်စွယ်တော်ကျောင်း ပရိယတ္တိစာသင်တိုက် နာယကဆရာတော်ဘဒ္ဒန္တ ပညာဇောတိကလည်း တရားဟောရင်း ''ဒီအပင်ကြီးကို မခုတ်ကြပါနဲ့၊ မလုပ်ကောင်းပါဘူး''ဟုမိန့်ကြားခဲ့ကြောင်း၊ သို့ဖြစ်၍ အဆိုပါကုက္ကိုပင်ကြီး (ပုံ)ကိုခုတ်လှဲခြင်း မပြုတော့ဘဲ ကွန်ကရစ်လမ်းကို အပင်ကြီးအားဝိုက်၍ ခင်းသွားရန် စီစဉ်နေကြပြီဖြစ်ကြောင်း ဘဲချောင်းရွာဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တ၀ရသာမိနှင့် ကျေးရွာဖွံ့ဖြိုးရေးကို ရှေ့တန်းမှ ဆောင်ရွက်နေသူ ဦးကျော်စိုး(အလယ်တန်း ကျောင်းအုပ်-ငြိမ်း) တို့က ၅-၂-၂၀၁၃ရက်က ပြောပြလိုက်သည်။      အေးချမ်းမွန်မှ ပြည်မြန်မာ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

ဘဲချောင်းရွာသည် ဧရာဝတီမြစ် လက်တက်တစ်ခု၏ ကမ်းနဖူးတစ်လျှောက် အရှေ့နှင့်အနောက်တန်းလျက် တည်ရှိနေသည့် ရွာတန်းရှည်ဖြစ်ပြီး ၀ါးခယ်မမြို့နယ် အတွင်းတည်ရှိကာ အိမ်ခြေ၁၁၀ခန့်ရှိသည်။ ၀ါးခယ်မမြို့နှင့် ၁၃မိုင်ဝေးသော ကျုံမငေးမြို့သို့သွားရာ ကားလမ်းအနီး၌ရှိ၍ စည်ကားသည်။ အရှေ့နှင့်အနောက် ရွာလယ်လမ်းကို ရွာသူရွာသားများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ငါးပေကျယ်သော ကွန်ကရစ်လမ်းဖောက် လုပ်ထားရာ ရှစ်မျက်နှာစေတီနှင့် အ-လ-ကကျောင်းရှေ့ တစ်ဖြတ်သာခင်းရန်ကျန်တော့သည်။ ထိုလမ်းပိုင်းကို ဆက်ခင်းရန်မှာ ပင်စည်လူ နှစ်ဖက်စာခန့်ရှိ နှစ်၁၀၀ခန့် သက်တမ်းရှိပြီဖြစ်သော ကုက္ကိုပင်ကြီးခံနေသည်။ ထိုအပင်ကြီးတွင်

facebook မှကြည့် ချင်ရင် like လုပ်ပါ