ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 September 2012

၁၆ ဆက်မြောက် စစ်တကောင်း ဗိုလ်မင်းထောင် ဗိုလ်မင်း KS ဖြူ ဖြစ်လာ


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ရွာတော်ခရိုင် ( ဘင်ဒရိုဘင်ခရိုင်) ဗိုလ်မင်းထောင်၏ ၁၆ ဆက်မြောက် ဗိုလ်မင်းမှာ ဒေသခံများ အခေါ် KS ဖြူ ( kesan Pru) ကို တင်မြှောက်လိုက်ကြသည်ဟု သိရသည်။

ယမန်နေ့ (ဗုဒ္ဓဟူးနေ့)  ဗိုလ်မင်း၏ မင်းတက်ပွဲ အခမ်းအနားကို ရွာတော်မြို့တွင် ပြုလုပ်ခဲ့ရာ ဒေသခံ လူထု ထောင်ချီတက်ရောက်ခဲ့သည်ဟု သိရသည်။ အခမ်းအနားကို ရောင်စုံ စက္ကူများဖြင့် တံဆာဆင် ထားသော မဏ္ဍပ်အတွင်း ကျင်းပခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလားဒေခ်ျ့ အစိုးရမှ ၁၆ ဆက်မြောက် ဗိုလ်မင်းအသိ အမှတ်ပြုပြီးနောက် အဆိုပါ အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့သည်။
ယခင် ၁၅ ဆက်မြောက် ဗိုလ်မင်းဖြစ်သူ ဦးအောင်ရွှေဖြူမှာ လူကြီးရောဂါဖြင့်  သြဂတ်စ်လ ၈ ရက်နေ့က သေဆုံးသွားပြီးနောက် ယခု ဗိုလ်မင်းဖြစ်သူ KS ဖြူကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက ခန့်အပ်လိုက်ခြင်း ဖြစ်သည်။
ဗိုလ်မင်း အဖြစ်ဆက်ခံထိုက်သူကို ဆွေတော်မျိုးတော် မိသားစု အလိုက် မျိုးဆက် စာရင်းကို အစိုးရ သို့ တင်ပြထားရပြီး အစိုးရမှ အသက်ရွယ် အလိုက် ရွှေးချယ် ခန့်အပ်ခြင်း ဖြစ်သည်။
ဗိုလ်မင်းအဖြစ် ခန့်အပ်ခံထားရသူမှာ အဆောင်အယောင်ဖြင့်  နေထိုင်ခွင့်ရပြီး သူအပိုင်စားရသော ဗိုလ်မင်းထောင် (ဘင်ဒရိုဘင် ခရိုင်)တွင် အခွန်အကောက် ကောက်ပိုင်ခွင့်၊ တရားမ အမူများကို စီရင်ပိုင်ခွင့် ရရှိသည်ဟု သိရသည်။
ဗိုလ်မင်းထောင် (ဘင်ဒရိုဘင် ခရိုင်)နှင့် ဖလံထောင် (ခါကာဆိုရီး)တွင် နေထိုင်သော လူမျိုးများမှာ ယခင်က ရခိုင် အဖြစ် ခံယူခဲ့ကြသော်လည်း ပါကိစ္စတန် အစိုးရ လက်ထက်မှ စပြီး မာရမာ အဖြစ်ခံယူကြသည်ဟု သိရသည်။
ဗိုလ်မင်းထောင်ကို အပိုင်စားရသော ဗိုလ်မင်းဆွေမျိုးမှာ ၎င်းတို့မှာ ဟံသာဝတီ ဘုရင့်နှောင် ၏ ဆွေတော်မျိုးတော် အဖြစ် ခံယူကြပြီး ရခိုင်ဘုရင် မင်းရာဇာကြီးက ဟံသာဝတီကို ၀င်တိုက်စဉ် ဘုရင့် သမီးတော် မခင်နှောင်းနှင့် အတူ ခေါ်ဆောင်လာသူများ ဖြစ်ကြသည်ဟု ပြောဆိုသည်။
ဒေသခံများ မာရမာများမှာမူ ရခိုင်နှင့် ယဉ်ကျေးမူ၊ ဘာသာစကားများ တူညီကြသော်လည်း သူတို့ကို သူတို့ မာရမာများဟု ခံယူကြသည်။ သမိုင်းပညာရှင်များကမူ သူတို့မှာ ရှေးရခိုင် များ ဖြစ်ကြသည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်တွင် ပျောက်ကွယ်သွားပြီ ဖြစ်သော ပေါရဏ စကား လုံးများကို အဆိုပါ ဒေသတွင် ယခုတိုင်သုံးစွဲလျှက် ရှိကြောင်း သိရသည်။
စစ်တကောင်းတောင်တန်းနယ်တွင် ဗိုလ်မင်း အုပ်စိုးမူအား အင်္ဂလိပ် အစိုးရ အုပ်ချုပ်စဉ်က  ဖျက် သိမ်းခဲ့ခြင်း မရှိဘဲ အဆောင်အယောင်ဖြင့် ခွင့်ပြုခဲ့သဖြင့် အဆိုပါ စနစ်မှာ ယခုထက်တိုင် ဘင်္ဂ လာဒေခ်ျ့နိုင်ငံတွင် တည်တံ့နေခြင်း  ဖြစ်ကြောင်း သိရသည်။

narinjara

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ