ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

30 October 2012

ယနေ့ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် လူပေါင်း (၁) သောင်းကျော်လောက် တောင်းဆိုနေ (နောက်ဆုံးရသတင်း)

၉း၁၃ နာရီ ကျောက်နီမော်ကျေးရွာ သတင်း -------------------------ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေး ရွာတွင် ယခုအခါ ရခိုင် လူအယောက်
၄၀၀၀ မှ ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဟုသိရှိရပါသည်။
အခင်းဖြစ်ပွါးပုံမှ ကျောက်နီမော် ရခိုင်များနေထိုင်ရာ အပိုင်းနှင့် ဘင်္ဂလီများ နေထိုင်ရာ အစပ်တွင် မီးလောင်းမှု ဖြစ်ပွါးသည်ဟု ကြားသိရ၍ ရခိုင်များမှ သွားရောက် ကြည့်ရူရာ လယ်ကွင်းထဲတွင် ရပ်ကြည့်နေသော လူအုပ်တည့်တည့်သို့ ကျောက်ထရံ ကျေးရွာ လုံခြုံရေးဒုရဲအုပ် ကျော်လွင်မှ လူအုပ်ထဲသို့ သေနပ်ပစ်ဖောက်ရာ ရမ်းဗြဲမြို့နယ် ၊ ရေမျက်ဝကျေးရွာမှ မောင်ဟန်ရွှေ၊ အသက် (၅၅) နှစ်
ကျဆုံးသွားကြောင်းသိရှိရပြီး သန့်တင်၊အသက်(၄၀)ပတ်ဝန်ကျင်၊ သပြေချောင်းကျေးရွာမှ ပေါင်တွင် သေနပ်ထိမှန်ပြီး ကျောက်နီမော် ဆေးရုံးသို့ တင်ထားရကြောင်း သိရှိရပါသည်။
ယခုအခါ လူထုမှာ မကျေမနပ်ဖြစ်လျှက်ရှိပြီး ကျောက်ဖြူမြို့နယ် လွတ်တော်အမတ် ဦးဘရှိန်ကို အကြောင်းကြားပြီး လူထုမှ လုံခြုံရေးများကို ဖြေရှင်းချက်ပေးရန်နှင့် ကျောက်နီမော် ဘင်္ဂလီကျေးရွာကို ပြောင်းရွေ့ပေးရန် တောင်းဆိုလျှက်ရှိသည်ဟုသိရှိရပါသည်။
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် အခင်းစတင်ဖြစ်ပေါ်ပြီး -----------------------------၃၀.၁၀.၂၀၁၂ ရက် နံနက် (၈) နာရီလောက်က စတင်ပြီး ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ရုန်းရင် ဆန်ခတ်မှုများဖြစ်ပွါးခဲ့ပြီး အခြေအနေကို သွားရောက် ကြည့်ရှုခဲ့သော သူများကို လုံခြုံရေးတာဝန်ကျ ဒုရဲအုပ် ကျော်လွင်မှာ သေနပ်ဖြင့် ပစ်သတ်ခတ်ခဲ့ရာ ရမ်းဗြဲမြို့နယ် ၊ ရေမျက်ဝကျေးရွာမှ မောင်ဟန်ရွှေ၊ အသက် (၅၅) နှစ် ကျဆုံးသွားကြောင်းသိရှိရပြီး သန့်တင်ဆိုသူများ ဒဏ်ရာ ပြင်ထန်းစွာရရှိပြီး ကျောက်နီမော် ပြည့်သူဆေးရုံးသို့ သယ်ယူသွားရကြောင်းကို RSV သတင်းထောက်မှ သတင်းပေးပို့လာပါသည်။ ယခုအခါ အခြေအနေမှာ တင်မာလျှက်ရှိပြီး မသီတာထွေးကို မုဒိန်းကျင့်၊ လူသတ်၊ ပစ္စည်းလုယက်ခဲ့မှုကြောင်း ဒေသအတွင်း စိုးရိမ်းစရာအကောင်းဆုံး နေရာဟု သတ်မှတ်ထားသည့် ဒေသလည်း ဖြစ်ပါသည်။
၉း၄၅ နရီ၊ ရမ်းဗြဲမြို့ ကျောက်နီိမော်အုပ်စု သတင်း -----------------------မီးလောင်းမှု ၊ မီးရှိုးမှု အပြန်အလှန်တိုက်ခိုက်မှု လုံးဝမရှိဘဲ လေကွင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများသို့ လုံခြုံရေးမှ သေနပ်ဖြင့် ပစ်သတ်ရာ နောက် ရခိုင်(၁)ယောက် သေဆုံးပြီး၊ (၃) ယောက်တွင် ဒဏ်ရာအပြင်းအထန်ရရှိပြီး ကျောက်နီမော်ဆေးရုံးကို ပို့လိုက်ရကြောင်း သေဆုံးသူ၏ နာမည်နှင့် ကျေးရွာကို မသိရှိရသေးပေဟု RSV သတင်းထောက်မှ သတင်းပေးပို့လာပါသည်။ အခြေအနေမှာ ဆက် လက်တင်မာလျှက်ရှိပါသည်ဟု သိရှိရပါသည်။
၁၀း၀၀ နာရီ ရမ်းဗြဲမြို့နယ် ကျောက်နီမော် သတင်း --------------------------ယခုအခါ ကျောက်နီမော်ကျေးရွာ ပတ်ဝန်ကျင်မှ လူများသည် တဖြည်းဖြည်း အင်အားထပ်တိုးလာပြီး အင်အားပေါင်း (၁)သောင်းပတ်ဝန်ကျင်လောက်ရှိသွားပြီး တခြားသူများလည်း လာရောက်ပူပေါင်းလျှက်ရှိသည်ဟုသိရှိရပါသည်။
လူထုသည် လုံးဝ နောက်ဆုတ်သွားမည် အခြေအနေမရှိဘဲ ထိုကျောက်နီမော် ဘင်္ဂလီကျေးရွာအား နေရာပြောင်းရွေ့ပေးရန်နှင့် လုံခြုံရေးသည် လူထုကို သတ်ဖို့ မဟုတ်ဟု ကြွေးကြော်လျှက်ရှိသည်ဟု သိရှိရပါသည်။ ကျောက်နီမော် ကျေးရွာ ပတ်ဝန်ကျင်တွင်လည်း လုံခြုံရေးများမှ နေရာအပြည့် အသင့်အနေထားဖြင့် နေရာယူထားလျှက်ရှိသည်ဟုသိရှိရပါသည်။
လုံခြုံရေးမှ လူထုကို ပစ်ခတ်မှုကို လုံးဝ လက်မခံနိုင်ကြောင်းကို အော်ဟတ် လျှက်ရှိသည်ဟု RSV သတင်းထောက်မှ သတင်းပေးပို့လာပါသည်။
၁၁း၀၀ နာရီ ရမ်းဗြဲမြို့ ကျောက်နီမော် သတင်း -------------------------------အခြေအနေမှာ ဆက်လက် တင်းမာလျှက်ရှိသည်ဟု သိရှိရပါသည်။ ရခိုင်တိုင်း ရင်းသား လူပေါင်း (၁) သောင်းကျော်လောက်သည် လယ်ကွင်းပြင် နေပူပြင်ထဲတွင် ဆန္ဒထုတ်ဖော်လျှက်ရှိပြီး လုံခြုံရေး ရဲများနှင့် စစ်တပ်မှ ကျောက်နီမော် ဘင်္ဂလီရွာ ဖက်တွင် အခိုင်အမာ တပ်စွဲထားသည်ဟု သိရှိရပါသည်။
ယခုအခါ လုံခြုံရေးအတွက် တောင်ကုတ် ခလရ - 346 မှ လာရောက် တပ်စွဲလျှက်ရှိပြီး ဆန္ဒပြလူထုကိုလည်း စည်း (၆)ခုဖြင့် သတ်မှတ်လျှက် ထိုစည်းများကို ကျော်မလာရန် ဟန့်တားထားသည်ဟု သိရှိရပါသည်။
ဆန္ဒပြလူထုမှ ခေါင်းဆောင် တစ်ဦးမှ သူတို့ ဆန္ဒပြမှုကို သူတို့ တောင်းဆိုချက် မရမချင်း လုံးဝ ရပ်တန့်လိမ်မည် မဟုတ်ကြောင်းကို စုံစမ်းသိရှိရပါသည်။
Rakhine Straight Views

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ