ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

10 October 2012

မောင်တောမြို့ရှိမီးလောင်ခံခဲ့ရသော ကျေးရွာများတွင် နေအိမ်တည်ဆောက်ရေး လုပ်ငန်းအချို့စတင်မှုမရှိသေး


မောင်တောမြို့နယ်အတွင်း မီးလောင်
ပျက်စီးခဲ့သည့် ကျေးရွာများမှ
 နေအိမ်များကို အိုင်အင်ဂျီအိုများမှ
 တည်ဆောက်ရန်ရှိသော်လည်း

ယခုအချိန်ထိ နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းများ စတင်မှုမရှိသေးကြောင်း၊ စည်ပင်သာယာရေးအဖွဲ့၊ယူအန်အိပ်ခ်ျ စီအာရ်နှင့် ကဲရ်မြန်မာအဖွဲ့များမှ တာဝန်ယူတည်ဆောက်ပေးရန်ရှိကြောင်းလည်း သိရသည်။

မီးရှို့ခံခဲ့ရသည့် ကျေးရွာများမှ နေအိမ် ၅၅၂လုံးကို စည်ပင်သာယာရေး အဖွဲ့မှ ၂၀၂ လုံး၊ယူအန်အိပ်ခ်ျစီ အာရ်မှ ၂၂၂ လုံးနှင့် ကဲရ်မြန်မာအဖွဲ့မှ ၁၂၈လုံး အသီးသီးတည်ဆောက်ရန် သဘောတူညီထားကြသော်လည်း ယူအန်အိပ်ခ်ျစီအာရ်နှင့် ကဲရ် မြန်မာအဖွဲ့များမှတည်ဆောက်မှုအပိုင်းကို ယခုထိ မစတင်နိုင်သေးကြောင်းတည်၊ကယ်၊ ပြန်အဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

မီးရှို့ခံကျေးရွာများမှ နေအိမ်များကို စည်ပင်သာယာရေးအဖွဲ့က ဆောက်နေပြီဖြစ်ကြောင်း၊ယူအန် အိပ်ခ်ျစီအာရ်ကအောက်တိုဘာလမှ ဒီဇင်ဘာလထိ နေအိမ် ၁၁၁ လုံးကို တည်ဆောက်ပေးမည်ဖြစ်ပြီး ကျန်နေအိမ် ၁၁၁လုံးကို ၂၀၁၃ခုနှစ်မှသာ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ ကဲရ်မြန်မာအဖွဲ့မှာ ယခုအချိန်ထိတည် ဆောက်မှုမစသေးကြောင်းအောက်တိုဘာလ ၆ရက်နေ့ကပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၏ခရီးစဉ်တွင် ဒေသခံများနှင့်တွေ့ဆုံစဉ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးကပြောကြားသည်။

လက်ရှိတွင်မီးရှို့ခံကျေးရွာများမှ ဒေသခံများကိုသက်ဆိုင်ရာကျေးရွာများတွင် နေရာချပေး
ထားပြီးဖြစ်သော်လည်း နေအိမ်များဆောက်လုပ်မပြီးသေးသဖြင့် ယာယီရွက်ဖျင်တဲများဖြင့်သာ နေထိုင်နေရဆဲဖြစ်ကြောင်းလည်းသိရသည်။

 Banyar Aung
ရွှေမြန်မာမီဒီယာ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ