ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

10 October 2012

(အရေးကြီးသတင်းပေးချက်) ၂၀၁၂ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ပထမဆုံး မုန်တိုင်း စဖြစ်တော့မည် ဟုသိရ"


ဘင်္ဂလားပင်လယ်အော်တွင် ယခုနှစ် ပထမဆုံးဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အစောဆုံးအနေဖြင့် အောက်တိုဘာလ ၁၀ ရက် ညပိုင်းနှင့် အနောက်ကျဆုံး အောက်တိုဘာလ ၁၁ ရက် နံနက်တို့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ဖြတ်ကျော်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောကြားလိုက်သည်။

ဓာတ်ပုံ- ထိုင်းမိုးလေ၀သဌာန"မုန်တိုင်းငယ် ကမ်းခြေကို ဖြတ်ကျော်လာစဉ်အတွင်း လေတိုက်ခတ်မှုဟာ တစ်နာရီ မိုင် ၄၀ မှ ၅၀ အထိသာ တိုက်ခတ်နိုင်တဲ့အတွက် မုန်တိုင်းဒီရေတက်ခြင်း မရှိပေမယ့်လည်း ပင်လယ်ပြင်တွင်မူ မကြာခဏ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး ရေပြင်မြေပြင် လေဟာ တစ်နာရီ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါက လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ရှစ်ပေမှ ဆယ်ပေခန့်အထိ ရှိနိုင်တယ်" ဟု ဦးထွန်းလွင်က ခန့်မှန်းသည်။

"ရေကြီးနိုင်တဲ့အခြေအနေကတော့ ရခိုင်မြောက်ရယ် ချင်းမြောက်တို့ မကွေးတို့ သတိထားရမယ်။ အနားရောက်မှ ဘာဖြစ်သွားမလဲမသိဘူး" ဟု ဦးထွန်းလွင်က ဆက်လက်ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှ မုန်တိုင်းဖြတ်ကျော်ခဲ့ပြီး ကုန်းတွင်းဖြတ်ကျော်နေစဉ်အတွင်း မုန်တိုင်းအတွင်းရှိ ဆဲလ်တစ်ခုကွဲကာ တိမ်တိုက်ကြီး အောက်ဖက်ဆင်းလာခဲ့သဖြင့် မြန်မာနိုင်ငံ၏ မိုးနည်းဒေသဖြစ်သော ပခုက္ကူနှင့်ဆိပ်ဖြူ စသောဒေသတို့တွင် လျှပ်တစ်ပြက်ရေကြီးခဲ့သဖြင့် ဒေသခံများ သေဆုံးခဲ့သည်။



7day News

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ