ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

26 September 2012

မြန်မာမှ ဘင်္ဂလာသို့ ဆား မေကြိရိ ၄၆၅ တန်ချိန် တင်ပို့






Salt export to BGမြန်မာမှ ဘင်္ဂလာသို့ နယ်စပ်စီးပွားရေး တရားဝင် ရေလမ်းကြောင်းမှ ဆား ၄၆၅ မေတြိရိတန်ချိန်အား ကြာသပတေးနေ့က တင်ပို့လာကြောင်း ဆိပ်ကမ်း ကာစ္စတင်နှင့် NBR တာဝန်ရှိသူများက ပြောသည်။
မြန်မာနိုင်ငံ အနောက်ဘက်ရှိ ရခိုင်ပြည်နယ် မောင်တောနှင့် ဘင်္ဂလာ တာခ်နာဆိပ်ကမ်းတို့အကြား တရားဝင် နယ်စပ်စီးပွားရေးမှာ ၁၇ နှစ်တာ ကြာမြင့်လာပြီးဖြစ်ကြောင်းနှင့် ယင်းဆား တရားဝင် တင်ပို့မှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဆိုသည်။

တာခ်နာဆိပ်ကမ်းမှ GM မိုဟာမတ် အာဘ်ဒူလ် မိုဟိုက်မေန်က "အစိုးရက မြန်မာက ဆားတင်ပို့မှုကို တရားဝင်လက်ခံ သဘောတူထား ပါတယ်၊ ကုန်သည်အချင်းချင်း တင်ပို့မှုအပေါ် နားလည်မှု ရယူပြီးဖြစ်ပေမယ့် အလုံးအရင်း လက်ခံတာက မရှိသေးပါ။"ဟု ဆိုသည်။
ဆိပ်ကမ်းကာစ္စတင် က "ဆိပ်ကမ်း NBRနဲ့အတူ မြန်မာဆားကုန်သည်တွေကို ဆားတင်ပို့ဖို့ သဘောတူညီမှုရရှိပြီးသား ဖြစ်ပါတယ်၊ ဒါပေမယ့် မြန်မာ့ဆား တင်ပို့လာမှုမှာ အောက်တိုဘာ ၃၁ နေ့အထိသာ ရက်သတ်မှတ်ထားပါတယ်၊ ဆားအပြည့်နဲ့ စက်လှေတစ်စီး စစ်တွေမြို့ကနေ ၁၉ ရက်နေ့ကတည်းက တာခ်နာဆိပ်ကမ်းသို့ ထွက်လာပြီး ၂၀ ရက်နေ့ ရောက်ရှိလာတာပါ။"ဟု ယမန်နေ့ကထုတ် teknafnews.net, coxsbazarnews.netတို့တွင် ဖေါ်ပြထားသည်။
ယင်းတင်ပို့လာသော စက်လှေမှာ ဘင်္ဂလာမှ စက်လှေဖြစ်ကြောင်း၊ ဘင်္ဂလာမှ စက်ဘုတ်အကြီး ၄ စီးမှာ မြန်မာသို့ လွန်ခဲ့သော ရက်အနည်းငယ်က ထွက်ခွာသွားခဲ့ကြောင်းနှင့် ကျန် ၃ စီးမှာ စစ်တွေမြို့ဆိပ်ကမ်းတွင် ဆားများတင်လျက် ကျန်ရှိနေသေးကြောင်း သက်ဆိုင်ရာမှ ပြောဆိုသည်။
စစ်တွေမြို့ ဆိပ်ကမ်းတွင် ဆားတင်ကျန်ခဲ့သော စက်ဘုတ်ကြီးများမှာ များအကြာခင် တာခ်နာဆိပ်ကမ်းသို့ ဆိုက်ရောက်လာမည် ဖြစ်ကြောင်းနှင့် ရောက်လာသော ဆားဘုတ်ကြီးမှာ ယမန်နေ့ ညနေဘက်တွင် ရောက်ရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
သို့သော်လည်း အဆိုပါ ဆိုက်ရောက်လာသော မြန်မာဆားများအား တာခ်နာဆိပ်ကမ်းမှ Imports General Manifactor (IGM) တရားဝင် လုပ်မပေးသေးကြောင်း စုံစမ်းသိရှိရသည်။
ဘင်္ဂလာအနေဖြင့် မြန်မာ့ကုန်များကို ၀ယ်လိုအားကြီးနေခြင်းမှာ နယ်စပ်စီးပွားရေး တရားဝင် စာချုပ်လက်မှတ်မထိုးခင် ကတည်းက ဖြစ်သော်လည်း ယနေ့အချိန်ထိ မြန်မာ့တင်ပို့ကုန်များ အရည်အသွေးကောင်း တင်ပို့နိုင်ခြင်းမရှိ၍ ဈေးသက်သာမှုဖြင့် တင်ပို့လျက် ရှိနေကြောင်း သိရှိရသည်။
 

 

Arakan Time

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ